Category: News

  • မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ

    မြန်မာကို ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် Basel Institute on Governance​ ဖော်ပြ မြန်မာနိုင်ငံဟာ ကမ္ဘာ​ပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance က ထုတ်ပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းနိုင်ငံ​ပေါင်း ၁၇၇ နိုင်ငံထဲမှာ မြန်မာက အန္တရာယ်အရှိဆုံး အဆင့် နံပါတ် ၁ နေရာမှာရှိ​နေတာပါ။ ဟေတီနဲ့ ကွန်ဂို နိုင်ငံ က ဒုတိယ နဲ့ တတိယအဆင့်လို့ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် Basel AML Index 2025 အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း…

  • အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    အမေကိုRapeလုပ်တဲ့အပြင်ကလေးတွေကိုလည်းရို-က်ခဲ့တဲ့မြင်ကွင်းကစိတ်ထိခိုက်တယ်

    “အမေဖြစ်သူကို အဓမ္မပြုကျင့်ရုံတင်မကဘူး၊ နောက်ကျောကို ဓားနဲ့ အချက်များစွာထိုးပြီး လည်ပင်းကိုလည်း လှီး ထားသေးတယ်။ ပြီးတော့ သေပြီအထင်နဲ့ ချောက်ထဲပြစ်ချခဲ့တယ်။ ပြီးမှ (၈) နှစ်အရွယ်သားလေးကိုလည်း တုတ်နဲ့ ထုထားတာထင်တယ်။ ကျွန်တော်တို့တွေ့တော့ အစာတောင်ပါးစပ်ဝမှာဆို့နေတယ်။ အခုဆေးရုံမှာ ဦးနှောက်က သွေးခဲနေပြီး ကယောင်ကတမ်းတွေနဲ့ မေမေ့ကိုမလုပ်ပါနဲ့ သားကြောက်တယ် ဆိုပြီး အော်နေတယ်။ (၃) နှစ်အရွယ်သမီးလေးကိုလည်း တုတ်နဲ့ထုထားပုံရတယ်။ အိမ်ပေါ်လေးမှာ သွေးတွေနဲ့ နောက်စေ့မှာချုပ်လိုက်ရတယ်။ လက်လုပ်လက်စားမိသားစုဘဝလေးမို့ မေမေခိုင်ကို ကူညီပေးပါအုံးလို့ပြောကြားရင်းဖြင့်” ရိုးသားစွာလုပ်ကိုင်စား​သောက်နေတဲ့ သားအမိ (၃) ယောက်ရဲ့မတွေးရဲစရာအဖြစ်ဆိုးကြီးနဲ့ ကျူးလွန်သူ ရာဂသမား တို့အကြောင်းပြောပြလာသူ ကိုဝေလင်း နှင့် မအေးသန္တာ “မွေးထားတဲ့ သားတွေ၊သမီးတွေကို ငယ်ငယ်ကတည်းက အခုအိမ်ထောင်ကျတဲ့အထိ လက်နဲ့တု-တ်နဲ့တောင်မရွယ်ပဲ အလိုလိုက်ချစ်ပေးခဲ့တာပါ။အခုလိုလူမဆန်တဲ့လုပ်ရပ်နဲ့ လုပ်သွားတော့ စကားအများကြီးမပြောတတ်ဘူး။ တွေ့တဲ့နေရာမှာ that…

  • တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    တပင်လဲလို့တပင်ထူဦးမယ်ဆိုတဲ့ မိခင်များသို့…..

    မုန့်ခိုးစားလို့ဆိုပြီး ပ-ထွေးက မယားပါသား 6 နှစ်အရွယ်က-လေးရဲ့ပါးစပ်ကို သရေကွင်းနဲ့အကြိမ်ရေမနည်းပ-စ်တဲ့အပြင် ပါး-ကိုပါ ထပ်ရို-က်နေတဲ့ Video ဖိုင်ကို က-လေးရဲ့အမေကိုယ်တိုင် ဆိုရှယ်ပေါ်တင်ခဲ့ပါတယ် ။ ပ-ထွေးက ကိုယ့်ရဲ့သားကို ဒီလောက်ထိ လုပ်နေတာကို နင်ဘာကြောင့် မပြော၊ မတားတာလဲ မေးကြတော့ သူတို့သားအမိဟာ ခုလက်ရှိယောင်္ကျားအိမ်မှာ မှီခိုနေ နေရတာမို့လို့ သူ့မှာလဲ တားပိုင်ခွင့် ပြောပိုင်ခွင့်မရှိဘူးတဲ့လေ 🙄 ဒါတောင် ဒီယောင်္ကျားနဲ့ နောက်ထပ် ကလေးတစ်ယောက်ထပ်ယူဖို့စီစဉ်နေတဲ့အပြင်၊ အပြင်မှာ လက်ရှိ ကလေး 6 ယောက်အမေပါတဲ့။ အပြင်က ကလေးကိုတောင် ကာကွယ်ပေးမနိုင်တဲ့အမေက ဒီလင်သစ်နဲ့ နောက်ထပ် ကလေးတစ်ယာက်ထပ်ယူအုံးမယ်တဲ့လေ 🤔 နောက်ဆုံး ပရဟိတ အသင်းက ဒီသတင်းကိုတွေ့ပြီး က-လေးကို လာရောက်ခေါ်ဆောင်သွားကြပြီးပ-ထွေးအားက-လေးသူငယ်-ညှင်း-ပန်းနှိ-ပ်စက်မှုနဲ့ အမှုဖွင့် တိုင်ကြားထားပါတယ် က-လေးကိုမေးတော့ ပ-ထွေးက…

  • မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    မိုးကုတ်မြို့တွင် စစ်ကော်မရှင် တပ်စွဲထားသည့် ပြည်သူ့ဆေးရုံ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရ

    ရှမ်းပြည်နယ် – မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်ရောက်တပ်စွဲထားသည့် ပြည်သူ့ဆေးရုံကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) ညနေပိုင်းတွင် စစ်ကော်မရှင်တပ်ဖွဲ့ ပြန်လည်ဝင်ရောက် တပ်စွဲထားသည့် မိုးကုတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် အနီးတစ်ဝိုက်ကို တော်လှန်ရေးအင်အားစု PDF တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့က မိုးကုတ်ဆေးရုံနဲ့ အနီးတစ်ဝိုက်ကို ကြဲသွားတာဗျ။ ထိခိုက်သေဆုံးတာမျိုးတော့ အတိအကျ မသိဘူး။ ၆ လုံးချတယ်လို့လည်း ပြောတယ်။ အခုမနက်လည်း ညောင်သုံးပင်နားနဲ့ အုန်းကိုင်းရွာသစ်ဘက်မှာ ပစ်ခက်တဲ့ အသံကြားတယ် အတိအကျတော့ မသိရသေးဘူး”ဟု မိုးကုတ်မြို့မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦး‌က ပြောသည်။ အလားတူ ယနေ့ (ဒီဇင်ဘာလ…

  • ဆုံကုန်းအမြောက်တပ်ကို အင်အား ၆၀၀ ခန့် ပို့

    စစ်မှုထမ်းသစ်များ ထွက်မပြေးနိုင်ရန် စောင့်ကြည့် အဖွဲ့ကိုပါ စီစဉ်ထား ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းအစပ်ရှိ နတ်ရေကန်ဗျူဟာကို စစ်ကူပို့ရန်အတွက် အင်အား ၆၀၀ ခန့်ရှိ စစ်ကော်မရှင်ယာဉ်တန်းကို ပဒါန်းရှိဆုံကုန်းအမြောက် တပ်အတွင်း စုစည်းခိုင်းထားကြောင်း သိရသည်။ အင်အားအပြည့်ပါသော စစ်ယာဉ်တန်း ၂၈ စီးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့က မကွေး တံတားကိုဖြတ်ပြီး အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မစခ-၉၀၅ အတွင်းသို့ ဝင်ရောက်သွား ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ရိက္ခာသယ်လာတဲ့ယာဉ်တွေကိုပါ ဇင်ပြွန်းဘက်ကို ဆက်တိုက်ပို့တယ်။ ယာဉ်တန်းတွေ ထွက်လာ ချိန်ဆိုရင် အမြောက်တပ်ကနေ အတွဲလိုက်ဒုံးတွေနဲ့ ဆက် တိုက်ပစ်ပေးနေတယ်။ တပ်သားသစ်တွေ ထွက်ပြေးတာများလို့ စောင့်ကြည့်အဖွဲ့တွေကိုပါ လွှတ်ထားတယ်လို့ သိရတယ်”ဟု စစ်ရေးသတင်းရင်း မြစ်က ပြောသည်။ စစ်ယာဉ်တန်းများအတွင်း လိုက်ပါလာသည့် တပ်ဖွဲ့ဝင်အများစုသည်…