Category: News

  • ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်

    ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်

    ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်း ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ် သားများနှင့် ပျူစောထီးများက အင်အား ၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ကြောင်း၊…

  • ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

    ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

    AA က ဥပဒေမဲ့ လုပ်ရပ်များကို သေချာ မကိုင်တွယ်နိုင်လျှင် ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင် အာရက္ခတပ်တော် ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ် မြေများတွင် ဓါးပြတိုက်မှု၊ လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုများ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။ ရခိုင် လွတ်မြောက်နယ်မြေများတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဥပဒေမဲ့ လုပ်ရပ် ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိနေပြီး ကလေးသူငယ် ၂ ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်နေသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က လက်ရှိအချိန်အထိ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိဘဲ တရားခံများမှာ လွတ်မြောက်နေကြောင်း ခံရသူ မိသားစုဝင်များက ပြောဆိုသည်။ ယခု လတ်တလော ဖြစ်ပွားခဲ့သည့်…

  • ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

    ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

    ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ အိမ်စီးကားများဖြင့် ပြန်လာသည့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါသောကားတန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၅ ရက် ည ၇ နာရီ ၁၅ မိနစ်က မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းတနေရာတွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ အိမ်စီးကား ၅ စီးဖြင့် ပြန် လာသည့် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးနှင့်အဖွဲ့ကို ပဒေသာမိုင်း…

  • “ဝယ်ယူသူမရှိတဲ့ ခြံအမှတ် ၅၄ ကို (၄) ကြိမ်မြောက် ဈေးထပ်လျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦး ကြိုးစားနေ”

    “ဝယ်ယူသူမရှိတဲ့ ခြံအမှတ် ၅၄ ကို (၄) ကြိမ်မြောက် ဈေးထပ်လျှော့ပြီး လေလံတင်ဖို့ ဦးအောင်ဆန်းဦး ကြိုးစားနေ”

    ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ၂၇ ဘီလီယံကျပ် ဈေးထပ်လျှော့ပြီး နောက်တကြိမ် လေလံတင်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေပါတယ်။ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ၃ ကြိမ် လေလံပစ်ခဲ့ပေမဲ့ ဝယ်မယ့်သူမရှိတာကြောင့် လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ကျပ်ငွေ ၂၇၀ ဘီလီယံ လျှော့ချ လေလံထပ်တင်ဖို့ ဦးအောင်ဆန်းဦးရှေ့နေက တရားရုံးကို တင်ပြခဲ့ပါတယ်။ အိမ်ခြံကြီးကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ၂၀၂၄ မတ်လ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ်လေလံ စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက ဝယ်သူမရှိတဲ့အတွက် ဈေးအကြိမ်ကြိမ်လျှော့ပြီး လေလံပစ်နိုင်ဖို့ ကြိုးစားတာ အခု (၄) ကြိမ်မြောက်ဖြစ်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်အကျဉ်းကျခံနေရဆဲဖြစ်တဲ့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ရှေ့နေ အဖွဲ့ကတော့ ဦးအောင်ဆန်းဦး…

  • နှစ်ဖွဲ့ကွဲနေတဲ့ ချင်းကောင်စီတွေ ပေါင်းစည်း၊ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစလို့ ဆို

    ချင်းပြည်နယ်မှာ နှစ်ဖွဲ့ကွဲနေတဲ့ ချင်းပြည် ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ တို့အကြား ပူးပေါင်းစုစည်းကာ “ချင်းအမျိုးသားကောင်စီ ” တစ်ခုတည်းအဖြစ် ဖွဲ့စည်းဖို့ ဖေဖော်ဝါရီလ ၂၆ရက်မှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ ချင်းပြည် (Chinland)ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ကောင်စီနှစ်ခုကို ပူးပေါင်းကာ “ချင်းအမျိုးသား ကောင်စီ” အဖြစ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြသလို ချင်းအမျိုးသား ကောင်စီ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှုကြမ်း ရေးဆွဲရေး အဖွဲ့ ဖွဲ့စည်းဖို့လည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလို ကောင်စီနှစ်ခု ပေါင်းစည်းဖို့ သဘောတူညီမှု ရရှိတာဟာ ချင်းပြည် စည်းလုံးခြင်းရဲ့ ခြေလှမ်းအစ ဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသား…