Category: News
-

ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ
ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊…
-

နာရေးအိမ်ကို စစ်တပ်ဗုံးကြဲ
ဗန်းမော်မှာ နာရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆုတောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦးမနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။ “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။ ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့ပြောပါတယ်။ ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ကျေးရွာမှာဒေသခံတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလာရောက်ခိုလှုံနေကြတာလည်းရှိတယ်လို့သိရပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ…
-

စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ
လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးကပြောသည်။ ထောင်ပိုင်မောင်ဦးကိုဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကပြောဆိုသည်။ “၁၂ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းကထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။ စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက…
-

Forbidden Land of Yin Mountain
Forbidden Land of Yin Mountain (2026) စိတ်ဝင်စားစရာကောင်းတဲ့ တရုတ်ရှေးဟောင်းသင်္ချာနဲ့ နက္ခတ်ဗေဒပညာတွေကိုအသုံးပြုပြီးဖြေရှင်းသွားတဲ့ ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းရေး အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ပိုင်းမှာ ကျာဖန်ဆိုတဲ့လူငယ်လေးဟာ မိသားစုရဲ့ဇာစ်မြစ်ကိုမသိပဲ သာမန်သော့ပြင်ဆရာလေးတစ်ယောက်အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းနေခဲ့ပါတယ်။ တနေ့မှာတော့ လူဆိုးကြီးတစ်ယောက်လှည့်ဖျားတာခံရပြီးတော့ ကြီးမားတဲ့ယင်းတောင်တားမြစ်နယ်ထဲကိုရောက်သွားပါတယ်။ လူဆိုးတွေရဲ့ခြိမ်းခြောက်မှုနဲ့ ရတနာတွေရဲ့သွေးဆောင်မှုတွေကြားမှာ ကျာဖန်တစ်ယောက် ဘယ်လိုရှင်သန်မလဲ? သူက သင်္ချိုင်းထဲကသေစေနိုင်တဲ့ထောင်ချောက်တွေကို မိရိုးဖလာပညာတွေနဲ့ဖြေရှင်းရင်းနဲ့မှ ဘိုးဘေးတွေကဒီသင်္ချိုင်းကိုဘာကြောင့်တည်ဆောက်ခဲ့ရသလဲဆိုတာ နားလည်လာခဲ့ပါတယ်။ ကျာဖန်ဟာဘာမှနားမလည်တဲ့ သာမန်လူငယ်လေးအဖြစ်ကနေ ကိုယ့်ရဲ့ဇာစ်မြစ်မျိုးရိုးပညာရပ်ကိုနားလည်သွားပြီးတော့ မကောင်းဆိုးဝါး လူဆိုးတွေကိုနှိမ်နင်းသွားမယ် သူရဲကောင်းလေးအဖြစ်ပြောင်းလဲလာတာပဲဖြစ်ပါတယ်။
-

ခလရ ၂၇၅ အတိုက်ခံရပါက မြဝတီမြို့ ၁၈ နေရာကို စစ်တပ်က ဗုံးကြဲမည်
ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ နေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်တုံ့ပြန်သွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ တပ်မ ၂၂ တပ်မမှူးရဲ့ ပြောဆိုထားပါတယ်။ ဒါဟာခြိမ်းခြောက်တာဖြစ်လို့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တုံ့ပြန်လာနိုင်တယ်လို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၉ ရက်က မြဝတီမှာအခြေစိုက်ထားတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဆက်ဆံရေးရုံးက ရုံးထိုင်မှူးတွေနဲ့ တပ်မ ၂၂ တပ်မမှူးတို့ တွေ့ဆုံခဲ့တာမှာ ခလရ ၂၇၅ တပ်ရင်း တိုက်ခိုက်ခံရရင် မြဝတီမြို့ရဲ့ နေရာ ၁၈ ခုကို လေကြောင်းကနေ ဗုံးကြဲမယ်လို့ တပ်မ ၂၂ တပ်မမှူးက ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး…