Category: News
-

မန္တလေးမှာ စစ်ဘေးရှောင်၊ အိမ်ငှါးနေသူနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်း ကောက်နေ
နယ်က လာပြီး မန္တလေးမှာ အလုပ်လုပ်နေသူတွေကိုလည်း စစ်မှုထမ်း စာရင်းကောက် မန္တလေးမြို့မှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ဆက်တိုက်လုပ်နေပြီး လက်ရှိမှာ မြို့ခံတွေကို သာမကဘဲ နယ်ကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ၊ စစ်ဘေးရှောင်လာသူ၊ အိမ်ငှား နေထိုင်သူနဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ဧည့်စာရင်းနဲ့ နေတဲ့သူ တချို့ကတော့ စစ်မှုထမ်းစာရင်းထဲ ပါတယ်။ အခုဆို ညောင်ကွဲဘက်မှာ ဧည့်စာရင်းနဲ့ နေတဲ့သူတွေ စာရင်းထဲပါပြီး ခေါ်တယ် ကြားတယ်” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နယ်မြို့တွေကနေလာပြီး မန္တလေးမြို့ပေါ်ရှိ ဆိုင်တွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင်း နေထိုင်နေသူတွေကိုလည်း စစ်မှုထမ်းစာရင်း လိုက်ကောက်နေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ညအိပ်ညနေ ဝန်ထမ်းတွေတော့…
-

လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ
ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော အကြမ်းဖက် စစ်တပ်မှ အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများက ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲရှိ လူနေထိုင်ခြင်းမရှိသော ခြံများကို အကြမ်းဖက် စစ်တပ်က လူပုန်းအောင်းနိုင်သည်ဟုဆိုကာ ဘူဒိုဇာများဖြင့် လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျက်ဆီးခံရသော ခြံများသည်…
-

တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း
တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း ” မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး… အဲဒီနေရာက နေပြည်တော်ပဲဖြစ်တယ်” – KNDF ဒုစစ်ဦးစီးချုပ် မာဝီ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့်ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။ စစ်တောင်းကမ်ပိန်းစကားဝိုင်းကို မတ်လ ၁ရက် က ကျင်းပခဲ့ရာ စစ်တောင်းဒေသ၏ စစ်ရေး နိုင်ငံရေး အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီး၊ ကရင်နီအမျိုးသားများ…
-

နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျုဟာစခန်းကို အာရက္ခတပ်တော်(AA)က ယနေ့ မတ်လ ၂ရက်နေ့ နံနက်အစောပိုင်းတွင် ဝိုင်းပတ်ပိတ်ဆို့ကာတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်း ခံစစ်ဖြင့်ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ “ဒီနေ့မနက် နတ်ရေကန်ကိုဝင်တိုက်တာ၊ အရင်ရက်တွေက အဲ့ဒီနားက ကာကင်းစတိုက်တွေကိုတိုက်တာ၊ နတ်ရေကန်အဆင်းနား ပတ်ပတ်လည်ကို AA က ဝိုင်းထားတယ်” ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့နောက် နတ်ရေကန်စခန်းရှိလက်ကျန်တပ်သားများကို AA က လက်နက်ချအညံခံရန် ယခင်ရက်များကသတိပေးထားသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ယနေ့နံနက်ပိုင်းတွင်စခန်းကိုထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်ထံက သိရသည်။ နတ်ရေကန်ဗျူဟာစခန်းသည် တောင်စောက်ပေါ်တွင် အခိုင်အမာခံစစ်ပြင်ထားဆင်ထားပြီး မကွေးတိုင်းအတွက် အရေးပါသည့်စခန်းတခုဖြစ်ပြီး နတ်ရေကန်စခန်းကျသွားပါက အမ်း-ပဒါန်းကားလမ်းပေါ်ရှိ ပျဥ်းဝဂိတ်စခန်းကို AA နှင့်ပူးပေါင်းမဟာမိတ်တပ်များက အလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးသဖြင့် ပျဥ်းဝဂိတ်တွင်လည်းစစ်ကူအင်အားရာချီထပ်မံဖြည့်တင်းထားကြောင်းဆိုသည်။ ထို့အပြင် မကွေးမြို့အနီးကိုတိုက်ရန် တိုက်စစ်လမ်းကြောင်းပွင့်သွားနိုင်သဖြင့် နတ်ရေကန်က ပထဝီမြေပြင်အနေအထားနှင့် စစ်ရေးအရအဓိကကျကြောင်း ၎င်းကယူဆပြောကြားသည်။ “အဓိက နတ်ရေကန်စခန်းက…
-

နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့အား ထိုင်းအစိုးရမှ လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းများကို ဖယ်ရှားပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF)က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။ BGFအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မျှော်လင့်မထားသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များကို နှိမ်နင်းတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက် အတိုင်း လုပ်ငန်းများကို ဝင်ရောက်စီးနင်း၍ တရားခံများ ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများ ကယ်တင်ခြင်းတို့ကို ဆောင်ရွက်၍ သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပြောင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်အား အခက်ခဲများကြားမှ ယနေ့တိုင် ကူညီစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။ လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသော်လည်း နယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့အား တဖက်နိုင်ငံမှ…