Category: News

  • ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    ဘုတလင်တွင် စစ်တပ်စခန်း ၄ ခု တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

    စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၄ ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့လို့ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က ဒီဇင်ဘာ ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ဘုတလင်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “၂၈ ရက်နေ့က ဘုတလင်မြို့ပေါ်မှာ စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ဖို့လို့ မဲပေးဖို့သတ်မှတ်ထားတဲ့ နေရာတွေနဲ့ သူတို့တွေ အထိုင်ချနေကြတဲ့ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ သူတို့ဘက်က ၁၅ ယောက်ထက်မနည်း သေတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ရဲဘော် ၆ ယောက် ကျခဲ့ပါတယ်။ ရဲဘော် ၃ ယောက်လည်း…

  • ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက်  ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ဂျပန် တံတားပေါ်မှာ အမျိုးသားတယောက် ဓားနဲ့လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ အလုခံရ

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒေါပုံတံတား(ဂျပန်တံတား) ပေါ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊နယူးရီးယား ညက အမျိုးသားတယောက် ဓားနဲ့ လေးချက် ထိုးခံရပြီး ဖုန်းနဲ့ ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညက ၁၀ နာရီ ၄၅ မိနစ်လောက် ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်းမှာ အဆိုပါ အမျိုးသားက လမ်းလျှောက် နေစဥ် အမည်မသိ အမျိုးသား နဲ့ အမျိုးသမီး တို့က ရောက်ရှိလာပြီး ဓားနဲ့ ထိုးကာ ဖုန်းနဲ့ ငွေသားအနည်းငယ်ကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” လည်ပင်း ဓားဒဏ်ရာတချက် ၊…

  • ကသာမြို့ကနေ ပြည်သူတွေထွက်ခွာလာချိန် စကမ က မြို့ပတ်လည်ကို လေကြောင်းနဲ့ဗုံးကြဲ

    ကသာမြို့ကနေ ပြည်သူတွေထွက်ခွာလာချိန် စကမ က မြို့ပတ်လည်ကို လေကြောင်းနဲ့ဗုံးကြဲ

    မြို့ကိုတဝက်လောက် သိမ်းထားပြီလို့ပြော မြို့တွင်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့က ပြည်သူတွေကို တော်လှန်ရေးတပ်က ထွက်ခွာခွင့်ပေးနေပြီး စစ်ကော်မရှင်တပ်က မြို့ပတ်ပတ်လည်ကို လေယာဉ်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ပြည်သူတွေ မြို့ကနေထွက်ခွာလို့မရအောင် လမ်းတွေပိတ်ထားခဲ့ကြောင်း ကသာမြို့က စစ်ရှောင်လာတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကသာမြို့ရဲ့တဝက်လောက်ကို တော်လှန်ရေးတပ်တွေက ရရှိပြီးတဲ့အချိန် ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပြည်သူတွေ ထွက်လာနိုင်ခဲ့ကြတာလို့ စစ်ဘေးရှောင် ပြည်သူကပဲ ပြောပါတယ်။ “အရင်နေ့တွေက စကစ က မြို့ရဲ့ထွက်လမ်းတွေအကုန် ပိတ်ထားတာ။ အခုကျတော့ PDF တွေက မြို့တဝက်ရပြီဆိုကာမှ သူတို့(စကမ)တွေ ထိန်းထားတဲ့ နေရာတွေရောရမှ ပြည်သူတွေထွက်လာနိုင်ခဲ့ကြတာ။ တော်လှန်ရေးအဖွဲ့တွေလည်း လမ်းတွေရှင်းပေးတာတွေ။ ကူပေးတာ‌တွေ…

  • ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    ပြည်သူ့ပါတီ အမတ်လောင်း ဦးစိုင်းသန်းထိုက်က မီဒီယာနှင့် လိင်လုပ်သား အမျိုးသမီးများကို ရိုင်းစိုင်းစွာ ပုတ်ခတ်

    စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းထိုက်သည် မီဒီယာနှင့် လိင်အလုပ်သား (Sex Workers) အမျိုးသမီးများအပေါ် နှိမ်ချရိုင်းစိုင်းသည့် အသုံးအနှုန်းဖြင့် မှတ်ချက်ပေးခဲ့မှုကြောင့် ဝေဖန်မှုများရှိလာသည်။ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲပေးမှုနည်းပါးခြင်းနှင့် ပြည်သူများ ချီတုံချတုံဖြစ်နေမှုအပေါ် စွပ်စွဲ ပြောကြားထားသည်ဆိုသည့် MPA သတင်းဌာန၏ သတင်းအောက်တွင် ဦးစိုင်းသန်းထိုက်က ၎င်း၏ လူမှုကွန်ရက်အကောင့်ဖြင့် ဝင်ရောက်မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းက “မင်းတို့မီဒီယာကလည်း သူများကို အပုတ်ချ မဟုတ်တမ်းတရားပြောမှ ထမင်းစားရတာလားကွာ။ -ာသည်မတွေတောင် မင်းတို့လောက် ဗလောင်းဗလဲမပြောတတ်ဘူး” ဟု ရိုင်းစိုင်းစွာ ရေးသားခဲ့ခြင်းဖြစ်သည်။ “အမတ်လောင်းဆိုသူက အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို နှိမ်ချပြီး ဥပမာပေး ဆဲဆိုတာဟာ သူ့ရဲ့ စိတ်ဓာတ်အောက်တန်းကျမှုကို ပြနေတာပါ။ Sex…

  • သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲ

    သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ယနေ့ နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ည ၇ နာရီ ၂၈ မိနစ်ခန့်တွင် သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်…