Category: News

  • နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေး

    အင်းတော်မြို့နယ်၊ နဘားရွာက မီးရထား CDMဝန်ထမ်း ၈ဦးကို ပကဖအဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး အကျယ်ချုပ်ချထား အင်းတော်မြို့နယ်၊ နဘားကျေးရွာက CDM မီးရထားဆေးမှူးနဲ့ဝန်ထမ်း စုစုပေါင်း (၈)ဦးကို အင်းတော်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေး(ပကဖ)အဖွဲ့က ဖမ်းဆီးရိုက်နှက်စစ်ဆေးပြီးနောက် အကျယ်ချုပ်ချထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ နဘားကျေးရွာရဲ့ ဓာတ်ပုံတွေပျံ့နှံ့လာတာကြောင့် လုံခြုံရေးသတင်းပေါက်တယ်ဆိုတဲ့သံသယနဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီလောက်မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးပြီးရိုက်နှက်စစ်ဆေးခဲ့ကြောင်း နဘားကျေးရွာဒေသခံသုံးဦးက အတည်ပြုပြောဆိုပါတယ်။ “ဖမ်းတာက နဘားဘက်ကနေသတင်းပေါက်တယ်ဆိုပြီး စွပ်စွဲပြီး သံသယနဲ့ ဖမ်းသွားတာ။ ပေါက်တာကို သေချာရှာမစစ်ပဲနဲ့ အသလွတ်ကြီး ဖမ်းသွားတာ။ အဲ့ထဲမှာ မီးရထားဆေးမှူးက ပညာတတ်တော့ သူတို့(ပကဖ)ကို ချက်နဲ့ လက်နဲ့ ဒဲ့ပြောတော့ အဲ့လိုပြောရမလားဆိုပြီး မျက်နှာကိုလက်သီးနဲ့ တစ်ချက်ထိုးတယ်။…

  • “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

    တောင်တွင်းကြီးတွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ်ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် ကြံ့ဖွတ်ပါတီ ဆိုင်းဘုတ်ထောင်၍ “လာရဲတဲ့ PDF လာခဲ့” ဟု စိန်ခေါ်ထားသော စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ကိုချောင်ဖုန်းက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တောင်တွင်းကြီးမြို့နယ်၊ တလုတ်ကုန်းကျေးရွာတွင် နေထိုင်သော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် ကြံ့ဖွတ်ပါတီဝင် မြင့်စိန်နှင့် မယား လှကြည်တို့ကို ၎င်းတို့ နေအိမ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ ၂…

  • ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ

    ဟိုပုံးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးအတွက် စစ်တပ်အရာရှိငယ်အချို့ စမူဆာ လိုက်ရောင်းပေးနေရ စစ်မှုထမ်းလူသစ်များကို လေ့ကျင်သင်ကြားပေးသည့် စစ်ကောင်စီ၏ ကျောင်းတစ်ကျောင်းဖြစ်သည့် ရှမ်းတောင်၊ ဟိုပုံးမြို့မှာရှိတဲ့ စစ်တပ် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သန့်ထင်စိုးက ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ထားရာ ၎င်းလက်အောက်ရှိ စစ်တပ်အရာရှိငယ်အချို့က ကျောင်းအုပ်ကြီးရောင်းသည့် စမူဆာကို စစ်မှုထမ်းသင်တန်းသားများထံ လိုက်လံရောင်းချပေးနေရကြောင်း ဟိုပုံးကျောင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ကိုးကန့်တပ်ဖွဲ့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် ဗိုလ်မှူးချုပ်သန့်ထင်စိုးသည် ကျောင်းအတွင်း စစ်မှုထမ်းသင်တန်းသားများ၏ လစာထဲမှ အားကစားဝတ်စုံ၊ အဝတ်အစား၊ ပေါက်တူး၊ ရေချိုးစီးဖိနပ်စသည့် ပစ္စည်းများ အကြောင်းပြကာ ဖြတ်တောက်နေသည့်အပြင် ကျောင်းအတွင်း မုန့်ဆိုင်ဖွင့်ပြီး ပေါင်မုန့်ကြက်ဥကြော်၊ ဂျုံလုံးကြော်စသည်တို့ကို မဝယ်မနေရ ရောင်းချကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ကျောင်းအုပ်ကြီး စမူဆာ၊ ကျောင်းအုပ်ကြီး ပေါင်မုန့်ကြက်ဥကြော်၊…

  • နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    ဗန်း​မော်မှာ နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်း​သေဆုံး အများအပြားဒဏ်ရာရ ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်​တွေကပြောပါတယ်။ “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။ ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့​ပြောပါတယ်။ ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေ​ပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ​ကျေးရွာမှာ​ဒေသခံ​တွေအပြင် စစ်​ဘေး​ရှောင်ပြည်သူ​တွေလာ​ရောက်ခိုလှုံ​နေကြတာလည်းရှိတယ်လို့သိရပါတယ်။ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ…

  • စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ဖမ်းဆီးခံရ

    လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းတချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများမှာ စစ်တွေထောင်ပိုင်မောင်ဦး၊ ထောင်အရာရှိသူထွန်းကျော်နှင့်နောက်ထပ် ထောင်ဝန်ထမ်း၃ ဦးတို့ဖြစ်ကြသည်ဟု အမည်မဖော်လိုသည့် အကျဉ်းထောင်ဝန်ထမ်းမိသားစုတစ်ဦးကပြောသည်။ ထောင်ပိုင်မောင်ဦးကိုဇန်နဝါရီလ ၁၈ ရက်ည ၁၀ နာရီခန့်တွင်စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းကပြောဆိုသည်။ “၁၂ရက်နေ့ ည ၈ နာရီမှာ စရဖက ထောင်ကို ဝင်စစ်ခဲ့တာရှိတယ်။ အဲ့ဒီနေ့ကတည်းကထောင်ထဲမှာ ထောင်သားဆီက ဖုန်းတွေ့လို့ ဒုအရာခံအပါအဝင် ထောင်ဝန်ထမ်း ၄ ယောက်၊ထောင်သား ၂ ယောက် အရေးယူခံရပြီး ထောင်ပိုင်အစစ်ဆေးခံနေခဲ့ရတာ။ ၁၈ရက်နေ့ကမှ ထောင်ပိုင်ကို ဖမ်းသွားတာပါ” ဟု ၎င်းက ပြောသည်။ စစ်တွေထောင်တွင်ဘင်္ဂလားဒေ့ရှ်မှမွတ်ဆလင် အကျဉ်းသားနှင့် ရခိုင်မှ မွတ်ဆလင် အကျဉ်းသား အချင်းချင်းရန်ဖြစ်ကြစဉ် ဘင်္ဂလားဒေ့ရှ် မွတ်ဆလင် အကျဉ်းသားများက…