Category: News

  • အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေသူတို့ TikTok မှာ ကျက်စားလာ

    အမုန်းစကားနှင့် သတင်းမှား ဖြန့်ဝေသူတို့ TikTok မှာ ကျက်စားလာ

    ရေပန်းစားလာသည့် TikTok လူမှုကွန်ရက်ကို မြန်မာနိုင်ငံတွင် အပျော်အသုံးပြုခြင်းသာမက လူမျိုးရေး၊ ဘာသာရေးခွဲခြားသည့် အကြောင်းအရာများ အပါအဝင် နိုင်ငံရေးဝါဒဖြန့်ချိရန်၊ အမုန်းစကား၊ သတင်းတုနှင့် လုပ်ကြံသတင်းများ ဖြန့်ဖြူးရန် အသုံးချလာကြသည်ကို တွေ့ရသည်။ သီချင်းထဲမှ စာသားများ၊ ရုပ်ရှင်ဗီဒီယိုထဲမှ ပြောစကားများ၊ အသံများကို ယူကာ စက္ကန့်ပိုင်းမှ ၁ မိနစ်အထိရှိသည့် ဗီဒီယိုအတိုများ ပြုလုပ်ဖန်တီးကာ ဖြန့်ဝေနိုင်သော TikTok ကို မြန်မာနိုင်ငံတွင် သုံးစွဲသူ နေ့စဉ်နှင့်အမျှ တိုးတက်နေသည်။ ၂၀၁၆ တွင် တရုတ်နိုင်ငံ၌ စတင်အခြေပြုခဲ့သည့် TikTok သည် ၂၀၂၀ တွင် ကမ္ဘာတစ်ဝန်း၌ သုံးစွဲသူ သန်း ၈၀၀ အထိ ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် သုံးစွဲသူအရေအတွက် မည်မျှရှိသည်ကို မသိရသော်လည်း အထင်ကရ ကြော်ငြာသရုပ်ဆောင် ဖြူဖြူထွေးသည်…

  • အချစ်ဟောင်း အချစ်သစ် အချစ်တပတ်နွမ်း

    အချစ်ဟောင်း အချစ်သစ် အချစ်တပတ်နွမ်း

    ( ၁ ) ပြန်လည်ဆုံစည်းကြမယ် အချစ်ရယ် ကျွန်တော် ကိုမောင်မောင်ကို အတော်မကျေမနပ်ဖြစ်မိတယ်။ ဟုတ်တယ်လေ…. ကျွန်တော့်ပိုင်နက်ထဲက အစာကို လက်ရဲဇက်ရဲနဲ့ မခန့်လေးစား လုယူခဲ့တာကိုး။ ဒါကတော့…. မဖြစ်သင့်ဘူး….။ သူဘယ်လောက် ချမ်းသာချမ်းသာ… ကျွန်တော့်ထက် ဘယ်လောက်ဘဲ အဆင့်မြင့်မြင့်ပေါ့။ အခုတော့…. ကျွန်တော့်မှာ နေရခက်…. တွေးရခက်နဲ့ သူပေးထားတဲ့ လခကလည်း မနည်းဘူးလေ။ နောက်ပြီး ဆိုင်တစ်ခုလုံးမှာ ကျွန်တော် အခွင့်အရေးအရဆုံးပဲ။ ဒါပေမယ့် ကျွန်တော့်ကို စော်ကားခဲ့တယ်။ စောက်ဂရုစိုက်စရာမလိုဘူးဆိုတဲ့ အထာကို ပြခဲ့တယ်။ ” အင်း…. ကိုမောင်မောင် ခင်ဗျား ကျွန်တော်နဲ့ တွေ့တော့မယ်…. တောက်….” ကြိတ်မနိုင်ခဲမရ ကျိန်းဝါးကာ ခေါင်းလည်းများလှပြီ ဒါပေမယ့် သူမကြားဘူး။ သူ့ရှေ့မှာတော့ ခပ်တည်တည်ပဲပေါ့။ ငွေကြောင့်လား။ မန္တလေးမှာ ရည်းစားနဲ့…

  • ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…

    ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား…

    ဗိုလ်ချုပ်ထွန်းမြတ်နိုင် အဘတို့ကို ရက်စက်မှာလား… ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုတာ မအလစစ်တပ်ကို ငယ်နိုင်လို့တောင် ပြောလို့ရသလို ICJ အထိ မအလရဲ့တပည့်တွေကို ဖမ်းပြီး သက်သေရအောင် ပို့ထားနိုင်သူဖြစ်တယ်။ မြန်မာပြည်ကို အုပ်စိုးခဲ့ကြတဲ့ လူတွေကို ကြည့်ရင် ဘုရင်ခေတ်ကနေ လက်ရှိ မအေ-ိုးရဲ့ခေတ်အထိ ယတျာတွေ ဗေဒင်တွေ အင်းတွေ ဆင်ဖြူတော်တွေကို ယုံကြည်ခဲ့ကြတဲ့သူ အတော် များခဲ့တယ်။ အာဏာမြဲဖို့အတွက်ဆိုရင် ဖအေလဲ သ-တ်၊ ညီအကိုလဲ သ-တ်၊ ဆွေမျိုးသားချင်းလဲ သ-တ်၊ ပြည်သူတွေကိုပါ သ-တ်ခဲ့ကြတယ် မဟုတ်လားး။ အဲဒီအထဲမှာ မအလ ဖက်စစ်စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေက အဆိုးဆုံးပါ။ နေဝင်းဆိုရင် မြေးအရွယ် ရခိုင်မနဲ့ ယတျာချေတယ်။ သန်းရွှေက သူစောက်ခွက်ကို ဘုရားပုံထုပြီး ရွှေတိဂုံမှာ ထားတယ်။ ခင်ညွှန့်က မဟာမြတ်မုနိဘုရားကို ဗိုက်ဖေါက်ပြီး ဌာပနာယူရုံတင်မကဘူး…

  • ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်

    ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်

    စလင်းကနေ ဆင်ဖြူကျွန်းဘက် စစ်ကူလာတဲ့ စစ်သားတွေနဲ့ ခဲယမ်းတင်ကားကို ကြားဖြတ်တိုက်ခိုက်၊ ကားတွေမီးလောင်ပျက်စီး မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းဘက်ကို စစ်သားနဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်ပြီး စစ်ကူထွက်လာတဲ့ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ညပိုင်းက စစ်သားအင်အား ၁၅၀နဲ့ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ ကား၅စီးကို သာစည်ရွာ နဲ့ မိုးဝန်းရွာကြားမှာ ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “ယာဉ်တန်းနဲ့ လာချိန်မိုင်းဆွဲတာ။ လက်နက်ခဲယမ်းတွေ မီးလောင်ပေါက်ကွဲကုန်တယ်။ စစ်သားတွေကလည်း သာစည်ရွာက ဘုန်းကြီးကျောင်းထဲဝင်ပြေးတာ။ ခံစစ်ပြင်ထားတဲ့။ ခဲယမ်းတွေပေါက်ကွဲလို့ လမ်းဘေးက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တလုံးမီးထဲပါသွားတယ်”လို့မြို့ခံတဦးကပြောပါတယ်။ အခုလိုတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အလောင်းတွေ မီးထဲပါသွားတာကြောင့် အရေအတွက်ကိုတော့ အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်း စစ်အုပ်စုဆီကနေ လက်နက်ခဲယမ်းတွေ နယ်မြေရှင်း သိမ်းပိုက်နေတယ်လို့လည်း သိရပါတယ်။…

  • သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

    သက်သက်ခိုင်ရဲ့ PPPပါတီမှော်ဘီရုံးမှာ ဝိုင်းဖွဲ့ အရက်သောက်နေတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ

    ရန်ကုန်၊ မှော်ဘီမြို့နယ်မှာ အတုယောင်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် သက်သက်ခိုင်ရဲ့ PPPပါတီရုံးက ပျူစောထီးတွေ ဝိုင်းဖွဲ့ အရက်သောက်နေချိန် တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မနေ့ည ၁၁နာရီခန့်က သက်သက်ခိုင်ရဲ့ PPP ပါတီရုံးမှာ အရက်တွေဝိုင်းဖွဲ့သောက်စားနေတဲ့ ပျူစောထီးတွေကို မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “သက်သက်ခိုင်ပါတီရုံးထဲဝင် အရက်သောက်နေတဲ့ပျူစောထီးတွေကို မိုင်းနဲ့ခွဲတာ။ပြီးတော့ ပြန်ဆုတ်ချိန်မှာ လက်ပစ်ဗုံးတလုံး ပစ်သွင်းလိုက်တာဆိုတော့ အထိခိုက်ကရှိမယ်ဗျ”လို့မြို့ခံတဦးကပြောပါတယ်။ ဒီစစ်ဆင်ရေးကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ သက်သက်ခိုင်ရဲ့ PPPပါတီဟာ စစ်အုပ်စုကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲကို အင်တိုက် အားတိုက်လုပ်ဆောင်နေပြီး တော်လှန်ရေးတပ်တွေဘက်က ကိုကိုကြီးနဲ့ သက်သက်ခိုင်ရဲ့ ပါတီတွေကိုလည်း ရွေးကောက်ပွဲဆန့်ကျင်ရေးအဖြစ်နဲ့ စစ်ရေးပစ်မှတ်တွေထားတိုက်ခိုက်နေကြတာဖြစ်ပါတယ်။