Category: News
-

တရုတ်မှာ မီးရှူးမီးပန်းဆိုင် ပေါက်ကွဲမှုကြောင့် ၁၂ ဦးသေ
တရုတ်နိုင်ငံက မီးရှူးမီးပန်း အရောင်းဆိုင် တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဒါဇင်ထက်မနည်း သေဆုံးခဲ့ပါတယ်။ တရုတ် နှစ်သစ်ကူးကာလ၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဟူပေပြည်နယ်၊ ကျန့်ကျီမြို့က မီးရှူးမီးပန်းနဲ့ ဗြောက်အိုးတွေ ရောင်းချတဲ့ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ တရုတ် နှစ်သစ်ကူး ကာလမှာတော့ တစ်နိုင်ငံလုံးမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုကြတာက အစဉ်အလာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဘေဂျင်းအပါအဝင် မြို့ကြီး တော်တော်များများမှာတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အဲဒီလို မီးရှူးမီးပန်း ဖောက်မှုတွေကို ဥပဒေနဲ့ စတင် တားမြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မြို့ငယ်တွေနဲ့ ကျေးလက်ဒေသတွေမှာတော့ နှစ်သစ်ကူးကာလမှာ မီးရှူးမီးပန်းနဲ့ ဗြောက်အိုးဖောက်တဲ့ အသံတွေ၊ ရှူးဒိုင်းပစ်လွှတ်သံတွေ ဆူညံနေကြဆဲပါ။ ကျန့်ကျီမြို့က မီးရှူးမီးပန်း…
-

နိုင်ကျဉ်း သမ္မတ ဦးဝင်းမြင့်ကို သရော်သည့် ‘ဇင်းမယ်သံချပ်’ ဝေဖန်မှု မြင့်တက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် မြန်မာလူငယ်များ၏ ‘ဇင်းမယ်သံချပ်’ အဖွဲ့က သံချပ်ထိုးရာတွင် အကျဉ်းကျနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား စစ်အာဏာသိမ်းခေါင်းဆောင်နှင့် တန်းတူထားကာ လှောင်ပြောင်သရော်ခဲ့မှုအပေါ် လူထုနှင့် တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်သော ဝေဖန်ကန့်ကွက်မှုများ ပေါ်ထွက်နေသည်။ အဆိုပါသံချပ်ကို စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် လှုပ်ရှားမှုအဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် DVB TV News က ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ သံချပ်စာသားတွင် “မင်းအောင်လှိုင်နဲ့ နယ်ဓားပြ၊ ဒူဝါလရှီးလ၊ ဦးဝင်းမြင့်ပါ ပေါင်းထည့်ရင် လေးယောက်ဖြစ်ပြီရှင်။ သမ္မတကြီး လေးယောက်တွဲ တိုင်းပြည်ချောက်ထဲလဲ” ဟူ၍ ပါရှိခြင်းက ဝေဖန်မှုများ၏ အဓိက အချက်အချာ ဖြစ်လာခဲ့သည်။ ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ‘ထောင်ဝင်စာပို့ကြမယ်အဖွဲ့’ က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏…
-

ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်ရှိသူများ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ခရိုင် ပကဖ က အသိပေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် BNRA အဖွဲ့ဝင် ၂၀၀ နီးပါး PDF တပ်ထံ လာရောက်ပူးပေါင်းပြီး ကျန်တပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်းများ ထပ်မံ လာရောက်အပ်နှံရန် ယင်းမာပင်ခရိုင် ပကဖက ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် BNRA အဖွဲ့ ခေါင်းဆောင် နဂါး (ခ) နိုင်လင်း၊ စစ်ရေးတာဝန်ခံ ကိုလတ် နှင့် နဂါး၏ ယောက်ဖဖြစ်သူ ကိုဖြိုး တို့သည် အကြမ်းဖက် စစ်တပ်ထံ သွား ရောက်ပူးပေါင်းပြီးနောက် နဂါးအဖွဲ့ဝင် တချို့ကို လက်နက်များနှင့် ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် နဂါးအဖွဲ့ဝင် ၁၅၀ ခန့်သည်လည်း PDF နှင့် ပကဖ များထံ…
-

စစ်အုပ်စုက ဗိုလ်နဂါးကို ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်တဲ့ ရုပ်သံဖိုင်တစ်ခု ပြန့်လ
ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA ခေါင်းဆောင် ဗိုလ်နဂါးကို ဖေဖေါ်ဝါရီ ၁၈ ရက်မှာ အာဏာသိမ်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ လာခေါ်ထုတ်သွားတဲ့ ရုပ်သံဖိုင်တစ်ခု လူမူကွန်ယက်မှာ ပြန့်နှံ့နေပါတယ်။ ဗိုလ်နဂါးကို ခေါ်ထုတ်ပေးခဲ့ကြောင်း စစ်အုပ်စု လက်နက်ကိုင်တစ်ယောက်က ကိုးစက္ကန့်ကြာတဲ့ ရုပ်သံဖိုင်တစ်ခုကို ဒီကနေ့ ဖေဖေဓဝါရီ ၁၉ ရက်မှာ တစ်တော့မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အခြေပြုတဲ့ BNRA ခေါင်းဆောင် ဗိုလ်နဂါးဟာ မိသားစုဝင်တွေနဲ့အတူ လက်နက်ခြောက်လက်၊ ဆက်စပ်ပစ္စည်းတွေ ယူဆောင်ပြီး စစ်အုပ်စုထံ ပူးပေါင်းအလင်းဝင်လို့ ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့တယ်လို့ အာဏာသိမ်း စစ်အုပ်စုက ဖေဖေါ်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ သတင်းဖြန့်ထားပါတယ်။ မနေ့က မွန်းလွဲပိုင်း ပုလဲမြို့နယ်…
-

တပ်ချုပ်ရာထူး စွန့်လွှတ်တော့မယ့် မင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး ယူထားတာ ၁၅ နှစ်ရှိလာပြီဖြစ်တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ တပ်ချုပ်ရာထူးကနေ အနားယူမယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီဟာဆက်တို့ တွေ့ဆုံချိန်မှာ မြန်မာမှာ အစိုးရသစ်ဖွဲ့ပြီး သမ္မတအပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ခန့်အပ်ဖို့နဲ့တချိန်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်သစ် ခန့်အပ်မယ်ဆိုအကြောင်း ပြောထားတာလည်းရှိနေပါတယ်။ စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိုင်းဝန်ကြီးချုပ်ပြောတဲ့အထဲမှာပါဝင်တဲ့ ဝန်ကြီးချုပ်ဆိုတာက တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို ခန့်အပ်မယ်ဆိုတာမျိုးသာဖြစ်ကြောင်း ဖြေကြားပါတယ်။ သတင်းရင်းမြစ်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တပ်ချုပ်ရာထူးကနေ အနားယူမယ်ဆိုတာ ဟုတ်မှန်တယ်လို့သိထားရကြောင်းနဲ့ သမ္မတရာထူး ယူ၊ မယူဆိုတာကိုတော့အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ စစ်တပ်ကိုင်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေအရ တပ်ချုပ်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဆိုပြုထောက်ခံချက်နဲ့ နိုင်ငံတော် သမ္မတက ခန့်အပ်တာဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲ့…