Category: News
-

ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်
ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး (ရုပ်/သံ)
-

-

တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်း၌ စစ်ကြောရေးလုပ်နေ
စစ်တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေအကြား မကျေလည်မှုတွေ ပိုများလာပါတယ်။ စစ်ကောင်စီကို ဝေဖန်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ မန္တလေးဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ ပြင်ဦးလွင်မြို့၊ သုံးတောင်အရပ်မှာ နေထိုင်တဲ့ ဇော်ဖုန်းဟိန်းကို ဇွန် ၂ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတာပါ။ ဇော်ဖုန်းဟိန်းဟာ အဖမ်းခံရပြီးနောက်မှာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာရဲစခန်းကို ရောက်မလာခဲ့သလို၊ အနီးစခန်းစစ်ကြောရေးကိုလည်း ရောက်မလာခဲ့ဘဲ မန္တလေး နန်းတွင်းစစ်ကြောရေးကို အပို့ခံထားရတယ်လို့ ဆိုပါတယ်။ မတ္တရာ PDF တာဝန်ရှိသူ ဦးတိုး က “မန္တလေးနန်းတွင်းထဲကို ရောက်နေတယ်ပေါ့၊ အဲဒီလို သတင်းတော့ရထားတာရှိတယ်။…
-

-
