Category: News

  • ဇန်နဝါရီ ၂၁ မှစ၍ အအေးပိုမည်၊ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်

    ဇန်နဝါရီ ၂၁ မှစ၍ အအေးပိုမည်၊ အပူချိန် ၄ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်

    တရုတ်မှ အလယ်အလတ်အဆင့် လေဖိအားများရပ်ဝန်းသစ် ဝင်ရောက်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင် ထားရန် ထိုင်းမိုးလေဝသဌာန (TMD) က ၂၀၂၆ ဇန်နဝါရီ ၁၉ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက် သည်။ ယင်းလေအေးများသည် ထိုင်းနိုင်ငံအထက်ပိုင်းနှင့် တောင်တရုတ်ပင်လယ်ပြင်သို့ ပျံ့နှံ့ရောက်ရှိလာမည် ဖြစ်ရာ ဇန်နဝါရီ ၂၁ ရက်မှ ၂၅ ရက်အတွင်း ဒေသအများစုတွင် အပူချိန် နှစ် မှ လေး ဒီဂရီစင်တီဂရိတ်အထိ သိသိသာသာ ကျဆင်းသွားနိုင်သည်။ ထိုင်းနိုင်ငံအထက်ပိုင်းတွင် ဦးစွာ အပူချိန် တ ဒီဂရီစင်တီဂရိတ် မှ သုံး ဒီဂရီစင်တီဂရိတ်ခန့်အတွင်း ကျဆင်းပြီး အေးမြသော ရာသီဥတု ဖြစ်ပေါ်မည်ဖြစ်သည်။ ထိုင်းမြောက်ပိုင်း နံနက်ပိုင်းတွင် မြူထူထပ်ပြီး အေးမြမည်ဖြစ်သည်။ အနိမ့်ဆုံးအပူချိန် ၁၁ မှ ၁၈ ဒီဂရီ…

  • ကသာကို ဆက်တိုက်ဗုံးကြဲ

    ကသာကို ဆက်တိုက်ဗုံးကြဲ

    စစ်ကိုင်းတိုင်း ကသာမြို့ကို စစ်ကော်မရှင်က နေ့စဥ် လေကြောင်းဗုံးကြဲလျက်ရှိရာ စေတီကုန်း၊ မိဿလင်၊ နတ်ရေတွင်း၊ ကြံတော၊ အောင်ပုံ စသည့် ကျေးရွာနှင့် ရပ်ကွက်များ မီးလောင်သွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၅ ဒီဇင်ဘာ ၂၇ ရက်မှစ၍ တော်လှန်ရေးတပ်များက ကသာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသလို စစ်တပ်ဘက်မှ Y 12၊ ဂျက်ဖိုက်တာများအပြင် ဒရုန်းများဖြင့်ပါ နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေခြင်း ဟု ဆိုသည်။ ဒေသခံတဦးက ”မြို့တွင်းကွက်ကွက်လေးပဲ မပျက်စီးဘဲ ကျန်တော့တယ်။ စေတီကုန်း၊ မိဿလင်ဘက်ဆိုရင် ဟင်းလင်းပြင် ဖြစ်နေပြီ။ ကသာမြို့က ကြိုဆိုပါ၏ ဆိုင်းဘုတ်လောက်မှာပဲ ကောင်းတာလေး ကွက်ကွက်လေးကျန်နေတယ်။ တိုက်ပွဲက ၇ ရက်နေ့ တရက်ပဲနားပြီး ထပ်ဖြစ်နေတာ။ နေ့တိုင်းဗုံးကြဲနေတာ”ဟု ပြောသည်။ ကသာမြို့တွင်…

  • ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့

    ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ် ရန်ကုန်မြို့တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး သိသာစွာ ခံစားခဲ့ရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ် အများအပြားမှ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း၊ ထို့ပြင် အထပ်မြင့်တိုက်ပေါ်တွင် နေထိုင်သော ပြည်သူများလည်း လမ်းမပေါ် ပြေးဆင်းမှုများ ရှိကြောင်း သိရသည်။ “ငလျင်လှုပ်တာ အိမ်က ရမ်းနေတာ ပထမတော့ ခေါင်းမူးနေတယ်ထင်တာ ရပ်ကွက်ထဲ ငလျင်လှုပ်တယ် အော်တော့မှ အိမ်ပေါ်ကနေ ပြေးဆင်းရတယ်။ အိမ်တွေလည်း ရမ်းသွားတယ်။ အထပ်မြင့်တိုက်ပေါ်က…

  • သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    သားဖြစ်သူရဲ့ အဓမ္မမှုကို ငွေနဲ့ပေါက်ပြီး နှုတ်ပိတ်ဖို့ ကြိုးစားခဲ့တဲ့ ကျောင်းအုပ်ဆရာမကြီး

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်၊ ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင်ဦးမြင့်လွင်ဦးရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေကပြောပါတယ်။ မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး…

  • ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ

    ကောင်းမွန်စွာနေထိုင်တဲ့ ထိုင်းရောက်မြန်မာတွေကို မျက်နှာအိုးမဲသုတ်လိုက်ကြပြန်ပြီ … 😒 မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ ဇန်နဝါရီ ၁၈ ရက် မနက် ၄ နာရီလောက်က ဆိုင်ကယ်ခိုးယူတဲ့ မြန်မာရွှေ့ပြောင်းသူ ၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မဲဆောက်မြို့က နေအိမ်တန်းလျား၊ ကျောင်းသားတွေ စုနေတဲ့ အိမ်ခန်း၊ ဆိုင်ခန်း၊ ဈေးဆိုင်နဲ့ ဘုန်းတော်ကြီးကျောင်းဝင်းတွေထဲမှာ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ဆုံးနေတယ်လို့ ဆိုင်ကယ် ပျောက်ဆုံးသူတယောက်က ပြောပါတယ်။ ခိုးယူသူတွေဟာ ဆိုင်ကယ်တစီးလုံးသာမက တစစီ ခိုးယူဖြုတ်ရောင်းချတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးမိတဲ့ မြန်မာရွှေ့ပြောင်း ၂ ယောက်ကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ မဲဆောက်မြို့မရဲစခန်းမှာ အမှုဖွင့်သွားမယ်လို့ သိရပါတယ်။