Category: News

  • ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ

    ဒေါ်ကြည်ပြာတို့အမှုနဲ့ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး ဝန်ကြီးထုတ်ပြောလာ

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်ဖြစ်တဲ့ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို စစ်ဆေး‌ပေးဖို့တိုင်ကြားထားတာနဲ့ပတ်သက်ပြီး တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ ၂ ဦး၊ ကြားသက်သေ ၉ ဦးတို့ကို နေ့စဉ်စစ်ဆေးကြားနာနေတယ်လို့ NUGဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီနေ့ ဒီဇင်ဘာ ၂၉ရက်မှာပြောပါတယ်။ ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ဟာ လူ့အခွင့်အရေးချိုးဖောက်တာ၊ အဂတိလိုက်စားတာနဲ့ အာဏာအလွဲသုံးစားလုပ်တာတွေရှိနေလို့ဆိုပြီး ဒီအပေါ်မှာစုံစမ်းစစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ယောက်က ပြီးခဲ့တဲ့လ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားထားတာဖြစ်ပါတယ်။ ဒီပေါ်မှာNUGအနေနဲ့စစ်ဆေးမှုကို ပွင့်လင်းမြင်သာစွာချမပြသေးဘဲ ကြန့်ကြာနေတာ၊ တိုင်ကြားသူ ၁၂ဦးကို ဒေါ်ကြည်ပြာတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပြန်တိုင်ကြားထားတယ်ဆိုတဲ့ကိစ္စတွေကြောင့် ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ ဝန်ကြီးချုပ်ရုံးဝန်ကြီးက NUGပြန်ကြားရေး PVTVကနေတဆင့် အခုလိုထုတ်ပြောလာတာပါ။ “ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးကထဲက ညစဉ် ၈နာရီမှ၁၀နာရီအထိသီးခြားအချိန်ပေးပြီး ဒီကိစ္စကို အမှန်တရားပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ တိုင်ကြားသူ ၁၂ဦး၊ အတိုင်ခံရသူ…

  • နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    နေပြည်တော်တိုင်းစစ်ဌာန စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    (၁) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံ၍ အကြမ်းဖက်စစ်ကော်မရှင်တပ်အား ဘက်ပေါင်းစုံမှ ထိုးနှက် တိုက်ခိုက်လျက်ရှိပါသည်။ (၂) ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နှင့် အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်က မဲရုံများ တည်ဆောက်ကာ အနီးအနားကျေးရွာမှ ပြည်သူများအား မဲထည့်ရန် ဖိအားပေး ဆောင်ရွက်လျက်ရှိပါသည်။ အတုအယောင်ရွေးကောက်ပွဲအား ဟန့်တားတိုက်ဖျက်နိုင်ရေးအတွက် နေပြည်တော်တိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့်အဆိုပါ ကျေးရွာများအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ (၃) အထက်ဖော်ပြပါကျေးရွာများရှိ စစ်ကော်မရှင်တပ်၏ အထိုင်စခန်းအချို့နှင့် မဲရုံနေရာများအား ရှင်းလင်းခဲ့ပါသည်။ စစ်ကော်မရှင်တပ်သား (၁၀) ဦးခန့် သေဆုံးပြီး အထိအခိုက်များစွာဖြင့် ဆုတ်ခွာ…

  • တောင်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးမှ ရုံးစောင့် စစ်တပ်ကို ဗုံးခွဲတိုက်ခိုက်ဟုဆို

    တောင်ဥက္ကလာပမြို့နယ် ထွေ/အုပ်ရုံးမှ ရုံးစောင့် စစ်တပ်ကို ဗုံးခွဲတိုက်ခိုက်ဟုဆို

    ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ‌ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ရဲနှင့် ပျူစောထီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်ပြောက် ကျားအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ သစ္စာလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စစ်သား၊ ရဲနှင့်လက်ပါးစေရပ်ကျေးအုပ်ချုပ်ရေးမှူးများရှိနေစဉ် လက် ပစ်ဗုံး (နာနတ်သီး) ၂ လုံးနှင့် လက်လုပ်မိုင်း ၂ တို့ဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “ရုံးထဲမှာ စခ၊ ရခတွေနဲ့ လက်ပါးစေ ရပ်ကျေးတွေရှိနေတဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ ဒဏ်ရာရတဲ့သူ တွေကို စံပြဆေးရုံကို…

  • ပုံပြင်ဟောင်းလေးတစ်ပုဒ်

    ပုံပြင်ဟောင်းလေးတစ်ပုဒ်

    “ကလင် ကလင် ကလင်….” စက်ဘီးဘဲလ်သံကြားလို့ ဒေါ်ကျော့ခိုင် ခေါင်းလေးမော့ကြည့်မိသည်။ “အန်တီရေ ဇွဲမာန် ရှိလား” “ရှိတယ် သမီးရေ။ အပေါ်ထပ်မှာ ပစ္စည်းတွေထည့်နေတယ်။ သားရေ အောက်ဆင်းခဲ့ဦး။ ဒီမှာ အေးမြလေး ရောက်နေတယ်” “ဟုတ် လာပြီ အမေရေ” အမေ့ကို အသံလှမ်းပြုရင်း စာအုပ်တစ်ချို့ကို သေတ္တာထဲထည့်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ “အေးမြ ထူးထူးဆန်းဆန်း ဘာလဲဟ” “နင် မနက်ဖြန် ကျောင်းသွားတော့မှာလေ။ အဲ့ဒါ ငါ့ကို မုန့်လိုက်ကျွေးဦး” “ဟာ… နင်ကလည်း ပစ္စည်းတွေ သိမ်းလို့ မပြီးသေးဘူးဟ” “လာပါဟာ ငါလွမ်းနေရမှာ။ ခဏလေး တစ်နေရာ သွားထိုင်ရအောင်ဟာနော်။ လာပါ ဇွဲမာန်ရာ” ချစ်သူရဲ့ အသံတိမ်ဝင်သွားပြီး မျက်ရည်လေးတွေ ဝိုင်းလာတော့ ကျနော်လည်း မနေနိုင်တော့ပြီ။ “အမေရေ…

  • ခင်ဦးမြို့နယ် စားသောက်ဆိုင်တန်း လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်းများ

    ခင်ဦးမြို့နယ် စားသောက်ဆိုင်တန်း လေကြောင်းဗုံးကြဲခံရအပြီး မြင်ကွင်းများ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက် စားသောက်ဆိုင်တန်းတစ်ခုကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စစ်လေယာဉ်နှစ်စီးက ဗုံးကြဲ၊ ပစ်ခတ်ခဲ့ပြီးနောက် တွေ့မြင်ရသော မြင်ကွင်းများဖြစ်သည်။ ခင်ဦးမြို့နယ်၊ မြေနီလျှိုကျေးရွာအရှေ့ဘက် ကုန်တင်ယာဉ်နှင့် ဆီသယ်ယာဉ်များ ရပ်နားလေ့ရှိသည့် စားသောက်ဆိုင်တန်းရှိ စတားလင့်အင်တာနက် အသုံးပြုသောနေရာနှင့် စားသောက်ဆိုင်တစ်ခုတို့ကို ဦးတည်ကာ မွန်းတည့် ၁၂ နာရီကျော်အချိန်၌ တိုက်လေယာဉ် တစ်စီး၊ MI 35 ရဟတ်ယာဉ် တစ်စီးတို့ ဖြင့် အကြိမ်ကြိမ် ပစ်ခတ်၊ ဗုံးကြဲခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော် အမျိုးသမီး တစ်ဦး၊ ၂၅ နှစ်ခန့် အမျိုးသမီးတစ်ဦး ၊ ၃၀ နှင့် ၄၀ ကြားအရွယ် အမျိုးသား ခြောက်ဦးတို့ နေရာမှာပင် သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူစဉ် တစ်ဦး သေဆုံးခဲ့သဖြင့်…