Category: News

  • ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ် ရန်ကုန်မြို့တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး သိသာစွာ ခံစားခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ် အများအပြားမှ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း၊ ထို့ပြင် အထပ်မြင့်တိုက်ပေါ်တွင် နေထိုင်သော ပြည်သူများလည်း လမ်းမပေါ် ပြေးဆင်းမှုများ ရှိကြောင်း သိရသည်။ “ငလျင်လှုပ်တာ အိမ်က ရမ်းနေတာ ပထမတော့ ခေါင်းမူးနေတယ်ထင်တာ ရပ်ကွက်ထဲ ငလျင်လှုပ်တယ် အော်တော့မှ အိမ်ပေါ်ကနေ ပြေးဆင်းရတယ်။ အိမ်တွေလည်း ရမ်းသွားတယ်။ အထပ်မြင့်တိုက်ပေါ်က…

  • သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေကပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး…

  • ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ကောင်းမွန်စွာနေထိုင်တဲ့ ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ … 😒 မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီလောက်က ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်းသူ ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မဲဆောက်မြို့က နေအိမ်တန်းလျား၊ ကျောင်းသားတွေ စုနေတဲ့ အိမ်ခန်း၊ ဆိုင်ခန်း၊ ဈေးဆိုင်နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲမှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ဆိုင်ကယ် ပျောက်ဆုံးသူတယောက်က ပြောပါတယ်။ ခိုးယူသူတွေဟာ ဆိုင်ကယ်တစီးလုံးသာမက တစစီ ခိုးယူဖြုတ်ရောင်းချတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်း ၂ ယောက်ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ သိရပါတယ်။

  • တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ထ

    တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့ 68 Spa အနှိပ်ခန်း မိန်းကလေးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက် အနှိပ်လာခံသည့် တရုတ်ဧည့်သည်နှင့် ကာမဆက်ဆံရန် ငြင်းဆန်သဖြင့် မူဆယ်မြို့၊ 68Spa အနှိပ်ခန်းမှ မိန်းကလေးတစ်ဦးကို မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့ကြောင်း နစ်နာသူနှင့် နီးစပ်သူများထံမှ သိရသည်။ မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ ယင်းအနှိပ်ခန်းသို့ ဇန်နဝါရီ ၁၆ ရက် ည ၁၀ နာရီတွင် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသား ၂ ဦးသည် နမ့်ခမ်းမြို့မ ပြည်သူ့စစ် ၅ ဦီးဖြင့် လာရောက်ခဲ့ပြီး အနှိပ်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် ည ၁၀နာရီခွဲ တွင် တရုတ်နိုင်ငံသား တစ်ဦးက နှိပ်နင်းပေးနေသည့်…

  • AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ ‎ အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။ ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။ ‎ “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ…