Category: News
-

ကျားဖြန့်သက်သေဖျောက်ဖျက်နေကြောင်း ပြောဆိုခံရမှု မီဒီယာများကို “အတွေးအခေါ် မရှိ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း တုံ့ပြန်
ကျားဖြန့်သက်သေများ ဖျောက်ဖျက်နေကြောင်း ပြောဆိုခံရမှုအပေါ် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့(မီဒီယာ)ဟာ သာမာန်ပြည်သူတွေ တွေးသလောက် အတွေးအခေါ်တောင်မှ မရှိတဲ့ အဖွဲ့အစည်းလို့ပဲ မှတ်ချက်ပြုချင်တယ်” ဟု တုံ့ပြန်သည်။ ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်တွင် ပြုလုပ်သည့် ကျားဖြန့်ကိစ္စသတင်းစာရှင်းလင်းပွဲတွင် သတင်းဌာနတခု၏ မေးမြန်းမှုကိုအထက်ပါအတိုင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ မီဒီယာများကို “ပြည်ဖျက်မီဒီယာ”များဟု မေးခွန်းမေးမြန်းသည့် Myanmar Hard Talkမှ သတင်းအယ်ဒီတာဆိုသူနှင့် ဗိုလ်ချုပ်ဇော်မင်းထွန်းတို့က သုံးနှုန်းခဲ့သည်။ “ဒါတွေက သာမာန်နိုင်ငံသူ ၊ နိုင်ငံသားတယောက် တွေးခေါ်တာနဲ့တင် သိနိုင်ပါတယ်။ ဥပမာ လူမသိအောင်လုပ်လိုက်တဲ့ တဦးချင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေတောင်မှ ဥပမာလူသတ်မှု လိုဟာမျိုး။ တဦးချင်းကျူးလွန်ခဲ့တဲ့ပြစ်မှု၊ မျက်မြင်သက်သေမရှိတာမျိုးတောင် အချိန်တန် သက်သေခံပစ္စည်းဆိုတာ ပေါ်တာပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ “ခုနက ပြောသလို ဒီပြည်ဖျက်မီဒီယာတွေနဲ့ စွပ်စွဲပြောဆိုတာကို…
-

မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်
မင်းကွန်းမှလာသည့် စစ်တပ်စစ်ကြောင်း ဖွဲ့စည်းပုံပျက်သည်အထိ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါ အများအပြားသေ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို အဲ့ဒီနေ့ ညနေပိုင်း အုန်းသဇင်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အကြမ်းဖက်စစ်ကြောင်းဟာ ချောင်းမကြီးကျေးရွာ မြောက်ဘက်တနေရာက တော်လှန်ရေးတပ်တွေရဲ့ သတ်ကွင်းထဲရောက်လာချိန်မှာ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့လည်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ People Servant Force တပ်ဖွဲ့ကပြောပါတယ်။ အဆိုပါ စစ်တပ်စစ်ကြောင်းကို…
-

ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလား မေးလို့ စိတ်ဆိုးသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း
ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလား မေးလို့ စိတ်ဆိုးသွားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း “ပေမမီ၊ ဒေါက်မမီ၊ ကျပ်မပြည့်အဖွဲ့တွေလို့ ထင်နေသလား” လို့ တန်ပြန်မေးခွန်းထုတ် ရွေးကောက်ပွဲကို နိုင်ငံတကာက မကျေနပ်လည်း အရေးမစိုက်ဘူးလို့ ပြော စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို အတင်းအကြပ်လုပ်နေသလားလို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတစ်ခုက မေးမြန်းခဲ့တဲ့အတွက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က တန်ပြန်မေးခွန်းထုတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ပန်း ကျားဖြန့်နဲ့ပတ်သက်ပြီး ဒီကနေ့မနက် စစ်ကော်မရှင်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနက “နိုင်ငံတကာလူ့အဖွဲ့အစည်းက ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိ အတင်းအကြပ်လုပ်နေတယ်လို့ ဝေဖန်နေတဲ့အပေါ် ဘာများပြောချင်ပါသလဲ” ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ မေးခွန်းအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “တော်တော်မြင့်တဲ့ စကားလုံးလို့ပဲပြောရမယ်။ ကျနော်ပြောချင်တာက နိုင်ငံတကာလူ့အဖွဲ့အစည်း စံနှုန်းဆိုတာ ဘာလဲ။ NHK သတင်းဌာနက သတ်မှတ်ထားတဲ့…
-

ဗိုက်ထဲက သန်ကောင်မှန်သမျှ အပြောင်ရှင်းထုတ်နိုင်တဲ့ “ဘိစပ်ရွက်အစွမ်း”
ဗိုက်ထဲက သန်ကောင်မှန်သမျှ အပြောင်ရှင်းထုတ်နိုင်တဲ့ “ဘိစပ်ရွက်အစွမ်း” အံမခန်း!’ ဒီလိုသာသိခဲ့ရင် အရင်ကတည်းက လုပ်ခဲ့တာပေါ့လို့ ပြောရလောက်အောင် အစွမ်းထက်တဲ့ “ဘိစပ်ပင်” ရဲ့ အစွမ်းကို မျှဝေပေးလိုက်ပါတယ်။ ဘိစပ်ပင်ဟာ ခန္ဓာကိုယ်ထဲက သန်ကောင်၊ ပိုးကောင် အမျိုးမျိုးကို အူလမ်းကြောင်းထဲကနေ လုံးဝဥဿုံ ဖယ်ရှားပစ်နိုင်ပါတယ်။ 🌟 ပြုလုပ်နည်း ဒီလောက်ကောင်းမှန်းသိရင် ခဏခဏလုပ်ဖြစ်နေလောက်ပြီ! 1. ဘိစပ်ပင် အရွက် ၇-၁၀ ရွက်ခန့် ကို ယူပါ။ 2. ရေ ၆၀၀ ml (မီလီလီတာ) နဲ့ ရောပြီး ၁၀ မိနစ်ခန့် ကြအောင် ပြုတ်ပါ။ 3. ရရှိလာတဲ့ အရည်ကို မနက်တစ်ခွက်၊ ညအိပ်ရာဝင်တစ်ခွက်နှုန်းနဲ့ ၃ ရက် ဆက်တိုက် သောက်သုံးပေးပါ။ သောက်သုံးပြီးနောက် သန်ကောင်၊…
-

ဘေးနိုင်ငံကကူမှ နိုင်မယ်ဆိုရင် အစတည်းက တော်လှန်ရေးမလုပ်ဘူး (ရုပ်/သံ)
နွေဦးတော်လှန်ရေးဟာ ဗမာလူမျိုးတခုတည်းရဲ့အကျိုးစီးပွားမဟုတ်ဘဲ တနိုင်ငံလုံးလူမျိုးပေါင်းစုံရဲ့အကျိုးစီးပွားဖြစ်တယ်လို့ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက ပြောပါတယ်။ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက် ပြည်မအင်အားစုတွေ အများအပြားပါဝင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ၅ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကာလတလျှောက်မှာ စစ်ကော်မရှင်ရဲ့ တိုင်းစစ်ဌာနချုပ်တွေ၊ မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ စစ်ရေးအရအောင်မြင်မှုတွေရရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီစစ်ရေးအရ အောင်မြင်မှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီတည်းက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲခဲ့ကြတဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုစစ်ရေးအရအောင်မြင်မှုတွေရှိနေချိန်မှာပဲ စစ်ကော်မရှင်တပ်ဟာ တရုတ်နိုင်ငံရဲ့အားပေးထောက်ခံမှုရယူခဲ့ပါတယ်။ စစ်ကော်မရှင်အနေနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့သိမ်းပိုက်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့သလို တရုတ်နိုင်ငံကတဆင့် ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ ညီနောင်သုံးဖွဲ့ဟာ တရုတ်ဖိအားကို အလူးအလဲခံစားခဲ့ရပြီး AA ကလွဲရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိနေတဲ့ အဖွဲ့တွေဟာ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့အချို့ကို ပြန်လက်လွှတ်ပေးခဲ့ရပါတယ်။…