Category: News

  • နိုင်ငံမငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာ ရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် မင်းအောင်လှိုင် ညွှန်ကြား

    နိုင်ငံမငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာ ရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် မင်းအောင်လှိုင် ညွှန်ကြား

    သင်ရိုး ညွှန်းတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာအစား မြန်မာဘာသာစကားဖြင့် ပြောင်းလဲ ပြဋ္ဌာန်းရန် ပါဝင် မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပြီး ပညာရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေး စာတမ်းနှင့်အကြံဉာဏ်များ တောင်းခံနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင် တစ်နိုင်ငံလုံးရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရမများကို ခေါ်ယူတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးအားနည်းနေ၍ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်တစ်ခုလုံးကို မဖြစ်မနေ အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်တစ်ခုလုံး မကြာမီ အပြောင်းအလဲလုပ်ရန် အကြံဉာဏ်၊ စာတမ်းများနှင့် အကြံပြုချက်များကို…

  • ပုလဲတိုက်ပွဲ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

    ပုလဲတိုက်ပွဲ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ

    ဗိုလ်နဂါးရဲ့ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းရာက တိုက်ပွဲဖြစ်နေ စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့နေရာ ဗုံးပတ်ကြဲကာ အမြတ်ထုတ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဒီကနေ့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ကြား တိုက်ပွဲတွေ အပြင်းအထတ် ဖြစ်ပွားနေပြီး နှစ်ဖက်ရဲဘော် ၁၀ ဦးကျော် ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၁၇ရက် ဒီကနေ့ မနက် ၆နာရီခွဲလောက်က စတင်ကာ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။…

  • လေးစားထိုက်တဲ့ စံပြသူရဲကောင်း

    လေးစားထိုက်တဲ့ စံပြသူရဲကောင်း

    မိမိအသက်ထက် အများပြည်သူဘေးကင်းရေးကို ဦးစားပေးခဲ့သူ 🫡 ​ဒီနေ့ ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ လူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားပြီး ဓာတ်ဆီကား တစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့ပါတယ်။ ​အဲဒီအချိန်မှာ လူအများက ကြောက်လန့်တကြား ထွက်ပြေးနေကြပေမယ့် ကားဆရာ ကတော့ မကြောက်မရွံ့ဘဲ… 💥 မီးလောင်နေတဲ့ ဓာတ်ဆီကားကြီးကို ဆိုင်နဲ့ မြို့ရွာတွေဆီ မီးမကူးစက်အောင်၊ 💥 အများပြည်သူတွေ အန္တရာယ်မဖြစ်အောင်၊ မီးစွဲနေတဲ့ ကားကြီးပေါ်တက်ပြီး မြို့ပြင်က လယ်ကွင်းပြင်ဆီ အမြန်ဆုံး မောင်းထုတ်သွားခဲ့ပါတယ်။ ​ကားကြီးဟာ မြို့ပြင်ရောက်မှ ထပ်မံပေါက်ကွဲသွားခဲ့ပေမယ့် ကားဆရာရဲ့ အချိန်မီ ဆုံးဖြတ်ချက်နဲ့ သတ္တိကြောင့် ဓာတ်ဆီဆိုင်နဲ့ မြို့ရွာနေအိမ်များစွာ မီးဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ ​မိမိအသက်ကို ငဲ့ကွက်ခြင်းမရှိဘဲ သူတစ်ပါးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့…

  • ဖားကန့်မြို့နယ်အတွင်း ကလေးများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

    ဖားကန့်မြို့နယ်အတွင်း ကလေးများ ဆော့ကစားရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရ (ရုပ်/သံ)

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တောင်ပြိုရွာမှာ ကလေးများ ဆော့ကစားနေစဉ်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်ထံက သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ် တောင်ပြိုရွာမှာ မြေမြုပ်မိုင်းတွေကို ကလေးငယ်များက ကျောက်ခဲနဲ့ ပစ်ခတ်ကစားရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။ ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာပဲ ဖားကန့်မြို့နယ် မှော်ဝမ်းရပ်ကွက်အတွင်းမှာ လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး မော်ဝမ်းနှစ်ခြင်းအသင်းတော်မှ သင်းထောက်ဆရာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။ Video-Lung Jung LA N

  • ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်စစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ  (ရုပ်သံ)

    ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်စစ်မျက်နှာမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေ (ရုပ်သံ)

    တနှစ်ကျော်ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ ဗန်းမော်စစ်မျက်နှာအပါအဝင် မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်က ကျောက်စိမ်းမြေ ဖားကန့် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဆီက သိရပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ နိုင်ငံရေးဂုဏ်သိက္ခာတိုက်ပွဲဖြစ်ပြီး အရင်းအနှီးကြီးမှာသိပေမယ့် နိုင်အောင်တိုက်မယ်လို့ KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ၂၀၂၄ ခုနှစ် မတ်လဆန်းက စခဲ့တဲ့ ကချင်ပြည်နယ် ထိုးစစ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရာနဲ့ချီတဲ့ တပ်စခန်းတွေနဲ့ မြို့ပေါင်း ၁၅ မြို့ ၊ ရှမ်းမြောက်က မဘိမ်းမြို့၊ ကွတ်ခိုင်မြို့နယ် နဲ့ နမ့်ဖတ်ကာရွာကြီးတို့ ကို KIA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။KIA သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲမှာ တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ ပန်ဝါ၊ကန်ပိုက်တီ၊လွယ်ဂျယ်မြို့တွေလဲ…