Category: News

  • အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

    အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ

    ပူးပေါင်းစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ အထူးတိုင်းစစ်ဌာန ချေမှုန်းရေးမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)စစ်ဆင်ရေးနယ်မြေ အထူးတိုင်း စစ်ဌာနရဲ့ ချေမှုန်းရေး မွမ်းမံသင်တန်းကို ပဲခူးတိုင်းအတွင်းရှိ အထူးတိုင်း စစ်ဌာန လေ့ကျင့်ရေး သင်တန်းကွင်းမှာ ကျင်းပခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ အသိပေးထုတ်ပြန်ပါတယ်။ အဲဒီ သင်တန်းဆင်းပွဲကို လွန်ခဲ့တဲ့ တပတ် ၂၀၂၅ ဒီဇင်ဘာ ၃၁ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်ဟာ တိုင်းစစ်ဌာန ကွပ်ကဲမှု အောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေ၊ ဒေသ အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော်တွေကို ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး အဲဒီလို လုပ်ဆောင်နိုင်ဖို့ လေ့ကျင့်ပေးတာလို့ အသိပေးထားပါတယ်။ အထူးတိုင်းစစ်ဌာနဟာ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နည်းဗျူဟာ တွေ၊ တပ်ရင်း/တပ်ဖွဲ့‌…

  • ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    ကျောက်ဖြူအခြေစိုက် ဓည၀တီရေတပ်နှင့် ရဲတပ်ရင်း ၃၂ ကို AA ဒရုန်း၊လက်နက်ကြီးများဖြင့်တစ်ပြိုင်နက်တည်း စတင်တိုက်ခိုက်

    အာရက္ခတပ်တော်(AA) သည် ရခိုင်ပြည်မှ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူမြို့အခြေစိုက်ဓည၀တီရေတပ်စခန်းနှင့် ကျောက်ဖြူမြို့၏ အဓိက ခံကတုတ်စစ်စခန်းကြီး တစ်ခုဖြစ်သည့် ရဲတပ်ရင်း (၃၂) ကို ဒရုန်းများအပါအဝင်လက်နက်ကြီးများဖြင့်ယခုရက်ပိုင်းကစပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။ AA က ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကြီးကျည်များသည်ကျောက်ဖြုမြို့နယ်သစ်ပုတ်တောင်အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်ထဲမှ လူနေအဆောင် ၁၆၊ ၁၇၊ ၁၈၊ ၁၉၊ ၂၀နှင့် ခန်းမတို့တွင်ကျရောက်ပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တချို့သေဆုံးကာ ဒဏ်ရာရသွားကြသည်ဟု ဒေသအတွင်းစစ်ရေး ရင်းမြစ်တစ်ဦးက ပြောသည်။ ” လူနေဆောင်ကို ၂လုံးကျတယ်။ အစည်းအဝေးလုပ်တဲ့ခန်းမကို ၁လုံးကျတယ်။ တနင်္လာနေ့ကဆို မီးခိုးတွေအလုံးလုံးအလိပ်လိပ်ထွက်နေတာတွေ့တယ်။ လူတွေထိတယ်။သေဆုံးဒဏ်ရာ ရတာတွေလည်း ရှိတယ်” ဟု ပြောသည်။ ယမန်နေ့ ဇန်နဝါရီ ၆ ရက်နေ့ ညနေ ၄ နာရီခန့်က သစ်ပုတ်တောင်ရေတပ်ဌာနချုပ်မှ ဒဏ်ရာရသူများကိုနေဗီတစ်စီးဖြင့်ကျောက်ဖြူမြို့သို့ယူဆောင်လာသည်ဟု သိရသည်။ “…

  • ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်

    ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားရာချီ ပိတ်မိနေ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် တိုက်ခိုက်သဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယာဉ်အသွားအလာ ယာယီရပ်ဆိုင်းကာ ကားများ ပိတ်မိနေကြောင်း မင်းလှမြို့နယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဇန်နဝါရီ ၇ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ တာလေးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တိုက်ပွဲမှာ ပြင်းထန်နေပြီး မင်းလှမြို့နယ်၊ အညှာတန်းကြီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးပစ်ကူများ မရပ်မနား ပစ်ခတ်နေကြောင်း၊ တိုက်ပွဲ ပြင်းထန်နေသဖြင့်…

  • ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး

    စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီးခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံး ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် စစ်မှုထမ်းတပ်သားအရောင်းအဝယ်လုပ်ခြင်း၊ ပြည်သူများကို အမှုဆင်ဖမ်းဆီးငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူ အကြီးအကျယ် လုပ်ခဲ့သူ ဖျာပုံခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းလှိုင် သေဆုံးသွားကြောင်း ရဲအသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရဲမှူးဝင်းလှိုင်သည် ကျန်းမာရေးမကောင်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး မသေဆုံးမီအချိန် အထိ ဖျာပုံမြို့နယ်အတွင်း စစ်မှုထမ်းလူစားထိုးအရောင်းအဝယ်လုပ်ခြင်း၊ လူငယ်များကို မူးယစ်ဆေးဝါးဖြင့် အမှုဆင်ဖမ်းဆီး၍ စစ်မှုထမ်းတပ်သားအဖြစ် အတင်းအကျပ် စုဆောင်းခြင်း၊ ရောင်းဝယ်ခြင်း ၊ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်သူများထံမှ ဆက်ကြေးကောက် လာဘ်ပေးလာဘ်ယူလုပ်ခြင်းများကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ “ရဲမှူး ဝင်းလှိုင်က သေတာကတော့ ကျန်းမာရေးမကောင်းလို့…

  • “ဇာတ်မင်းသားလေး ဝေယံမိုး”ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး…

    “ဇာတ်မင်းသားလေး ဝေယံမိုး”ရဲ့ ဝမ်းနည်းကြေကွဲဖွယ် နောက်ဆုံးခရီး…

    ယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်တဲ့ ဇာတ်မင်းသားလေး (ဝေယံမိုး) အသက်(၃၂) နှစ် ဟာ ဇန်နဝါရီလ (၄)ရက်နေ့ ည(၁၀)နာရီ (၅၀)မိနစ်အချိန်၌ ရန် ကုန် ဆေးရုံကြီးတွင် (၉၆)ပါး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဈာပန အခမ်းအနားကိုတော့ ဇန်နဝါရီလ (၆)ရက်နေ့ ညနေ(၅) နာရီတွင် တောင်ဒဂုံမြို့နယ်ရှိ ကြည်စု သုသာန်တွင် မီးသဂြိုလ်ခဲ့ပါတယ်။ အဆိုပါ ဈာပန အခမ်းအနား နောက်ဆုံးခရီးကို လိုက်လံ ပို့ဆောင်ပေးခဲ့ကြ တဲ့ ဝမ်းနည်းကြေကွဲဖွယ် ပုံရိပ်များကို အမှတ်တရ တင်ဆက် ပေးလိုက်ပါတယ်။ ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းလျက်…