Category: News

  • ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာကို စောင်နီလေး ရန်အောင်နဲ့ ကြူကြူလှအချစ်တော် ခန့်စည်သူ ၀င်ရောက်အရွေးခံမည်

    ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနေရာအတွက် ရန်အောင်နဲ့ ကြူကြူလှ အချစ်တော် ခန့်စည်သူတို့ ၀င်ရောက်အရွေးခံမယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က ‌ဒီဇင်ဘာလ ၉ ရက်မှာ ပြောပါတယ်။ ၂၀၂၁ခုနှစ် အာဏာစသိမ်းခါစက ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတက်လုပ်ခဲ့တဲ့ ခန့်စည်သူဟာ ပြည်သူလူထုကန့်ကွက်ခဲ့တာကြောင့် ၇ ရက်နဲ့ ဆင်းပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ “ဒီတစ်ခေါက် ကြူကြူလှ ဝိတ်နဲ့ အကယ်ဒမီများရှင် ပြန်ဝန် အကယ်ဒမီမောင်မောင်အုန်းတို့က ကဝန်းရံတဲ့အတွက် ခန့်စည်သူက ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ဖို့လုပ်နေတယ်”လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ ဥက္ကဋ္ဌ နေရာအတွက် ရန်အောင်နဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာဖြစ်တယ်လို့ ဆိုပါတယ်။ “ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေတာ။ ဥက္ကဋ္ဌနေရာအတွက်။ ဘောမအကြီးစား ရန်အောင် နဲ့ ကြူကြူလှရဲ့ သက်ရှိစည်းရိုးလေး ခန့်စည်သူတို့ ဝင်ရောက်အရွေးခံမှာ”လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ဖေဖော်ဝါရီလမှာ အကယ်ဒမီ…

  • ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်

    ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်

    ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့် ဒေါက်တာတေဇာဆန်းကို ဖမ်းဆီးရရှိလျှင် ငွေကျပ် သိန်း ၃၀၀ နှင့် တစ်ဆင့်တိုးရာထူး တိုးပေးမည်ဟု စစ်ကော်မရှင်က လက်အောက်ငယ်သားများကို မက်လုံးပေး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ပြုလုပ်မည့် ပြည်လုံးကျွတ် အသံတိတ်သပိတ်တွင် ပြည်သူများပါဝင်ရေး ဦးဆောင် လှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ ၁၀ ဦးကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း စစ်တပ်က…

  • “တော်လှန်သပိတ်က ဟာသပဲ”ဆိုတဲ့ ဥက္ကာမင်းမောင် (ရုပ်သံ)

    “တော်လှန်သပိတ်က ဟာသပဲ”ဆိုတဲ့ ဥက္ကာမင်းမောင် (ရုပ်သံ)

    အသံတိတ် Strike တဲ့..​တော်လှန် ဆယ်လီ ဒါရိုက်တာတစ်ဦးတင်ထားတာ.. ဟာသ​နော်..အခုအချိန်မှာ ဒါ​တွေကို ဟာသလို့ပဲမြင်​တော့တယ်.. အသံ ​လေး ၃ နာရီတိတ်​နေ​တော့ ​တော်လှန်​ရေး ​အောင်မှာကျ​နေတာပဲ.. စစ်​ဘေး​ကြောင့်ထွက်​ပြေး ဒုက္ခ​ရောက်ငတ်ပြတ်​နေရသူ​တွေက အိမ်​တွေ စီးပွား​​ရေး​တွေ ချက်ချင်းလက်ငင်း အ​ကောင်းအတိုင်းပြန်ဖြစ်မှာကျ​နေတာပဲ.. စားစရာမရှိ ငတ်​နေတဲ့ ဗိုက်​တွေ​တောင် ၃ နာရီ အသံတိတ် ရင် ဗိုက်ပြည့်သွားတာမဟုတ်ဘူး.. ဘယ့်နှယ်🤣 ဘယ်နိုင်ငံမဆို လျှပ်စစ်မီး ၁ နာရီ ပျက်ရင် ​ ငွေ​ကြေးများစွာ ထိခိုက်ဆုံးရှုံးတဲ့ စီးပွား​ရေး​တွေရှိတယ်.. Email တစ်​စောင် ပြန်ပိူ့တာ ၃ နာရီ ​နောက်ကျတာနဲ့ ဖုန်း 1 call ကို မကိုင်တာ ၃ နာရီ ​နောက်ကျတာနဲ့ ​ငွေ​ကြေးဆုံးရှုံးတာ​တွေ၊ လူတ​ယောက်ရဲ့ ဘဝ…

  • ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု

    ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု

    ခွေးရူးပြန် ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် သေဆုံးမှု ပခုက္ကူက သပြေညို ယာယီချိတ်ပိတ် စစ်ဆေးခံနေရ ပခုက္ကူမြို့နယ်ရှိ ” သပြေညို ဆေးရုံ ” က ခွေးရူးပြန် ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။ ဒီကိစ္စကြောင့်” သပြေညို ဆေးရုံ ” ကိုတော့ ဒီဇင်ဘာ ၈ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာရောက်ပြီး ယာယီချိတ်ပိတ်ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ကလေးဆုံးတော့ ဆေးရုံက မိဘတွေကို သိန်း ၁၀၀ နဲ့ညှိတယ်သိရတယ် ။ သက်ဆိုင်ရာကို မတိုင်ဖို့ပေါ့ ။ ကလေးမိဘတွေက လက်မခံဘူး ။ တဦးတည်းသော…

  • ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်

    ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်

    မကွေးနဲ့ မင်းဘူးမြို့အဝင်အထွက်တွေမှာ စစ်မှုထမ်းပေါ်တာဆွဲနေပြီး ၃၅ နှစ်အထက်တွေပါ စစ်မှုထမ်းရတော့မယ်လို့ဆို မကွေးတိုင်း၊ မကွေးမြိုနဲ့မင်းဘူးမြို့နယ်တွေမှာ ခုရက်ထဲ စစ်ရှောင်တွေနဲ့စျေးဝယ်သူတွေကို လမ်းဆုံတွေနဲ့ မြို့အ၀င်တွေမှာ ပုံစံမျိုးစုံနဲ့စစ်ဆေးပြီး အမျိုးသားအများစုကို စစ်မှုထမ်းအဖြစ်ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းလောက်က မကွေးမြို့ မင်းဘူး-မကွေးလမ်းဆုံအနီးမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တချို့က အရပ်၀တ်တွေနဲ့ ဆိုင်ကယ်၊ ကားတွေကိုတားဆီးစစ်ဆေးပြီး ရွာဘက်ကလို့ယူဆရသူတွေကို အဓိကစစ်မှုထမ်းဖို့ဖမ်းဆီးတယ်လို့ သိရပါတယ်။ “ရွှေစက်တော်ဘက်ကလာတဲ့သူတွေ အဖမ်းခံရတာများတယ်၊ မင်းဘူး-မကွေးလမ်းဆုံနဲ့ မင်းဘူမြို့အဝင် ဆိုင်းဘုတ်အကျော်တွေမှာ ခုရက်အဖမ်းခံရတာများတယ်၊ ဒီဇင်ဘာလ ၁ ရက်နေ့လောက်ကစဖမ်းတာပါ၊ တစ်ရက်ကို မကွေးမြို့ပေါ်တင်ဆွဲတာ လူ ၃၀ လောက်ရှိတယ်” လို့ ရဲနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်မှုထမ်းဖမ်းဆီးတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိမဟုတ်တော့ဘဲ ၃၅ နှစ်အထက်တွေကို…