Category: News
-

ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့
အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော မင်းအောင် လှိုင်က ရုရှားနိုင်ငံသို့သွားရောက်ပြီး ယူကရိန်းကို ကျူးကျော်သူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည် ပထမအကြိမ်တွေ့ဆုံခဲ့စဉ် မင်းအောင်လှိုင်က ပူတင်ကို လက်အုပ်ချီ ကန်တော့ပြီး ကမ္ဘာ့ခေါင်းဆောင်ကြီး အဖြစ်မြှောက်ပင့်ပြောဆိုခဲ့ အာဂျင်တီးနား တရားရုံးက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်ခံထားရသော အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံကို စတင် ကျူး ကျော်ကာ ယူကရိန်းပြည်သူများကို သတ်ဖြတ်နေသူ ဗလာဒီမာပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်သည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ခရီးစဉ်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က ခရီးစဉ်အတွင်း ရုရှား စစ်ခေါင်းဆောင် ဗလာဒီမာ ပူတင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် ၊ ရုရှားနိုင်ငံ…
-

မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်
စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်များအား လာရောက် စစ်ဆေးသည့် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကပစ ၂၁ ကို သွယ်တန်းထားသော မီးတိုင်းများအား လာရောက် စစ်ဆေးသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စလင်းမြို့နယ်၊ တညောင်တိုက်နယ်၊ မကျီးစင်ရွာ သို့ စစ်ကား အကြီး ၅ စီး…
-

ရှမ်းမြောက် မန်တုံမြို့နယ်တွင် TNLA နှင့် KIA တို့ ထိုးကြိတ်ပွဲ ထပ်မံဖြစ် (ရုပ်သံ)
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တိုက်နယ်ရုံးကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၇) တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဝင်ရောက် စီးနင်းရာမှ အပြန်အလှန် ထိုးကြိတ်၊ ရိုက်နှက်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။ မွန်းလွဲပိုင်းတွင် မြို့နှင့် ၇ မိုင်ခန့်အကွာ မန်မောက်ရွာ KIA တပ်စခန်းကို TNLA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းသည်၊ ထိုးကြိတ်ရိုက်နှက်မှုများဖြစ်ခဲ့ရာ KIA တပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရသည်ဟု ကချင်ဒေသအခြေစိုက် KNG သတင်းဌာနက ရေးသားထားသည်။ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများတွင် TNLA တပ်ဖွဲ့ဝင် ၁ ဦးက KIA တပ်ဖွဲ့ဝင် ၁ ဦးကို ပါးရိုက်ပြီး ဆောင့်ကန်လိုက်သည်ကို တွေ့ရသည်၊ အခြားရုပ်သံတစ်ခုတွင်လည်း TNLA တပ်ဖွဲ့ဝင်များက KIA…
-

နေပြည်တော်တွင် ဧည့်စာရင်းအပါအဝင် အစစ်အဆေး တင်းကျပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိ
စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်တွင် ဧည့်စာရင်းစစ်ဆေးမှုများအပါအဝင် လမ်းသွားလမ်းလာ နေရာအချို့တွင် စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးအဖွဲ့များက အစစ်အဆေးများ ပိုမိုပြုလုပ်နေပြီး ဖမ်းဆီးခံရသူများလည်းရှိကြောင်း နေပြည်တော်မြို့ခံများထံမှ သိရသည်။ နေပြည်တော်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းတွင် ယခုဖေဖော်ဝါရီလထဲ ဧည့်စာရင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး ထိုသို့လာရောက်စစ်ဆေးမှုများကိုလည်း ရဲအင်အား၊ စစ်သားအင်အားအများအပြားဖြင့် ပြုလုပ်လာခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ “ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပေါ့။ သူတို့ ကြားတာတော့ ပီ(PDF)တွေ ဒီထဲရောက်နေတယ်လို့ကြားလို့ဆိုပြီးတော့ အင်အားလေးရာလောက်နဲ့ ညကြီးပေါ့။ သုခတော်ဝင်ကိုဝိုင်းပြီးတော့ ဧည့်စာရင်းတွေဝင်စစ်တာ။ အယောက် ၅၀ လောက်အဖမ်းခံလိုက်ရတယ်။ ဧည့်စာရင်းမတိုင်တဲ့လူတွေရယ်၊ ဧည့်စာရင်းရက်ကျော်နေတဲ့လူတွေရယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ ထိုသို့ ရုတ်တရက်ဝင်ရောက်စစ်ဆေးမှုတွင် အဖမ်းခံလိုက်ရသူများကို ညတွင်းချင်းပင် အချုပ်ထဲခေါ်ပြီး နောက်ရက်တရားရုံးတင်ဒဏ်ရိုက်ကာ နှစ်ပတ်ခန့်အချုပ်ထဲထားသည်ဟုသိရပြီး နောက်ဆက်တွဲမသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ သုခတော်ဝင်အိမ်ရာသည် နေပြည်တော်ဇမ္မူသီရိမြို့နယ်၊ ပျဉ်းမနား – တောင်ညိုလမ်းဘေးတွင်ရှိပြီး ဝန်ထမ်းအိမ်ယာများနှင့်လည်း…
-

စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရ
စစ်ကိုင်း မင်းကွန်းမှာ ပျူတွေ သုတ်သင်ခံရပြီးနောက် စစ်အုပ်စုက အိမ်ခြေရာချီ မီးရှို့ဖျက်ဆီး စစ်ကိုင်းမြို့နေ ပျူခေါင်းဆောင် သင်္ကန်းဝတ်ဘုန်းကြီးက ဦးဆောင်ကာ မီးရှို့ဟုဆို စစ်ကိုင်းမြို့က ပျူစောထီးအဖွဲ့ ခေါင်းဆောင် ရွှေကျားနဲ့ နောက်လိုက် ပျူတွေ စစ်ကိုင်း – မင်းကွန်းလမ်းမှာ သုတ်သင် ရှင်းလင်း ခံရပြီးနောက် မင်းကွန်းတိုက်နယ်၊ လက်ပံရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သုံးကြိမ်တိုင် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ “ရွှေကျားအဖွဲ့ ချေမှုန်းခံရတဲ့ ဖြစ်စဥ်နဲ့ပါ။ အိမ်ခြေ ၁၀၀ ကျော်ပါ မီးရှို့ဖျက်ဆီး ခံရပါတယ်” လို့ မင်းကွန်းဒေသ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ရွှေကျားနဲ့ နောက်လိုက် အပေါင်းအပါတွေ သုတ်သင်ရှင်းလင်းခံရပြီးနောက် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးမှာ နေထိုင်တဲ့ သင်္ကန်းဝတ်…