Category: News
-

ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့ခေါ်ထုတ်သွားကြောင်းစစ်ရေးရင်းမြစ် နဲ့ ဒေသခံတွေပြော
BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်လိုက်အချို့ ကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ဒီကနေ ညနေပိုင်းမှာ ခေါ်ထုတ်သွားပြီးလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်ကြောင်းက နယ်မြေရှင်းလင်းရေးအကူအညီပေးခဲ့ပြီး ရွာတစ်နေရာကို ရဟတ်ယာဉ်နှစ်စီးဆင်းပြီးတဲ့နောက် ဗိုလ်နဂါးနဲ့ နောက်လိုက်တွေကို ခေါ်ထုတ်သွားတာလို့ ဒေသ ခံ သတင်းရင်းမြစ်နဲ့စစ်ရေးသတင်းရင်းမြစ် ၇ ဦးက ပြောပါတယ်။ ” နဂါးကို စစ်တပ်က ခေါ်ထုတ်သွားပါပြီ။ confirm ပေးပါတယ်” လို့ စစ်ကိုင်းတိုင်းက PDF သတင်းရင်းမြစ်ကပြောပါတယ်။ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။ ၎င်းက ” နဂါးက ခွေးတပ်နဲ့ ပေါင်းသွားပြီ။ သေတ္တရာဘက်ကနေ ခွေးတွေဝင်လာပြီး…
-

ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်
ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးရှိ မောင်မယ်ရှောင်ရွာ GTC စစ်စခန်းနှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၁၉ ဦး သေဆုံးပြီး ရဲနှင့် စစ်သား ၁၁ ဦး အရှင်မိကာ လက်နက် ၁၈ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။…
-

နိုင်ငံမငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာ ရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် မင်းအောင်လှိုင် ညွှန်ကြား
သင်ရိုး ညွှန်းတမ်းများအားလုံးကို အင်္ဂလိပ်ဘာသာအစား မြန်မာဘာသာစကားဖြင့် ပြောင်းလဲ ပြဋ္ဌာန်းရန် ပါဝင် မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးကြောင့်ဟုဆိုကာ ပညာရေးစနစ်တစ်ခုလုံး အပြောင်း အလဲလုပ်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားလိုက်ပြီး ပညာရေးစနစ်တစ်ခုလုံးပြုပြင်ပြောင်းလဲရေး စာတမ်းနှင့်အကြံဉာဏ်များ တောင်းခံနေကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ရန်ကုန်တက္ကသိုလ်တွင် တစ်နိုင်ငံလုံးရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ တက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရမများကို ခေါ်ယူတွေ့ခဲ့ပြီး မြန်မာနိုင်ငံတွင် မငြိမ်းချမ်းခြင်း၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းနှင့် မတိုးတက်ခြင်းမှာ ပညာရေးအားနည်းနေ၍ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်တစ်ခုလုံးကို မဖြစ်မနေ အပြောင်းအလဲလုပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးစနစ်တစ်ခုလုံး မကြာမီ အပြောင်းအလဲလုပ်ရန် အကြံဉာဏ်၊ စာတမ်းများနှင့် အကြံပြုချက်များကို…
-

ပုလဲတိုက်ပွဲ တော်လှန်ရေးရဲဘော် ဆယ်ချီ ကျဆုံး၊ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရ
ဗိုလ်နဂါးရဲ့ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းရာက တိုက်ပွဲဖြစ်နေ စစ်အုပ်စုက တိုက်ပွဲဖြစ်တဲ့နေရာ ဗုံးပတ်ကြဲကာ အမြတ်ထုတ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ဒီကနေ့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF ယင်းမာပင်ခရိုင် တပ်ရင်းတွေနဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA ကြား တိုက်ပွဲတွေ အပြင်းအထတ် ဖြစ်ပွားနေပြီး နှစ်ဖက်ရဲဘော် ၁၀ ဦးကျော် ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖေဖေါ်ဝါရီ ၁၇ရက် ဒီကနေ့ မနက် ၆နာရီခွဲလောက်က စတင်ကာ BNRA ဂိတ်စခန်းတွေကို NUG တပ်က စီးနင်းတိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။…
-

လေးစားထိုက်တဲ့ စံပြသူရဲကောင်း
မိမိအသက်ထက် အများပြည်သူဘေးကင်းရေးကို ဦးစားပေးခဲ့သူ 🫡 ဒီနေ့ ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုကတော့ လူတိုင်းကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။ ဓာတ်ဆီဆိုင်မှာ ဆီဖြည့်နေစဉ်အတွင်း မတော်တဆမှုဖြစ်ပွားပြီး ဓာတ်ဆီကား တစ်စီးလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ လူအများက ကြောက်လန့်တကြား ထွက်ပြေးနေကြပေမယ့် ကားဆရာ ကတော့ မကြောက်မရွံ့ဘဲ… 💥 မီးလောင်နေတဲ့ ဓာတ်ဆီကားကြီးကို ဆိုင်နဲ့ မြို့ရွာတွေဆီ မီးမကူးစက်အောင်၊ 💥 အများပြည်သူတွေ အန္တရာယ်မဖြစ်အောင်၊ မီးစွဲနေတဲ့ ကားကြီးပေါ်တက်ပြီး မြို့ပြင်က လယ်ကွင်းပြင်ဆီ အမြန်ဆုံး မောင်းထုတ်သွားခဲ့ပါတယ်။ ကားကြီးဟာ မြို့ပြင်ရောက်မှ ထပ်မံပေါက်ကွဲသွားခဲ့ပေမယ့် ကားဆရာရဲ့ အချိန်မီ ဆုံးဖြတ်ချက်နဲ့ သတ္တိကြောင့် ဓာတ်ဆီဆိုင်နဲ့ မြို့ရွာနေအိမ်များစွာ မီးဘေးအန္တရာယ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။ မိမိအသက်ကို ငဲ့ကွက်ခြင်းမရှိဘဲ သူတစ်ပါးအတွက် စွန့်လွှတ်စွန့်စားခဲ့တဲ့…