Category: News
-

ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် NUG ယာယီသမ္မတ ဒူဝါလရှီးလ ညွှန်ကြား
စစ်အာဏာရှင်များကို တိုက်ခိုက်နေရာတွင် ရန်သူ့ အပေါ် မထောက်မညှာတမ်း တိုက်ခိုက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၇/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ ရန်သူအပေါ် မညှာတမ်းတိုက်ခိုက်ရမည်ဖြစ်ပြီး ပြည်သူများအပေါ်တွင် အဖြောင့်မတ်ဆုံးရိုးသားရမည်ဖြစ်ကြောင်း၊ ယင်းမှာ တော်လှန်ရေး၏ ကျင့်ဝတ်ဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။ “ကျနော်တို့ဟာ ရန်သူ့ အပေါ်မှာ မထောက်မညှာတမ်း တိုက်ခိုက်ပြီး၊ ပြည်သူ့အပေါ်မှာတော့ အဖြောင့်မတ်ဆုံး ရိုးသားနိုင်ဖို့ လိုပါတယ်။ ဒါဟာ တော်လှန်ရေးကျင့်ဝတ်ဖြစ်သလို၊ ကျွန်တော်တို့ ခံယူရမယ့် သဘောထားလို့လည်း ထင်ပါသည်။ ကျွန်တော်တို့ အစိုးရအပေါ် ဝေဖန်လာတဲ့ဝေဖန်ချက်တွေကို အလုပ်နဲ့ သက်သေပြပြီး ပြန်လည် ချေပနိုင်စွမ်း ရှိရမယ်လို့ ပြောချင်ပါတယ်…
-
ရွှေဘိုက ပျူစောထီးစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပျူစောထီးကင်းစခန်း ၃ ခု ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရတယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ PDF အဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် မနေ့ နေ့လယ် ၁ နာရီခန့်မှာ ခွန်တောင်ကြီးရွာနဲ့ ခွန်တောင်ကြီး-ညောင်ကန်ရွာလမ်းပေါ်ရှိ ပျူစောထီးအဖွဲ့တွေရဲ့ ကင်းစခန်းနေရာနေရာ ၃ ခုကို ဒရုန်းနဲ့ဗုံးသီး ၁၈ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ” ညောင်ကန်ဘက်ကို ဝင်လာတာမို့လို့ ဒီဘက်နေပြီးတော့ သူတို့ရွာကင်းတွေပြန်ဆုတ်သွားတဲ့အချိန်မှာ ဒရုန်းတွေနဲ့ဗုံးချတာ”လို့ တိုက်ခိုက်မှုအတွင်းပါဝင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒရုန်းဗုံးချတိုက်ခိုက်မှုမှာ ခွန်တောင်ကြီးရွာပျူစောထီးစခန်းက ပျူစောထီး ၁ ဦးသေဆုံးပြီး တိုက်ခိုက်ခံရတဲ့ ပျူစောထီးစခန်း ၃ ခုက ဒဏ်ရာရရှိသူ ပျူစောထီး ၈…
-

ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်
ကော့သောင်း၊ ပုလုံးတုံတုံးရွာတွင် အုပ်ချုပ်ရေးမှူး ထွန်းထွန်း၊ နယ်ထိန်းရဲ၊ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင် စစ်ဆေးရေးအဖွဲ့ဝင် ၆ ဦးက ဧည့်စာရင်းစစ်မည်ဟုဆိုကာ အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် မုဒိမ်းကျင့်၊ ရဲစခန်းက အမှုလက်မခံဘဲ အမျိုးသမီး ၂ ဦးကို ပြန်လည် ခြိမ်းခြောက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးရွာမှ အိမ်ထောင်သည် အမျိုးသမီး ၂ ဦးကို အုပ်ချုပ်ရေးမှူး ထွန်းထွန်း ဦးဆောင်သော အဖွဲ့က ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမည်ဟု အကြောင်းပြ၍ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသော အမျိုးသမီး ၂ ဦး၏ ဆွေမျိုးနှင့်မိတ်ဆွေများက ပြောဆိုသည်။ ပုလုံးတုံတုံးရွာ ပသျှူးပိုင်းဘက်ရှိ ၃ မိုင်တွင် အိမ်ခန်းငှားနေသော အိမ်ထောင်သည် အမျိုးသမီး ၂ ဦး၏ အမျိုးသားများ ငါးဖမ်းထွက်နေစဉ်…
-

ရွှေပြည်သာမြို့ နယ်၊ ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိအခိုက်ရှိနိုင်
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် ခလရ ၆ စစ်တပ်ဝင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရွှေပြည်သာမြို့ အခြေစိုက် ခလရ ၆ အောက်မင်္ဂလာဒုံ စစ်တပ်ဝင်းကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်(ပကဖ)၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း ဖောက်ခွဲ တိုက်ခိုက်မှု အတွင်း ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြု စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ “ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ ခလရ…
-

ရွှေတောင်စစ်ဆေးရုံတွင် ကုသ၍မနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတကားများဖြင့် ပို့ခိုင်း
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စစ်ဆေးရုံမှ ကုသ၍မနိုင်တော့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မင်္ဂလာဒုံစစ်ဆေးရုံသို့ ပရဟိတအသင်းများမှ ကား များဖြင့် ပို့ဆောင် ခိုင်းရန်စီစဉ်နေကြောင်း သိရသည်။ ရွှေတောင်မြို့နယ် အမှတ် (၆) တပ်မတော်ဆေးရုံ ခုတင် ၁၀၀ မှ ကုသ၍မနိုင်တော့သည့် ဒဏ်ရာပြင်းထန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်ရှိ မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်ပေးရန် ပရဟိတအသင်းများကို ခိုင်းစေထားကြောင်း ဒေသခံများထံက သိရသည်။ “ပို့ရင် စစ်ကားတွေသုံးလို့လည်းရနေတာကို ပရဟိတကားတွေ သုံးတာက လမ်းပိုင်းမှာ သူတို့လုံခြုံရေးကို စိုးရိမ်လို့နေမယ်။ သူတို့ကိုယ်တိုင် လမ်းပိုင်းတွေကို စိတ်ချလို့မရဘူးဖြစ်နေတယ် လို့မြင်တယ်။ စိုးရိမ်စိတ်ဖြစ်နေတာပေါ့”ဟု ပြည်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။ ပြည်မြို့ရှိ ဒေသကွပ်ကဲမှုဆိုင်ရာ စစ်ဌာနချုပ် (ဒကစ-ပြည်)အတွင်းတွင် ပရဟိတအသင်းများကို ခေါ်ယူပြီး စစ်သားလူနာများကိုရန်ကုန်သို့ ပရဟိတကားများဖြင့် ပို့ဆောင်ပေးရန်…