Category: News
-

ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားတဲ့ စစ်ခွေး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာ မိုးလေဝသ ရေဒါစခန်းမှာ နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က (အမယ် အတိအကျနော် 😅) ဖင်ယားပြီး ဒပုံရိုက်နေစဉ် ကင်မရာကြီး “ဂျိန်း” ဆို ကွဲသွားပြီး မသာပေါ်သွားခဲ့တဲ့ DSA-53 က စစ်ခွေး အစိကောင် ဗက ကိုကိုဇော်၊ ကြည်း ၅၈၅၄၇ (ခမရ ၅၄၂) တဲ့။ ခွေးတပ်ရဲ့ လော်ဘီငဖားတွေက ဒီဖြစ်စဉ် မရှိခဲ့ဘူးလို့ ဘယ်လောက်ပဲ ဖင်ပိတ် ငြင်းခဲ့ပါစေ နောက်ဆုံးတော့ စစ်ခွေးမယား ဖရဲသီး မုဆိုးမတွေက လင်စစ်ခွေးရဲ့ပုံနဲ့တကွ ဖော်ကောင် လုပ်ပေးတော့ ဖုံးသမျှ အကုန်ပေါ်ပါလေရော။ အဲ့ဒီနေ့က ကျောက်ဖြူမှာ ခွေးသားလုံးကြော်နဲ့…
-

လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ
လှိုင်သာယာတွင် စက်ရုံဝန်ထမ်းများ ကြို/ပို့ ဖယ်ရီကား တိမ်းမှောက်၍ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် ယနေ့(ဒီဇင်ဘာ ၁၈) နံနက် ၇နာရီခန့်က ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။ “အိုပယ်(၁)စက်ရုံသို့ စက်ရုံဝန်ထမ်းကြိုပြီး သွားအပို့မှာ တိမ်းမှောက်တာပါ။ အမှတ် (၆) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်အောင်ကျော်မီးပွိုင့်အရောက် ဘရိတ်ပေါက်၍ ဘေးသိုရပ်စဉ် တိမ်းမှောက်တာပါ။ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီး ၁၅ ဦးခန့် ဒဏ်ရာရရှိတယ်။ ဒဏ်ရာရရှိသည့် အမျိုးသမီးများကို လူမှုကူညီရေးအသင်းများက လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြတယ်”ဟု ဒေသခံများက ပြောပါတယ်။ စက်ရုံ ကြို/ပို့ ဖယ်ရီကား မောင်းနှင်သူကို အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါတယ်။ မောင်ညီမိုး(ကြည့်မြင်တိုင်)
-

နတ်ရေကန်တွင် စစ်ကောင်စီ အင်အားဖြည့်ပြီး ဘန်ကာအသစ်များ ဆောက်လုပ်နေ
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူ အင်အားများဖြည့်တင်းကာ ဘန်ကာအသစ်များလည်း ဆောက်လုပ်နေကြောင်း သိရသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီ၏ ခံစစ်စခန်းဖြစ်သည့် နတ်ရေကန် ကမ္ဘာလုံးစခန်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ယခုအခါ ဘန်ကာအသစ်များ ထပ်မံ ဆောက်လုပ်လာနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ နတ်ရေကန်တိုက်ပွဲက ပြင်းထန်နေကြတယ်။ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်ဖက်ကလည်း လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာရှိတယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ ကမ္ဘာလုံးစခန်းလည်း လက်နက်ကြီးကြောင့် ပြိုပျက်သွားတာကြောင့် ဘန်ကာ အသစ်တွေ ဆောက်လုပ်နေကြတာ။ စစ်ကောင်စီဟာ ရတဲ့အရင်းအမြစ်တွေ စုရုံးပြီးတော့ အသေခံခုခံနေကြတာ ” ဟု ပြောသည်။ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်…
-

NUG အထူးတိုင်းစစ်ဌာန ဗျူဟာမှူး စောဒါးကိုအပါအဝင် ၄၀ ခန့်ကို KNU တပ်မဟာ ၄ က ဖမ်းဆီးထား
NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် PDF ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၂ က ဖမ်းဆီးမှု နှစ်ဖက်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်နေ အမျိုးသားညီညွတ်ရေး-NUG လက်အောက်ခံ အထူးတိုင်းစစ်ဌာန အမှတ် ၃၃ နည်းဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်တို့ကို KNU တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၁၂ က ဖမ်းဆီးလိုက်မှုနှင့်ပတ်သက်၍ နှစ်ဖက်ညှိနှိုင်း ဖြေရှင်း…
-

လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍
မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရ မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ဆုကြေးငွေနှင့် တကွ ဖမ်းဝရမ်း ထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ကို မန္တလေးမြို့၌ စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် အုပ်စုက အဓမ္မ ဖမ်းဆီးထားသော ကိုထက်မြတ်အောင်သည်…