Category: News
-

ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ
ပခုက္ကူ-မြိုင်လမ်းပိုင်းက စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က အင် ပင် ကျေးရွာတောင်ဘက်မှာ အထိုင်ချတပ်စွဲထားပြီး ဂိတ်ဖွင့်စစ်ဆေးနေတဲ့ စစ်ကောင်စီဂိတ်ကို အောင်မြေပြောက်ကျားတပ်ဖွဲ့နဲ့ ပကဖ- လက်နက်ကြီး- COBRAONE Pakokku တပ်ဖွဲ့တို့က ရှော့တိုက်ဒုံး လေးလုံးနဲ့ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။ ရှော့တိုက်ဒုံးတွေဟာ ဂိတ်အနီး သုံးလုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ “အင်အားငါးဆယ်ကျော်လောက်ရှိတယ်။ ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေကလည်းတော်တော်ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာ။ပခုက္ကူတပ်မ ၁၀၁ကနေ စစ်ကြောင်းထိုးတာတွေ၊ ရိက္ခာကားတန်းတွေထွက်ချင်ရင် အဲဂိတ်ကိုအင်အားစုနားပြီးမှထွက်တယ်”လို့ COBRAONE Pakokku…
-

မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ
မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။…
-

အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး
AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး စစ်မှုထမ်းတပ်သားများကို WY မူးယစ်ဆေးဝါးနှင့်အရက်များကို စစ်တပ်က ပြန်ရောင်းပေး AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင် အား ၁၁၈ ဦးပါ စစ် ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံးသွားခဲ့ကြောင်း AA ထံတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်း စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ပြောဆိုသည်။ စစ်မှုထမ်းတပ်သား ချစ်ကိုဇင်သည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရမှုကြောင့် စစ်ထဲသို့ ရောက်ရှိလာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅…
-

ကာကွယ်ဆေး မရှိ၊ သေဆုံးနှုန်း မြင့်မားသည့် နီပါဗိုင်းရပ်စ်အန္တရာယ်
နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှတဆင့် လူသို့ ကူးစက်တတ်သည့် အလွန်အန္တရာယ်ရှိသော ရောဂါပိုးဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ထပ်တလဲလဲ ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၌ အဆိုပါရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ နီပါဗိုင်းရပ်စ်သည် Henipavirus မျိုးနွယ်အုပ်စုတွင်ပါဝင်ပြီး အသီးစားလင်းနို့များထံမှ အဓိက ကူးစက်ခြင်းဖြစ်သည်။ ၎င်းလင်းနို့များ စွန့်ပစ်ထားသော မသန့်ရှင်းသည့် အစားအစာများ သို့မဟုတ် တိုက်ရိုက်ထိတွေ့မှုများမှတဆင့် လူသားများထံ ကူးစက်ပျံ့နှံ့တတ်သည်။ လူများတွင် နီပါဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် အပျော့စားလက္ခဏာများမှသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသက်သေဆုံးနိုင်သည့် ဦးနှောက်ရောင်ရောဂါများအထိ ဖြစ်ပွားနိုင်သည်။ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သတ်မှတ်ထားသော ကုသဆေး မရှိသေးသည့်အပြင် ယခင်ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ…
-

မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်
မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် အရာရှိတချို့ကို ဖမ်းဆီးထားတယ်လို့ဆို မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်တပ်စခန်းတွေ အနီးရှိ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး အချိန်အတော်ကြာ မီးငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ ခန့်က မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဘယ်က စလောင်တာတော့ မသိဘူး။ မနက်ကတည်းက ဆူညံနေတာ။ မြို့နဲ့တော့ လှမ်းပေမယ့် မကွေးသွားတဲ့ လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်ထားရတယ်။ ကားလမ်းပေါ် မီး သတ်ကားတွေကော တပ်က ရေသယ်ကားတွေ ရှုပ်ယှက်ခက်နေတာ။ မီးကို မင်းလှလမ်းဆုံ ကနေ လှမ်းမြင်နေရတယ်” လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု…