Category: News

  • ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်

    ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်

    ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုကို အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင် ဗဟိုဘဏ်ကြေညာ ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိတာကြောင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံ ထားရတဲ့ ကုမ္ပဏီ ၁၉၇ ခုအနက် နယ်ခြားစောင့်တပ်က ဗိုလ်မှူးချုပ် စောချစ်သူပိုင်ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂၉ ခုဟာ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းကနေ ပယ်ဖျက်ကြောင်း စစ်ကော်မရှင်ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူရဲ့ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၉၀ ကျော်ကို ပို့ကုန်ရငွေ…

  • တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ဗေဒင်ဆရာ

    တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ဗေဒင်ဆရာ

    တန်ဖိုးကြီးပစ္စည်းပျောက်မည်ဟု ဟောကိန်းထုတ်ပြီး ဖုန်းခိုးခဲ့သည့် ပတ္တရားမှ ဗေဒင်ဆရာ အဖမ်းခံရ ပတ္တရားမြို့မှ ဗေဒင်ဆရာတစ်ဦးသည် အမျိုးသမီးငယ်တစ်ဦးအား နှစ်သစ်ကူးနေ့တွင် တန်ဖိုးရှိသော ပစ္စည်းတစ်ခု ပျောက်ဆုံးလိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် ၎င်းအမျိုးသမီး၏ လက်ကိုင်ဖုန်းကို ခိုးယူခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီ ၆ မိနစ်ခန့်တွင် ချောင်ဘူရီခရိုင်၊ တောင်ပိုင်းပတ္တရားရှိ ချိုင်မွန်ခိုး ဘုရားကျောင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပတ္တရားမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ဘတ်ငွေ ၂၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၅၈၀ ခန့်) တန်ဖိုးရှိသော iPhone 13 Pro ဖုန်းတစ်လုံး ခိုးယူခံရကြောင်း သတင်းအရ လာရောက်စစ်ဆေးချိန်တွင် အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးသမားများနှင့် လမ်းသွားလမ်းလာများက အသက် ၃၈ နှစ်အရွယ်…

  • ဦးခင်ရီသို့ ဂုဏ်ပြုခြင်း

    ဦးခင်ရီသို့ ဂုဏ်ပြုခြင်း

    ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ များသောအားဖြင့်ယဥ်ကျေးတဲ့နိုင်ငံတွေမှာ အနိုင်ရသွားတဲ့နိုင်ငံရေးပါတီကို မီဒီယာတွေနဲ့အခြားပါတီတွေက ဂုဏ်ပြုစကားတွေ ပေးပို့ကြတာ ၊ Congratulations လုပ်တာတွေ လုပ်လေ့ရှိပါတယ်။ အခုတော့ ၂၀၂၅ ရွေးကောက်ပွဲ မှာ ကြံ့ခိုင်ရေးပါတီကနိုင်လိုက်တော့ ဘယ်သူကမှလည်း ဂုဏ်ပြု ချီးကျူးစကားပြောတာမတွေ့ရပါဘူး။ ဒါ့ကြောင့် ကျွန်တော်ကပဲ စွန့်ဦးတီထွင်အဖြစ် ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။ အစ်ကိုကြီး ဦးခင်ရီခင်ဗျား ၊ သို့မဟုတ် အန်ကယ်လ်ဦးခင်ရီခင်ဗျား ကြံ့ခိုင်ရေးပါတီ ၂၀၂၅မှာ တင်းပြည့်ကျပ်ပြည့်နိုင်သွားတာ ဂုဏ်ယူပါတယ်၊ဝမ်းသာပါတယ်။ အန်ကယ်တို့ပါတီဟာ ရွေးကောက်ပွဲ တွေမှာ မနိုင်တာကြာပြီဆိုတာ သတိထားမိတာကြာပါပြီ။ ဒါ့ကြောင့် မြန်မာဘောလုံးအသင်း တခါတလေထနိုင်လိုက်တိုင်း ပြည်သူလူထုက ခေါင်းထောင်ကြည့်ရသလို အခုလို ကြံ့ခိုင်ရေးနိုင်တယ်ဆိုတော့ ကျွန်တော်တို့စာရေးဆရာတွေက Congratulations လုပ်မှသင့်တော်ပေမယ်။ အန်ကန်တို့ပါတီ မနိုင်တာ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကတည်းကပဲခင်ဗျ။ အခုက ၂၀၂၅…

  • တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်

    တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင်

    တော်လှန်ရေးအဖွဲ့များ ကသာ မြို့တွင်း ဝင်ရောက်၊ မြို့လုံးကျွတ် စစ်ရှောင် စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ကမ်းဘေးမြို့တခုဖြစ်သော ကသာမြို့ ကို တော်လှန်ရေးအင်အားစုများက ပိတ်ဆို့တိုက်ခိုက်နေရာ လက်မလွှတ်ရရေးအတွက် လက်နက်ကြီး၊ လေကြောင်းပစ်ကူများပေးနေသည့်ကြားမှ ယနေ့တွင် တော်လှန်ရေး အင်အားစုများ မြို့တွင်း ဝင်ရောက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖြစ်သော ကသာမြို့နယ်သည် ရွေးကောက်ပွဲ အပိုင်း၁တွင် ပါဝင်သဖြင့် ဒီဇင်ဘာ ၂၈ ရက်က မဲရုံများ ဖွင့်လှစ်ပြီး ရွေးကောက်ပွဲကျင်းပနေချိန် မြို့အဝင် တပ်ကုန်း ရပ်ကွက်နှင့် ခမရ ၃၀၉ တပ်ရင်းအနီး တိုက်ပွဲများ ဖြစ်ပွားခဲ့ရာမှ လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ “တော်လှန်ရေးအဖွဲ့တွေက တမြို့လုံးနီးပါးလောက်ကို ဝင်သွားနိုင်ပေမယ့် အဓိကကျတဲ့ ရဲစခန်းတို့ ထောင်တို့ ဖွင့်တာတွေ၊ တိုက်တာတွေ မရှိသေးဘူး၊ လောလောဆယ်တော့…

  • ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း…