Category: News
-

၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့
မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် တိုက်လေယာဉ် ၁ စီး ပျက်စီးကြောင်း၊ တိုက်လေ ယာဉ် ပျက်စီးမှုကို ယနေ့တွင်မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေး…
-

ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ
သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးကျဲချမှု သေဆုံးသူ ၉ ဦးအထိတိုးလာကြောင်း အာရက္ခတပ်တော်-AA၏ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာရုံး- HDCO က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ရခိုင်ပြည်၊ သံတွဲခရိုင် ငပလီမြို့၊ လင်းသာရပ်ကွက်နှင့် ကျင်းကန်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၃…
-

ကသာမြို့တွင် ပိတ်မိနေသည့် ဒေသခံများကို တော်လှန်ရေးတပ်ဖွဲ့ ထွက်ခွာခွင့်ပေး
စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်း တခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ စစ်ကော်မရှင်တပ်က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည့် ဒေသခံပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့တွေက ထွက်ခွာခွင့်ပေးခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ များထံမှသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်)မနက်ပိုင်းတွင် ကသာမြို့အဝင် စစ်တပ် အထိုင်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တဦး က ပြောသည်။ ၎င်းက “ မြို့အဝင် ဂိတ်တခုကိုတော့ သိမ်းလိုက်ပြီ၊ ကျန်တဲ့ နေရာတွေလည်း သိမ်းပြီးသလောက်နီးနီး ဖြစ်နေပြီ အသေးစိတ်ကိုတော့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ပါလိမ့်မယ်” ဟု ယနေ့ မနက် ၁၁ နာရီအချိန်တွင် ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ဒီဇင်ဘာလ ၂၈…
-

လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ
မြစ်ကြီးနား -ပူတာအိုလမ်းပိုင်းတွင် ကုန်ကားဖြင့် လေတပ်အတွက် သယ်ယူလာသော လေယာဉ်ဆီ အပါအဝင် စက်သုံးဆီပေပါအလုံး ၁၀၀ ကျော် ဖမ်းဆီးရရှိ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတွင် စစ်ကောင်စီ၏ ပူတာအိုအခြေ စိုက် ဗျူဟာ ၄၆ တပ်ပိုင် လေယာဉ်ဆီပေပါ အလုံး ၅၀ အပါအဝင် စက်သုံးဆီ ပေပါ ၁၂၀ လုံးကို ဖမ်းမိခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက်နေ့က မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ ပူတာအို PDF စစ်ဆေးရေးဂိတ်တစ်ခု တွင် မြစ်ကြီးနားမြို့မှ ပပူတာအိုအခြေစိုက် ဗျူဟာ ၄၆ တပ်အတွက် သယ်ဆောင်လာသော လေ ယာဉ်ဆီပေပါ အလုံး ၅၀ နှင့် ဒီဇယ်ဆီပေပါ…
-

သန်လျင်မြို့လယ် ရဲစခန်းအနီးတွင်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့်ထိုး၍ ဆွဲကြိုးလု
သန်လျင်မြို့လယ် ရဲစခန်းအနီးတွင်ပင် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ဓားဖြင့်ထိုး၍ ဆွဲကြိုးလုယက်၊ ရန်ကုန်၏ လုံခြုံရေးအခြေအနေ အဆိုးဆုံးဖြစ်လာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး နေအိမ်ရှေ့၌ ဆွဲကြိုး လုယက်ခံရရုံသာမက မျက်နှာကိုပါ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခံရသည့် ဖြစ်စဉ်တစ်ခု ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ အဆိုပါ အမျိုးသမီးသည် ယနေ့ နံနက် ၅ နာရီဝန်းကျင်က နေအိမ်ရှေ့၌ တံမြက်စည်းလှဲနေစဉ် လုယက်သူက ဆွဲကြိုးကို လုယူခဲ့ခြင်းဖြစ်ပြီး ထိုသို့ လုယက်မှုကို အော်ဟစ်အကူအညီတောင်းခံသည့် အတွက် အမျိုးသမီး၏ မျက်နှာကို ဓားဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “သန်လျင်မြို့လယ် နာရီစင်နားမှာဖြစ်တာ။ လူနေလည်း အရမ်းထူထပ်သလို ရဲစခန်းနဲ့လည်း တော်တော် လေးနီးတဲ့နေရာပါ။…