Category: News

  • ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    ဖို့ဒ်ကား အရှိန်မထိန်းနိုင်ဘဲ ဝင်အောင်း မြောက်တက်ပြီးပြန်အကျ နောက်တစီးက ထပ်ကြိတ်..

    သူတို့ ၃ ဦးရဲ့ ဆိုင်ကယ်ကို အရှိန်မထိန်တဲ့ Ford ကားက ဝင်တိုက်ချိန် မြောက်သွားပြီး ပြန်အကျ

    ကားကထပ်ကြိတ်လို့ ပွဲချင်းပြီးခဲ့ကြရတဲ့

    တာချီလိတ်လူမှုကူညီရေးအသင်းသားလေးနဲ့ သူငယ်ချင်း ၂ဦး

    တာချီလိတ်မြို့လူမှုကူညီရေးအသင်းသား တစ်ဦးဖြစ်တဲ့

    မောင်ပြည့်ဖြိုးဝေဟာ အသင်းသားတွေနဲ့အတူ

    တာချီလိတ်မြို့က သာရေး နာရေးမှန်သမျှ ကူညီပေးနေကျလူငယ်လေး တစ်ဦးပါ။

    အခုကတော့ သူ့ရဲ့ နာရေးအတွက် အသင်းသားတွေက ဝိုင်းဝန်း ပို့ဆောင်ပေးကြရတော့မှာပဲဖြစ်ပါတယ်။

    မောင်ပြည့်ဖြိုးဝေ ၂၃ နှစ်ဟာ သူငယ်ချင်းတွေဖြစ်တဲ့ မောင်အောင်မိုးထွန်း ၂၂ နှစ် မောင်သက်နိုင်ထွန်း ၁၉ နှစ်တို့နဲ့အတူ

    ယမန်နေ့ည (မတ်လ ၁၈ ရက်) ည ၁၁ နာရီ ဝန်းကျင်က ၃ ဦး ဆိုင်ကယ်တစ်စီးထဲ အတူစီးလာရင်း

    အရှိန်အရမ်းပြင်းတဲ့ Ford ကားတစ်စီးက ဝင်တို-က်ခဲ့လို့ နေရာမှာပဲ ၃ ဦးလုံး ဆုံးပါးခဲ့ကြတာပါ။

    သူတို့ဆိုင်ကယ်ကို တိုက်လိုက်တဲ့အချိန် သူတို့တွေ မြောက်သွားကြတယ်လို့

    ဘေးနားက စျေးဆိုင်ပိုင်ရှင်တချို့က ဆိုထားပြီး

    ပြန်အကျမှာ ကားကကြိတ်လိုက်သေးတယ်။

    ၃ယောက်လုံး နေရာမှာပဲ d.b ဖြစ်တာ စိတ်မကောင်းစရာလို့ ပြောထားတာတွေ့ရပါတယ်။

    မောင်ပြည့်ဖြိုးဝေက လူမှုကူညီရေး အသင်းသား ဖြစ်ပြီး

    ကျန်နှစ်ဦးထဲက တစ်ဦးက ဆံပင်အလှပြင်ဆိုင်ကလို့ သိရပါတယ်။

    သူတို့ ၃ဦးရဲ့ နာရေးကို လာမယ့် မတ်လ ၂၁ ရက် မှာ ပြုလုပ်ပေးသွားမယ်လို့ ဆိုထားပါတယ်။

  • မြောင်းမြပေါ်တော်မူဖြစ်စဉ် Update

    မြောင်းမြပေါ်တော်မူဖြစ်စဉ် Update

    ရေစင်တော်ကို ခပ်ယူသူများ၍ ရေမရှိတော့ဘဲ ရွှံ့များကိုပါ ခွာယူကိုးကွယ်နေကြ

    ● ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းထိပ်ကျေးရွာရှိ ပေါ်တော်မူဘုရားကွင်းတွင် ယခုအခါ ဘုရားဖူးများ လာရောက်မှု အလွန်များပြားနေပြီး ရောဂါကင်းဝေးသည်ဆိုသော ယုံကြည်ချက်ဖြင့် ရေစင်ခပ်ယူသူ များပြားလွန်းသဖြင့် ရေမရှိတော့သည့်အထိ ဖြစ်ပေါ်နေပါတယ်။

    အချို့သော ဘုရားဖူးများသည် ရေမရှိတော့သည့်အတွက် ဘုရားပေါ်သည့်နေရာမှ ရွှံ့ခဲများကိုပါ အနာရောဂါပျောက်ကင်းရန်ဟုဆိုကာ ခွာယူကိုးကွယ်သည့်အဆင့်အထိ ဖြစ်လာနေတာပါ။

    ● လက်ရှိတွင် သက်ဆိုင်ရာက “သောက်သုံးရန်မဟုတ်” ဟု စာကပ်တားမြစ်ထားသော်လည်း လာရောက်သူများမှာ ဂရုမစိုက်ဘဲ ဆက်လက်ခပ်ယူနေကြသဖြင့် ဘုရားပေါ်သည့်နေရာကို အုတ်တံတိုင်းများဖြင့် ကာရံထားရပါတယ်။

    အဆိုပါနေရာတွင် နေ့စဉ်စည်ကားနေပြီး အလှူငွေကောက်ခံခြင်း၊ ဘုရားပုံတော်များ ရောင်းချခြင်းတို့ကို လူတစ်စုက ဦးဆောင်လုပ်ကိုင်နေကြောင်း ကိုယ်တွေ့သွားရောက်သူများ၏ ပြောပြချက်အရ သိရပါတယ်။

    ● ထူးခြားချက်အနေဖြင့် ဒေသခံအမျိုးသမီးတစ်ဦးအား နဂါးပူးကပ်သည်ဟုဆိုကာ “ဘုရားတည်ရမည်၊ ခြေလေးချောင်းသား မစားရ” စသည့် သတင်းစကားများကြောင့် ယုံကြည်သူများ ပိုမိုများပြားလာပါတယ်။

    ဒေသခံများကမူ ၎င်းတို့၏ ဘုန်းကံကြောင့် ဘုရားပွင့်လာခြင်းဖြစ်သည်ဟု ယုံကြည်နေကြပြီး ဝေဖန်ထောက်ပြသူများကို မနာလို၍ ပုတ်ခတ်ခြင်းဟု ယူဆနေကြသဖြင့် ယုံကြည်မှုနှင့် လက်တွေ့ဆင်ခြင်တုံတရားကြား အချေအတင် ဖြစ်ပေါ်နေပါတယ်။

    ● မြို့နယ်သံဃနာယကအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ကြည့်ရှုမှုများ ရှိသော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ ကန့်ကွက်တားမြစ်ခြင်း မရှိသေးကြောင်း သိရပါတယ်။

    သို့သော်လည်း ကောက်ခံရရှိသည့် အလှူငွေများအား မည်သို့စီမံခန့်ခွဲမည်၊ ဘုရားတည်မည့် အစီအစဉ်နှင့် အလှူခံခြင်းကို မည်သည့်အချိန်တွင် ရပ်ဆိုင်းမည်ဆိုသည်မှာ ယခုထက်ထိ တိကျသေချာသော ထုတ်ပြန်ချက်မျိုး မရှိသေးပါ။

    အမှန်က မြို့နယ်သံဃနာယကအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်မရှိဘဲ အလှူခံခွင့် မရှိပါဘူး။

    ဘုရားတည်ဖို့အတွက် သက်ဆိုင်ရာ သံဃနာယကအဖွဲ့နဲ့ သာသနာရေးဦးစီးဌာနတို့ရဲ့ တရားဝင် ခွင့်ပြုချက် မဖြစ်မနေ လိုအပ်ပါတယ်။

    ● အနှစ်ချုပ်ရရင်တော့ မြောင်းမြပေါ်တော်မူဖြစ်စဉ်မှာ ဘာသာရေးယုံကြည်မှုထက် ကျော်လွန်ကာ ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေပါတယ်။

    နားလည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ရွှံ့ခဲများအထိ ခွာယူကိုးကွယ်နေကြခြင်းနှင့် နဂါးပူးသည်ဆိုသော ဖြစ်စဉ်များအပေါ် ဘယ်မြင်ကြပါလဲ။

    ဒါက တကယ်ပဲ အနာရောဂါ ပျောက်ကင်းနိုင်မယ် ထင်ပါသလား။

    ရိုးသားကြိုးစား ဧရာဝတီသားများအားလုံး ဆင်ခြင်တုံတရားဖြင့် ဘေးကင်းကြပါစေ။

  • စက်သုံးဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်

    စက်သုံးဆီ ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်

    စက်သုံးဆီပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး ပြင်ပပေါက်ဈေး တစ်လီတာ ၉,၀၀၀ ကျပ်အထိ မြင့်တက်၊ ကဏ္ဍစုံတွင် အကျပ်အတည်းဆိုက်နေ

    အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်သုံးဆီ အကျပ်အတည်းနှင့်အတူ မြန်မာနိုင်ငံရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီပြတ်လပ်မှုများ စတင်ဖြစ်ပေါ်နေပြီး ပြင်ပပေါက်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉,၀၀၀ ခန့်အထိ ရှိလာကြောင်း သိရသည်။

    စက်သုံးဆီဆိုင်အချို့ကို လွန်ခဲ့သည့် နှစ်ရက်ခန့်မှစတင်ကာ ပိတ်ထားရကာ အချို့ဆိုင်များတွင် ဓာတ်ဆီသာရရှိပြီး ဒီဇယ်ပြတ်လပ်နေသဖြင့် ပြင်ပမှ ခိုးယူရောင်းချသည့် ပေါက်ဈေးမှာ တစ်လီတာ လျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း တက္ကစီမောင်းသူများ ထံမှသည်။

    စစ်ကော်မရှင်သည် စက်သုံးဆီ ချွေတာရေးအတွက် QR Code စနစ်ဖြင့် ကားများ အပြင် လိုင်စင်ရှိ ဆိုင်ကယ်၊ သုံးဘီများကိုတစ်ရက်လျှင် တစ်ကြိမ် ဆီဖြည့်ခွင့်ပြုထားသော်လည်း လုံလောက်မှုမရှိ ကြောင်း သိရသည်။

    “ကျွန်တော်တို့ တက္ကစီတွေက လှိုင်သာယာနဲ့ မအူပင်၊ တွံတေး၊ ကွမ်းခြံကုန်း အသွားအပြန်ဆွဲနေတာ။ ဆီက လေးသောင်းဖိုးပဲ ရတော့ မလောက်ဘူး။ ဆီဂိတ်တံကိုပဲ ကြည့်မောင်းနေရတယ်။ အပြင်က ဝယ်ထည့်ရင်လည်း ဈေးကြီးရုံတင်မကဘူး ဝယ်လို့တောင် မရဘူး။ အဲဒီတော့ ကားခတွေက အရင်ထက် ကျပ် ၁,၅၀၀ နဲ့ ၂,၀၀၀ လောက် ဈေးတက်ရတော့မယ်” ဟု ရန်ကုန်မြို့ခံ တက္ကစီမောင်းသူတစ်ဦးက ပြောသည်။

    အလားတူ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ဆိုင်ကယ်ကယ်ရီများမှာလည်း ပြင်ပမှ ဆီဝယ်သုံး နေရသဖြင့် အနီးနား ငှားရမ်းခများမှာ ကျပ် ၁,၀၀၀ မှ ၁,၅၀၀ အထိ မြင့်တက်လာသည်။

    “ဆိုင်ကယ် အစီး ၁၀၀ မှာ ၁၀ စီးလောက်ပဲ လိုင်စင်ရှိတာ။ ကျန်တာ အကုန် တရားမဝင်အောင် လုပ်ထားတာ။ ဆီဆိုင်က ညနေ ၅ နာရီမှ ဖွင့်မှာကို ညနေ ၄ နာရီကတည်းက သွားစီရတယ်။ အိမ်ယာ၊ ခြင်ထောင်နဲ့ လာစောင့်နေတဲ့သူတွေတောင် ရှိတယ်။ အနည်းဆုံး တစ်နာရီကျော် စောင့်ရတယ်” ဟု ဘေးတွဲကယ်ရီမောင်းသူတစ်ဦးက ပြောသည်။

    အခြေခံ ကယ်ရီသမားများ ဆီဝယ်ယူရန် ခက်ခဲနေချိန်တွင် အချို့သော မော်တော်ယာဉ်ပိုင်ရှင်များက မိမိတို့ရရှိသည့် ဆီကို ပြန်ထုတ်ကာ တစ်လီတာ ၉,၀၀၀ ကျပ်အထိ ဈေးတင်ရောင်းစားမှုများလည်း ရှိနေသည်။

    ယခုကဲ့သို့ စက်သုံးဆီ အကျပ်အတည်းကြောင့် ကားခဈေးတက်ခြင်း၊ ရေသန့်လုပ်ငန်းများ ဈေးတက် ခြင်းနှင့် အိမ်အရောက်ဝန်ဆောင်မှု (Delivery) လုပ်ငန်းအချို့ ရပ်နားရခြင်းတို့အပါအဝင် ကဏ္ဍပေါင်းစုံတွင် အခက် အခဲများ ကြုံတွေ့နေရပြီဖြစ်သည်။

  • PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား

    PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား

    “PDF တံဆိပ် အတုတွေနဲ့ ပေါ်ပေါ်ထင်ထင် အိုးနင်းခွက်နင်း ဝါဒဖြန်နေ့ရတဲ့ စစ်တပ် အလိမ်အညာဖြန့်ချိရေး ယန္တရား”

    စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးယန္တရားဟာ ဒီဘက်ခေတ်မှာတော့ ဟာသတစ်ခုလို ဖြစ်လာခဲ့ပါပြီ။

    အထူးသဖြင့် PDF တွေ “အလင်းဝင်” တယ်ဆိုတဲ့ လုပ်ဇာတ်ကို ကပြရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ တပ်ဖွဲ့တံဆိပ် (Badge) တွေကိုတောင် တူအောင် မတုပနိုင်ဘဲ အရောင်လွဲ၊ စာလုံးလွဲတွေနဲ့ ထုတ်ပြနေတာဟာ သူတို့ရဲ့ ညံ့ဖျင်းမှုကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။

    တောထဲတောင်ထဲမှာ တကယ်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေရဲ့ ဝတ်စုံတွေဟာ ရာသီဥတုနဲ့ ပတ် ဝန်းကျင်ဒဏ်ကြောင့် အရောင်လွင့်တာ၊ နွမ်းဖတ်တာတွေ ရှိစမြဲပါ။

    သူတို့ဖော်ပြလာတဲ့ပုံထဲက ခုမှဝယ်လာသလို အသစ်စက်စက် ဝတ်စုံတွေဟာ ဝါဒဖြန့်ဖို့အတွက် စီစဉ်ထားတဲ့ အထောက်အထားပဲ ဖြစ်ပါတယ်။

    ဒီလောက် ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံထားတဲ့ ဝါဒဖြန့်ယန္တရားက အခြေခံ တံဆိပ်လေးတောင် တူအောင် မလုပ်နိုင်တာဟာ သူတို့အောက်ခြေက လူတွေက သခင့်အပေါ် သစ္စာမရှိတာလား၊ ဒါမှမဟုတ် တကယ်ပဲ ဉာဏ်ရည်နိမ့်ပါးနေတာလား” ဘာပဲဖြစ်ဖြစ် တံဆိပ်အတုနဲ့ တံဆိပ်အစစ် ကွဲပြားခြားနားအောင်လုပ်ပေးတာအတွက်တော့ ကျေးဇူးတောင်တင်ရမဲ့ သဘောပဲ။

    ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပေါ့လျော့မှုတွေကြောင့် ပြည်သူတွေဟာ ဘယ်ဟာက သတင်းအစစ်၊ ဘယ်ဟာက ဝါဒဖြန့်သတင်းတုဆိုတာကို ခွဲခြားဖို့ ပိုလွယ်ကူသွားစေလို့ပါပဲ။ PDF တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ သတ်မှတ်ထားတဲ့ တံဆိပ်ပုံစံ၊ အရွယ်အစားနဲ့ လက်မောင်းမှာ တပ်ဆင်တဲ့ အနေအထားတွေ ရှိပါတယ်။

    စစ်ကောင်စီ ဝါဒဖြန့်ပုံတွေမှာပါတဲ့ PDF တံဆိပ်တွေဟာ အရွယ်အစား မညီမညာဖြစ်နေတာ၊ စာလုံးပုံစံ (Font) မှားယွင်းနေတာနဲ့ တပ်ဆင်တဲ့နေရာ လွဲမှားနေတာတွေကို တွေ့နိုင်ပါတယ်။

    ဒီလို အမှားအယွင်းတွေဟာ စစ်ကောင်စီအတွင်းပိုင်းမှာလည်း “မင်းတို့ ဝါဒဖြန့်တာက ငါတို့ကို ပိုသိက္ခာကျစေတယ်” ဆိုတဲ့ အပြန်အလှန် အပြစ်တင်မှုတွေနဲ့ ယုံကြည်မှု ပျက်ပြားစရာ အကြောင်းရင်းတစ်ခု ဖြစ်လာနေပါပြီ။

    တကယ်တမ်း အလင်းဝင်လာသူတွေဆိုရင် သူတို့ရဲ့ နောက်ခံသမိုင်း၊ ဘယ်တပ်ရင်း၊ ဘယ်ဒေသကလဲဆိုတာ တိတိကျကျ မဖော်ပြနိုင်ဘဲ ဝေဝေဝါးဝါးသာ ပြောဆိုနေတာဖြစ်ပါတယ်။

    ထို့အပြင် ပုံထဲကလူတွေရဲ့ ကိုယ်နေဟန်ထားနဲ့ လှုပ်ရှားမှု၊ ဆံပင်ပုံစံနဲ့ အနေအထားတွေဟာ စစ်သားအသစ်တွေ ဒါမှမဟုတ် ပိုက်ဆံပေးငှားထားတဲ့သူတွေ ဖြစ်နေတာကို သတိထားကြည့်ရင် သိနိုင်ပါတယ်။

    PDF ဆိုတာ ပြည်သူ့ရင်ခွင်က ပေါက်ဖွားလာတဲ့ အဖွဲ့အစည်းဖြစ်ပြီး တကယ့်မြေပြင်က ရဲဘော်တွေရဲ့ စိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာကို ဘယ်ကရှာထားမှန်မသိတဲ့ ဝတ်စုံအသစ်တွေ၊ တံဆိပ်အတုတွေနဲ့ အစားထိုးလို့ မရနိုင်ပါဘူး။

    စစ်ကောင်စီရဲ့ ဝါဒဖြန့်အဖွဲ့က ဘယ်လောက်ပဲ ဇာတ်ညွှန်းတွေ ရေးပါစေ၊ မြေပြင်မှာ သူတို့ တကယ် တမ်း ရှုံးနိမ့်နေတယ်ဆိုတာကိုတော့ ဒီလို “တံဆိပ်အတု” လုပ်ဇာတ်တွေက ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

    ပြည်သူတွေအနေနဲ့ ဒီလိုသတင်းမှားတွေကို တွေ့ရင် Like, Share မလုပ်ဘဲ Report ထုဖို့ ဒါမှမဟုတ် သတင်းမှားမှန်း သိအောင် ပြန်ပြီး Comment ရေးဖို့ တိုက်တွန်းလိုက်ပါတယ်။

    ✍🏻မင်းခေါင်-MK

    လပခမှာ အလင်းဝင်လာတဲ့ PDF တွေတဲ့

    ဒါကိုကြည့်ပြီး ဟိုတလောက လုပ်ကြံ သရုပ်ဆောင်သွားတဲ့ မြစ်ကြီးနာ လေဆိပ်ရှေ့က ဆန္ဒပြပွဲကိုတောင် သွားပြေးသတိရမိတယ်။

    တခါတလေ အတင်းလူစု နေ့စား အခကြေးပေးကာ တပ်ထောက်ခံပွဲတွေ လုပ်လေ့ရှိပြီး ၊ ဘာမဆိုလုပ်ဆောင် ဖန်တီးနိုင်စွမ်း ရှိတဲ့ အဘပုရဲ့ အရည်အချင်းများကို သိထားလေတော့ ဒါမျိုး PDF တွေ အလင်းဝင်တဲ့ သတင်းကို ယုံဖို့ဆိုရင် အင်မတန်ကြိုးစားကြည့်ရပါအုံးမည်။

    ဒီချိန်ကာလထိ စစ်အုပ်စုရဲ့ ဟိုးးး ရှေးရှေးတုံးကလို ဝါဒမှိုင်းအကွက်တွေကို ယုံကြည်သူတွေ ရှိနေသေးတာလည်း အဘပုအတွက် အားဆေးဖြစ်စေတာပေါ့ ။

  • မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ စက်ရုပ်က နှောင့်ယှက်တယ်ဆိုပြီး အမျိုးသမီးတစ်ဦးက ရဲတိုင်၊ စက်ရုပ် ခဏတာ ထိန်းသိမ်းခံရ

    မကာအိုမှာ အမျိုးသမီး တစ်ဦးက သူ့ကို စက်ရုပ်က နှောင့်ယှက်တယ်လို့ ရဲတိုင်ခဲ့ပြီး ရဲတွေက စက်ရုပ်ကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။

    တရုတ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ နယ်မြေရဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အမျိုးသမီးတစ်ဦးနဲ့ စက်ရုပ်တစ်ရပ်ကြား ပြဿနာ ဖြစ်ခဲ့တဲ့အကြောင်း မတ်လ ၁၈ ရက်နေ့မှာ AFP သတင်းဌာနဆီ အတည်ပြုခဲ့ပါတယ်။

    ပြီးတော့ အမျိုးသမီးက စက်ရုပ်ကို ရန်တွေ့အော်ဟစ်နေတဲ့ ဗီဒီယိုနဲ့ လူတူစက်ရုပ်ကို ရဲတွေက ခေါ်ဆောင်သွားတဲ့ ဗီဒီယိုတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

    အမျိုးသမီးက သူဟာ ဖုန်းသုံးနေတဲ့ အချိန်မှာ စက်ရုပ်က အနောက်ဖက်က ချဉ်းကပ်နှောင့်ယှက်တာ ခံခဲ့ရတယ်လို့ ရဲတွေဆီ တိုင်ကြားခဲ့ပါတယ်။

    ဗီဒီယိုထဲမှာတော့ အမျိုးသမီးက ဒေါသတကြီး ရန်တွေ့နေချိန် စက်ရုပ်က သူ့ရဲ့ သတ္တုလက်တွေကို မြှောက်ပြနေခဲ့ပြီး လမ်းသွားလမ်းလာတွေက သူတို့နှစ်ဦးကို ဝိုင်းကြည့်နေခဲ့တာ တွေ့ရပါတယ်။

    ဒီဖြစ်စဉ်မှာ စက်ရုပ်က အမျိုးသမီးကို ထိမိခဲ့တာမျိုး လုံးဝမရှိခဲ့သလို အမျိုးသမီးလည်း ပြင်ပဒဏ်ရာ ဘာမှမရခဲ့ပါဘူး။

    ဒါပေမဲ့ စက်ရုပ်နဲ့ ရန်ဖြစ်ရလို့ ကိုယ်လက်မအီမသာ ခံစားရကြောင်း အမျိုးသမီးက ပြောတဲ့အတွက် သူ့ကို ဆေးရုံ ပို့ပေးခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

    သိပ်မကြာခင်မှာ အမျိုးသမီးက ဆေးရုံပြန်ဆင်းသွားခဲ့သလို တိုင်ချက် တစ်ခုခု ဖွင့်တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

    အခြေအနေ တင်းမာနေချိန်မှာ ရဲတွေက စက်ရုပ်ကို ခဏတာ ထိန်းသိမ်းပြီး အဲဒီနေရာကနေ ခေါ်ထုတ်သွားပေမယ့် ဖမ်းဆီးခဲ့တာတော့ မရှိဘူးလို့ အတည်ပြုထားပါတယ်။

    စက်ရုပ်ကို အသက် ၅၀ ကျော်အရွယ် မကာအို အမျိုးသား တစ်ဦးက တည်ဆောက်ထားပြီး သူ့ရဲ့ လုပ်ငန်းကို လူတွေ အာရုံစိုက်လာအောင် ဆွဲဆောင်ဖို့ လူကြားထဲမှာ စမ်းသပ်ထိန်းချုပ်မှု တစ်ခု လုပ်နေတဲ့အချိန် အခုလို ပြဿနာ တက်ခဲ့တာလို့ ရှင်းပြခဲ့ပါတယ်။

    ရဲတွေကတော့ စက်ရုပ်စမ်းသပ်မှုဟာ လမ်းသွားလမ်းလာတွေအတွက် အနှောင့်အယှက်နဲ့ အန္တရာယ် မဖြစ်စေဖို့ သူ့ကို သတိပေးခဲ့တယ်လို့ သိရပါတယ်။

    ဗီဒီယိုထဲမှာ တွေ့ရတဲ့ စက်ရုပ်ကတော့ တရုတ် နည်းပညာ ကုမ္ပဏီ Unitreeက တည်ဆောက်ထားတဲ့ စက်ရုပ်အမျိုးအစားနဲ့ ဆင်တူတာကို တွေ့ရပါတယ်။

    တရုတ် အစိုးရဟာ နိုင်ငံတကာ စက်ရုပ်နည်းပညာ နယ်ပယ်မှာ ရှေ့ဆုံးကနေ ဦးဆောင်ဖို့ ရည်ရွယ်ထားပြီး ပြည်တွင်း ကုမ္ပဏီတွေ အနေနဲ့ လူတူစက်ရုပ်တွေ စမ်းသပ်တည်ဆောက်ကြဖို့ အားပေး တိုက်တွန်းထားပါတယ်။

    ဖေဖော်ဝါရီလတုန်းက တရုတ် နှစ်သစ်ကူး ဖျော်ဖြေပွဲ အစီအစဉ်မှာတော့ Unitreeရဲ့ လူတူစက်ရုပ်တွေဟာ လူသားတွေနဲ့ ဟန်ချက်ညီညီ ပူးပေါင်းပြီး ကွန်ဖူးစွမ်းရည်တွေ ပြသသွားတာကြောင့် တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

    ဒါပေမဲ့ စက်ရုပ် ပညာရှင်တွေကတော့ အဲဒီ လှုပ်ရှားမှုတွေဟာ ကြိုတင်ပြီး ပရိုဂရမ်သွင်း ညွှန်ကြားထားတာ၊ အဝေးထိန်း စနစ်နဲ့ ခိုင်းစေတာတွေသာဖြစ်ပြီး ကိုယ်ပိုင် ဉာဏ်ရည်တု (AI) နည်းပညာနဲ့ ဆုံးဖြတ် လှုပ်ရှားတာမျိုးတွေ တရုတ်စက်ရုပ်တွေမှာ မတွေ့ရသေးကြောင်း မှတ်ချက်ပေးထားပါတယ်။

    ကိုးကား: AFP