Category: News

  • စစ်ခေါင်းဆောင် မအူပင်မြို့ရောက်လာချိန် မီးလောင်

    စစ်ခေါင်းဆောင် မအူပင်မြို့ရောက်လာချိန် မီးလောင်

    ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာ ၂၃ ရက်ဒီကနေ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတဲ့အချိန်မှာ မီးလောင်မှုဖြစ်လို့ ရုတ်ရုတ်သဲသဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မအူပင်မြို့ခံ တယောက်က “မင်းအောင်လှိုင် လာဖို့ရှိတယ်ကြားတာတော့ကြာပြီ၊ နိုဝင်ဘာ ၁၉ ရက်ကတည်းကကြားတာ။ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့မနက်မှ ရောက်လာတာ။ ခလရ ၂၇ တပ်မှာ အသင့်လုပ်ထားတဲ့ ဟတ်စကီးကွင်းမှာဆင်းပြီး အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ်ကျောင်းဖွင့်ပွဲ သွားတာ။ သူ လာမှပဲ မွေးမြူရေးနဲ့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းအနားမှာရှိတဲ့ အောင်ဆုပန် ၁ ရပ်ကွက်မှာ မီးလောင်မှု ဖြစ်ပွားနေလို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်”လို့ ပြောပါတယ်။ စစ်ခေါင်းဆောင် ရောက်နေတာကြောင့် မအူပင်မြို့ပေါ်လမ်းတွေမှာ လမ်းထိပ်တထိပ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်…

  • တက္ကသိုလ်ကျောင်းသားတွေ မဲမပေးရင် ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်​နေ

    တက္ကသိုလ်ကျောင်းသားတွေ မဲမပေးရင် ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီ ခြိမ်းခြောက်​နေ

    စစ်ကောင်စီ ရွေးကောက်ပွဲကို တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေ မဲမပေးပါက ကျောင်းအပ်လက်မခံဘူးလို့ ကျောင်းသား၊ကျောင်းသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့ရက်မှာ အသက်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိတဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေဟာ သက်ဆိုင်ရာမြို့နယ်ပြင်ပမှာရှိတဲ့တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ တတ်ရောက်နေချိန်ဖြစ်တယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဒါကြောင့် မဲစာရင်းမှာပါပြီး တက္ကသိုလ်တက်ရောက်ရမယ့်ကျောင်းသားကျောင်းသူတွေအနေနဲ့ မိမိတို့ မဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲပေးဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ မဲမပေးတဲ့ ကျောင်းသား၊ကျောင်းသူတွေကို တက္ကသိုလ်တက်ရောက်ဖို့ ကျောင်းအပ်လက်မခံဘူးလို့ စစ်ကောင်စီခန့် ဆရာ၊ဆရာမတွေက ပြောဆိုခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ “မဲမပေးရင် ကျောင်းအပ်လက်မခံဖို့ အထက်ကညွှန်ကြားထားတယ်ဆိုပြီးပြောတယ်။ ဒါကသက်သက်ခြိမ်းခြောက်တာပါ။ ကိုယ်ကြိုက်ရင်ပေးမယ် မကြိုက်ရင်မပေးဘူးပေါ့” လို့ တက္ကသိုလ် တတိယနှစ် ဥပဒေကျောင်းသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ကြိုတင်ဆန္ဒမဲပေးပြီးကြောင်းသက်သေခံလက်မှတ်ပါမှသာ ကျောင်းအပ်လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အလားတူ မန္တ​လေးမြို့မှာလည်း စစ်တပ်ရွေးကောက်ပွဲအတွက် တက္ကသိုလ်…

  • စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း အိမ်ဖြူတော်နဲ့ တရုတ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ

    စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း အိမ်ဖြူတော်နဲ့ တရုတ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ

    အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ တရုတ်သံရုံး​မှာ အမေရိကရောက် မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမြန်မာတွေဟာ “WE SAY NO TO SHAME ELECTIONS” ၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပြုနဲ့” စာသားတွေကိုင်ဆောင်ကာ တရုတ်သံရုံးရှေ့မှာ ဦးစွာ ကြွေးကြော်ဆန္ဒပြခဲ့ပြီးနောက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့သို့ ချီတက်ခဲ့ကြပါတယ်။ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးတို့အတွက် ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ- KyawSoe Latt

  • ဆေးရုံက အတည်ပြုမှတ်ချက် ခလေးဆုံးသွား ရတဲ့အကြောင်းရင်း ထွက်လာပါပြီ

    ဆေးရုံက အတည်ပြုမှတ်ချက် ခလေးဆုံးသွား ရတဲ့အကြောင်းရင်း ထွက်လာပါပြီ

    13ရက်နေ့ ည8နာရီက အဖေဖြစ်သူက အလုပ်ရှိလို့ ခလေးကို အိမ်အရင် လိုက်ပို့ပေးခဲ့တယ်။ ခလေးက အိမ်မှာ တယောက်ထဲ ကျန်နေခဲ့ပီး၊ 13ရက်နေ့ ည11နာရီ လောက် ကစားစရာ ကားလေး ကိုင်ပီး အိမ်ထဲက ထွက်လာတယ်။ 13ရက်နေ့ ညထဲက ဆုံးနေခဲ့ပီး ခလေး အလောင်းကို 14ရက်နေ့၊ ညနေ 4နာရီ နောက်ပိုင်း အိမ်နဲ့ 500မစ် အကွာ၊ ကားလမ်းဘေးမှာ၊ တွေ့ခဲ့ကြတယ်။ ခလေးပျောက်ပျောက်ခြင်း မတိုင်တာရယ်၊ သရေခွံတွေ၊နားရွက် တွေမရှိ၊ ရဲကို အရင်မတိုင်တာရယ်၊ အလောင်းကို ရေချိုးပေးတော့ ခလေးဆုံးရတာ အဖေကို မသင်ကာ ခဲ့ကြဘူး။ အလောင်းကို ဆေးရုံပို့ စစ်ဆေး ရလာတဲ့ အဖြေက ခလေးရဲ့ ကိုယ်မှာ ဒဏ်ရာ အချက် နေရာ…

  • ပိုင်အုပ်စိုးအောင်ကိစ္စ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတဲ့ ဘုန်းမင်းနေလ

    ပိုင်အုပ်စိုးအောင်နဲ့ သူငယ်ချင်းအရင်းကြီးဖြစ်ပေမယ့် အခုဖြစ်နေတဲ့ ဂယက်တွေထဲမှာ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတဲ့ ဘုန်းမင်းနေ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင် တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု… ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai…