Category: News
-

ကြူကြူမွှေးပီး၊ သူ့လော်ကို ကိုင်ထောင်းနေတဲ့ အမျိုးသား
ကြူကြူမွှေးပီး၊ သူ့လော်ကို ကိုင်ထောင်းနေတဲ့ ဒီအမျိုးသားကို၊ ရဲက လိုက်ရှာ နေတယ်။ ဖြစ်စဉ်ကတော့ ဒီဇင်ဘာ ၁၀ ရက် ပရာကျင်ပူလီ အဝတ်လျော် ဆိုင်မှာ ဖြစ်သွားခဲ့တာပါ။ ပုံထဲက အမျိုးသားဟာ အဝတ်လျှော်ဆိုင်ထဲဝင်လာပြီး သူများ လာလျှော်ထားတဲ့ တောင်းထဲက အဝတ်တွေကို ယူထုတ်လိုက်တယ်။ တောင်းထဲက ယောက်ျားလေး အဝတ်တွေကို ဖယ်ထုတ် လွှင့်ပစ်ထားလိုက်ပြီး မိန်းကလေး အတွင်းခံ အဝတ်တွေကို ရွေးယူလိုက်တယ်။ အတွင်းခံတွေကိုပဲရွေးပီး ကြူကြူအရင် မွှေးလိုက်တယ်။ ပီးတော့ ခြင်းထဲ ကောက်ထည့် ယူသွားပါတယ်။ ပီးတော့ ဆိုင်ရှေ့တန်း ပေါ်မှာ အဝတ် လာလျှော် သူပုံစံနဲ့ ဖုန်းပြော နေတယ်။ လက် ၁ ဖက်က ဖုန်းပြော နေပီး၊ ကျန်အား နေတဲ့၊ လက်…
-

ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော
ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို ရယူထားသော်လည်း လစာတစ်မျိုးတည်းသာ ယူဟု မင်းအောင်လှိုင် ပြော ယာယီသမ္မတ၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်၊ စကမဥက္ကဋ္ဌ ထိပ်ပိုင်း ရာထူး ၃ ခုကို တိုင်းပြည်အခြေအနေအရ ရယူထားသော် လည်း လစာတစ်မျိုးတည်းသာ ရယူသည်ဟု မင်းအောင်လှိုင်က တပ်တွင်း အစည်းအဝေးများတွင် ပြောဆိုကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းအနေဖြင့် အခြေအနေအရ တာဝန်များစွာ ရယူထားသော်လည်း နိုင်ငံတော်ထံမှ လစာ တစ်ခုတည်းသာ ရယူကြောင်း၊ လက်ရှိ နိုင်ငံတော်အတွက် တာဝန်များစွာ ဆက်လက် ယူဆောင်ရန် ဆန္ဒရှိနေဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်ဟု သိရှိရသည်။ “သူ ရာထူးရယူထားတာ ၃ ခုပေမယ့် လစာတစ်မျိုးတည်းကိုပဲ ယူတယ်။ လက်ရှိမှာလည်း…
-

ChatGPT ကြောင့် စိတ္တဇဝင်နေတဲ့ သားက မိခင်ကို သတ်မှုဖြစ်ပွား
ChatGPT ပါလာတဲ့ နောက်ထပ် ထိတ်လန့်ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတစ်ခုပါ။ ဒီအမှုက ဩဂုတ်လဆန်းပိုင်းတုန်းက ကွန်နက်တီကတ်ပြည်နယ် ဂရင်းနစ်ချ်မြို့မှာ ဖြစ်သွားတာပါ။ အသက် ၅၆ နှစ်အရွယ်သားက ChatGPT ရဲ့ သွေးထိုးမှုနဲ့ ၈၃ နှစ်အရွယ် မိခင်ကို ရန်သူအထင်ရောက်ပြီး လည်ပင်းညှစ်သတ်ခဲ့ပြီး သူ့ကိုယ်သူလည်း သတ်သေသွားတဲ့ နှစ်လောင်းပြိုင် အမှုပါ။ စတိန်း အဲရစ်ခ် ဆိုးဘာ့ဂ်ဆိုတဲ့ ဒီလူမှာ နဂိုကတည်းက paranoid delusion လို့ ခေါ်တဲ့ ထိတ်လန့်ပြီး စိတ်ကယောင်ကတမ်းဖြစ်တဲ့ ဝေဒနာရှိပါတယ်။ အရင်က သူဟာ Yahoo မှာ အလုပ်လုပ်ဖူးတဲ့ ဝန်ထမ်းဟောင်းလို့လည်း ဆိုပါတယ်။ မသေခင် သူ့အမေနဲ့ ဒေါ်လာ ၂.၇ သန်းတန် အိမ်ကြီးမှာ အတူနေသွားပါတယ်။ စိတ္တဇဖြစ်နေတဲ့သူဟာ ChatGPT နဲ့ စကားပြောမိတဲ့နောက်…
-

ကူပီယန့်ခ်စ်မြို့ကို သိမ်းပိုက်နိုင်ပြီဟု ရုရှားထုတ်ပြန်သော်လည်း ဇီလန်းစကီးကိုယ်တိုင်သွားပြီး ဗီဒီယိုရိုက်ပြ
ဒီဇင်ဘာ ၁၁ ရက်က ရုရှားသမ္မတ ပူတင်သည် ယူကရိန်းအနောက်ဘက် စစ်မျက်နှာပြင်သို့ သွားရောက် ကာ ရုရှားကာကွယ်ရေးဦးစီးချုပ် ဂီရာဆီမော့ဗ်နှင့်တွေ့ဆုံစဉ် ခါကိဗ်ဒေသမှ ကူပီယန့်ခ်စ်မြို့ကို အလုံးစုံ သိမ်းပိုက်ပြီးဖြစ်သလို ဗော့ဗ်ချန့်ခ်မြို့ကိုလည်း ၈၀ ရာခိုင်နှုန်း သိမ်းပိုက်ပြီးပြီဟု အစီရင်ခံပြီးနောက် ဂုဏ်ယူစွာဖြင့် ကူပီယန့်ခ်စ်မြို့အား သိမ်းပိုက်ပြီးစီးဟု ကြေညာအပြီး နာရီပိုင်းအကြာမှာပင် ထိုမြို့သို့ ယူကရိန်းသမ္မတ ဇီလန်းစကီးကိုယ်တိုင်သွားရောက်ပြီး ဗီဒီယိုမှတစ်ဆင့် မြို့မကျဆုံးသေးကြောင်း သက်သေအဖြစ် မိန့်ခွန်းပင်ပြောသွားခဲ့သည်။ ယင်းဗီဒီယိုကို ကူပီယန့်ခ်စ်မြို့အဝင် ဆိုင်းဘုတ်ရှေ့မှာပင် သက်သေတည်ရိုက်ကူးကာ “ဒီနေ့ ဦးတည်ရာက ကူပီယန့်ခ်စ်ပါ။ ကျွန်တော်တို့ စစ်သည်တွေဟာ ယူကရိန်းအတွက် အကောင်းဆုံး ရလဒ်ကို ယူဆောင်ပေးနေနိုင်ကြတယ်။ အားလုံးကို ကျေးဇူးတင်တယ်။ ဒီမှာ တိုက်ပွဲဝင်နေသူတွေကို ရော ကျူးကျော်သူတွေကို ဖျက်ဆီးပေးနေသောသူအကုန်လုံးကို ကျေးဇူးပါ” ဟု ဇီလန်းစကီးက…
-

မြန်မာပြည်က သရုပ်ဆောင်အကောင်းဆုံးစုံတွဲ
လွန်ခဲ့တဲ့ ၁ နှစ်ခွဲ ကျော်ကျော်လောက်က ဖြစ်မယ်။ အဲဒီအချိန်တုန်းက ကျတော်က အလုပ်ထဲမှာ သုံးဖို့အတွက် တက်စီလေး ၁ စီး စီစဥ်ထားတဲ့အချိန်ပေါ့။ ကျတော်လည်း အဲဒီတက်စီလေးကို ကိုယ်တိုင်မောင်းပြီး မြောက်ဒဂုံဘက်ကနေ တောင်ဒဂုံဘက်က ချုပ်ရုံတွေဆီကို ကိစ္စ တစ်ခု နဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း သွားနေတုန်း တံတားထိပ်ဆိုတဲ့ ဘတ်စ်ကားမှတ်တိုင်အကျော်လေး အရောက် လမ်းမှာ တံတားလေးတစ်ခု ရှိတယ်ဗျ။ အဲဒီ တံတားလေး အကျော်မှာ မြို့ဦးဘုရားရှိတယ်။ ဇာတ်လမ်းက အဲ့မှာ စတာ၊ ကျတော်က တံတားလေးကျော်ကျော်လေး မြို့ဦးဘုရားနဲ့တော့ နည်းနည်းလေးလှမ်းသေးတဲ့ ကားလမ်းဘေး တနေရာမှာ အခု ဓါတ်ပုံထဲ ပါတဲ့ အဖိုးရယ် အဖွားရယ် ကို တွေ့တယ်ပေါ့ဗျာ။ ကျတော်လည်း သူတို့ကြည့်ရတာ အခြေနေ မဟန်တာနဲ့ ကား…