Category: News
-

မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြား
မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်အတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်လုပ်နေစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှု များပြားကာ အရေအတွက် အတိအကျ မသိရသေး မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသအတွင်း ဆုံကုန်းရွာဘုန်းကြီးကျောင်းတွင် မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိကြောင်း မြိုင်ပကဖ မှ ဗိုလ် Cross က ပြောကြားသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်း ကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀…
-

ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး
ဗထူးသင်တန်းကျောင်းမှ တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် တောင်ကြီး အမတ ၃၅၇ မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့်တို့ စကားများပြီး အချင်းချင်း ပစ်ခတ်၍ ၂ ဦးလုံး သေဆုံး ရှမ်းပြည်နယ်၊ ဗထူး တိုက်ခိုက်ရေးသင်တန်းကျောင်းတွင် တပ်ကြပ်ကြီး မင်းဇော်ဦးနှင့် အမှတ် ၃၅၇ အမြောက်တပ်(တောင်ကြီး)မှ တပ်ခွဲ တပ်ကြပ်ကြီး အောင်မြင့် တို့ စကားများရာမှ အချင်းချင်းပစ်ခတ်မှုဖြစ်၍ ၂ ဦးစလုံး သေဆုံးခဲ့ကြကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်ရေးသတင်းအရင်းအမြစ်ကို ကိုးကား၍ ပြောကြားသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထိုကဲ့သို့ နှစ်ဦးစလုံး အချင်းချင်း စကားရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွား၍ ၂ ဦးလုံး သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း၊ ၂ ဦးစလုံး၏ အလောင်းများကို စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး…
-
ဧရာဝတီမှလူငယ်များ စစ်မှုထမ်းဥပဒေအကြောင်းပြ ပြန်ပေးဆွဲခံနေရဟုဒေသခံများပြော
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းသောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ကျပ်သိန်းရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေကြောင်းဒေသခံပြည်သူများကပြောသည်။ စစ်မှုထမ်းဥပဒေနှင့် စစ်သားစုဆောင်းနေသည့်လုပ်ရပ်သည် ဧရာဝတီတိုင်းအတွင်းယခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲမြို့ကဲ့သို့ လူဦးရေများသော မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များမှ ငွေကြေးချမ်းသာသူများ၏သားသမီးများအား စစ်မှုထမ်းအကျုံးဝင်သည်ဆိုကာ စာရင်းလာပေးကြောင်း၊ ထို့နောက် တစ်ဦးလျှင် သိန်း ၁၀၀ အနည်းဆုံးတောင်းယူ၍ ဆေးစာလုပ်ပေးခြင်း၊ ဆိုင်းငံ့ကာလသတ်မှတ်ပေးခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။ “မြို့ပေါ်ကပိုက်ဆံရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးတော့ ငွေတောင်းတယ်။ ပေါ်တာစွဲတဲ့အဆင့်မဟုတ်ဘူး။ ပြန်ပေးဆွဲတဲဲ့အဆင့်ဖြစ်နေပြီ”ဟု ပုသိမ်မြို့တစ်ဦးကပြောသည်။ ငွေကြေးချမ်းသာသူများ၏ သားသမီးများအား စစ်မှုထမ်းစာရင်းပါသည်ဟု စာပို့ကာ ငွေသိန်းရာချီတောင်းယူနေခြင်းမှာပုသိမ်နှင့် ဟင်္သာတမြို့မြို့တွင် အများဆုံးဖြစ်ပွားနေသည်ဟုစုံစမ်းသိရသည်။ သို့သော် ရပ်ကွက်များအတွင်း ငွေကြေးချို့တဲ့သောအိမ်များမှ…
-

စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်း
စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည် အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ လုံခြုံရေးအတွက် မကြာမီက ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။ စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်မှုထမ်းများ ခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံ၍ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ယင်းသို့ ခေါ်ယူမှုအစား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်မှာရှိတဲ့ မြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်း စာရင်းကောက်ယူမှုရပ်ဆိုင်းခိုင်းလိုက်ပါပြီ။…
-

ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့
စစ်ကောင်စီ၏ ညောင်ကျိုးစခန်းကို AA က အပြင်းအထန်တိုက်ခိုက်နေပြီး ကာကင်းစခန်းအတွင်း ပိတ်မိကာ အစာရေစာပြတ်လပ်၊ ဗုံးလာကြဲသည့် စက်တပ်လေထီး ၂ စီးကို ပါပစ်ချနိုင်ခဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ညောင်ကျိုး လက်နက်ကြီးအထိုင်ချစခန်းနှင့် နတ်တောင်တာဝါတိုင် စခန်းကုန်းတို့တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။ ညောင်ကျိုးစခန်း၏ ကာကင်းစခန်းကုန်းဖြစ်သည့် နတ်တောင်တာဝါတိုင်းစခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် AA က ပိတ်ဆို့ထားပြီး ညောင်ကျိုးစခန်းတွင်ပါ ထိုးစစ်ပြင်းထန်၍ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားနေကြောင်း သိရသည်။ “ပုဂံကွဲကျပြီးတဲ့နောက် နတ်တောင်စခန်းက အပိတ်ခံ ထားရတာ။ စားနပ်ရိက္ခာလည်းမပို့နိုင်လို့ ငတ်ပြတ်နေတယ်လို့ သိထားတယ်။ ညောင်ကျိုးကနေ ရိက္ခာရော လက်နက်ခဲယမ်းရော ဘာမှ မပို့နိုင်တော့တာ။ စခန်းကုန်းထဲအကုန်ပိတ်မိနေကြတယ်”…