Category: News

  • မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးသောင်ပြင်မှာ ဝင်ကြေးကောက်နေ

    မကွေးမြို့က ဧရာဝတီမြစ်သောင်ပြင်ကို ဝင်ကြေးပေးပြီးသွားရောက်နေရတယ်လို့ မကွေးမြို့ခံတွေက ပြောပါတယ်။ နေ့စဉ် လာရောက်အပန်းဖြေသူ ဦးရေ ရာနဲ့ချီရှိတဲ့ မကွေးမြို့သောင်ပြင်ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝါးတွေနဲ့အတားဆီးလုပ်ပြီး လူတစ်ဦးကို ဝင်ကြေးအဖြစ် ၅၀၀ ကောက်နေတယ်လို့သိရပါတယ်။ “အခါတိုင်းနှစ်အဲဒီလောက်လူမစည်ဘူး ဒီနှစ်မှာသဲသောင်ပြင် အတားဆီးလုပ်ပြီး ဝင်ကြေး ကောက်တာ။ Tiktok မှာ တွေ့ပြီး လာရောက်အပန်းဖြေသူများလာတာ။ ထွေအုပ်က သူတို့ ရန်ပုံငွေပေါ့ဗျာ လုပ်စားတာပါဗျာ အရင်နှစ်တွေက နှစ်တိုင်းပဲ မကွေး တံတား အောက်မြောက်ဘက်မှာ အပန်းဖြေ ဈေးဆိုင်ခန်းတွေ နှစ်တိုင်း ရှိတယ် ဘာပိုက်ဆံ မှာ မပေးရပါဘူး အဲဒီတုန်း က အခုလောက်ထိ လူမများဘူး။ အခုက မကွေးတံတား တောင်ဘက်မှာ သဲသောင်ပြင် ကျယ်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ နောက်ထပ်မြို့ခံအမျိုးသမီးတစ်ဦးကလည်း “…

  • ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရ

    ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်အုပ်စုရေယာဉ်တစ်စီးတိုက်ခိုက်ခံရပြီး ဒုတပ်ကြပ်တစ်ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ မကွေးတိုင်း ၊ ရေစကြိုမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်းအတိုင်းအောက် မှ အထက်ဘက်ကိုဆန်တက် လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တစ်စီး တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ) ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားတွေ ပြည်သူဆီက ချောဆွဲလာတဲ့ ဖလပ်ခွန်တစ်စီးကို အသင့်စောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အခုလို ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ လောက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း တပ်မ ၉၉ လက်အောက်ခံ ဒုတပ်ကြပ်တစ်ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ “သူတို့လာမှာသတင်းရလို့ကြိုတင်စောင့်ခဲ့တာ၊ ပြည်သူဖလပ်ခွန်ကို…

  • ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ထွက်​ပြေးတဲ့စစ်​ကောင်စီဝန်ထမ်း​တွေကို စစ်တပ်က ထွက်ခွင့်မ​ပေး​တော့ ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။ မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့စခန်းတွေအနက် အချို့ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ စစ်သားနဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)ထဲကိုထွက်​ပြေး သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ “မြို့ထဲကိုဗုံးကြဲတာအထိအခိုက်ရှိတယ်။ ရက်ကွက်(၉)ထဲမှာ လူသေဆုံးတာရှိတယ်။ စစ်တပ်က သူတို့တပ်စွဲထားတဲ့ အထက(၂)ကျောင်းကနေဆုတ်ပြီး ကျောင်းကို ပြန်ဗုံးကြဲသွားလို့ ကျောင်းမီးလောင်သွားပြီ”လို့ဒေသခံတဦးကပြောပါတယ်။ ကသာမြို့မှာ စစ်တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ PDF ​တွေအပါအဝင်​တော်လှန်​ရေးတပ်​တွေက စတင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေတာပါ။ ဇန်နဝါရီ ၂ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကြိုးစားနေကြပါတယ်။ ဇန်နဝါရီက ၁ရက်နေ့မှာ အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ်ဟန်ဆောင်ထွက်ပြေးတဲ့ စစ်တပ်လက်​အောက်ခံဝန်ထမ်း…

  • လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ “ထွေအုပ်ရုံးမှာ စခမရှိဘူး။ ပျူတွေဘဲစောင့်ကြတာ။ ထိကုန်ကြဖို့များတယ်။ မိုင်းကွဲအားပြင်းတယ်။” လို့ စစ်ဆင်ရေးအကြောင်းကိုပြောပါတယ်။ အဲဒီထွေအုပ်ရုံးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် အဓိကလုပ်ဆောင်ပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ (ဇန်နဝါရီ ၂) ည ၆ နာရီခွဲကျော်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။ Yangon Army က အနောက်ပိုင်းခရိုင် ပကဖနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကမာရွတ်မြို့နယ်…

  • BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့စခန်းတွေမှာ ပူးတွဲတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ တပ်သားနဲ့ တပ်မိသားစုတွေကို BGF ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ ပြောင်းလဲချိန်မှာ ဇန်နဝါရီ ၂ ရက်ကနေ စတင် ပြောင်းရွှေ့နေပြီလို့ KNA တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ အထက်အရာရှိ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြောင်းရွှေ့တာဖြစ်ပြီး BGF တပ်ရင်းတခုမှာ စစ်ကောင်စီတပ်ဗိုလ်တပ်သားတပ်မိသားစု အယောက် ၃၀ ကနေ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။ မြဝတီမြို့ဘက်က စစ်ကောင်စီတပ်တွေက ခလရ ၂၇၅ စခန်းကို ပြောင်းရွှေ့ရပြီး မြိုင်ကြီးငူ ဘက်က တပ်ဗိုလ် တပ်သားတွေက ဘားအံမြို့တပ်မ ၂၂ ဘက်ကိုပြောင်းရွှေ့ရကာ မိသားစုဝင်တွေကတော့ မော်လမြိုင်ဘက်ကို ပြောင်းရွှေ့ရပါတယ်။ ဇန်နဝါရီ ၁…