📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်း

—

by

in

စစ်မှုထမ်းခေါ်ယူရာတွင် သန်းခေါင်စာရင်းကို အခြေခံ ခေါ်ယူသည့်စနစ်သို့ ပြောင်းလဲလိုက်ပြီး ပြည်ပရောက် မြန်မာများပါ စစ်မှုထမ်းရန် ဆင့်ခေါ်မည်၊ စစ်မှုထမ်းရန် ပျက်ကွက်ပါက အမည်ပျက်နှင့် ၀ရမ်းထုတ်ခံရမည့်စာရင်းတွင် ထည့်သွင်းမည်

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များ၏ လုံခြုံရေးအတွက် မကြာမီက ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်မှုထမ်းအပတ်စဉ် ၁ မှ စတင်၍ စစ်မှုထမ်းအပတ်စဉ် ၁၀ အထိ စစ်မှုထမ်းများ ခေါ်ယူရာတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက တင်ပြသည့် စာရင်းအပေါ် အခြေခံ၍ ခေါ်ယူခဲ့သော်လည်း ယခုအခါတွင် ယင်းသို့ ခေါ်ယူမှုအစား လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းကို အခြေခံ၍ ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မှာရှိတဲ့ မြို့နယ်ရပ်ကွက်တွေမှာ စစ်မှုထမ်း စာရင်းကောက်ယူမှုရပ်ဆိုင်းခိုင်းလိုက်ပါပြီ။ လဝက က ကောက်ယူထားတဲ့ သန်း​ခေါင်စာရင်းအရပဲ ကောက်ယူထားတဲ့ စာရင်းမှာ ပါဝင်တဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် အရွယ်အားလုံးကို သန်း ခေါင်စာရင်းကို အခြေခံပြီး ရွေးချယ်မယ်။ အဲဒီအထဲမှာ ခရီးသွားနေတာ၊ ပြည်ပရောက်နေတာတွေကိုလည်း ပြန်လည် ဆင့်ခေါ်မယ့် စနစ်ကျင့်သုံးမယ်လို့သိရတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရှင်းပြသည်။

စစ်မှုထမ်းရန် ပျက်ကွက်ပါက မည်သူမဆို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများနှင့်ပတ်သက်၍ စစ်မှုထမ်းရန်စာရင်းများကို သက်ဆိုင်ရာ မိသားစုမှတစ်ဆင့် ဆက်သွယ်မည်ဖြစ် ကြောင်း၊ အကယ်၍ ပြည်ပရောက် မြန်မာများက စစ်မှုထမ်းရန် မလာရောက်ခြင်း၊ မဆက်သွယ်လျှင် သက်ဆိုင်ရာ၏ အရေး ယူဆောင်ရွက်မှုများ ရှိမည်ဖြစ်ပြီး အမည်ပျက်စာရင်း၊ ဖမ်း၀ရမ်းထုတ်ခံရမည့် စာရင်းတွင် ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းရန် ပျက်ကွက်သည့် ပြည်ပရောက် မြန်မာများကို အမည်ပျက်စာရင်းနှင့် ဖမ်း၀ရမ်းထုတ်ခံရသည့် စာရင်းတွင် ထည့်သွင်းခံရပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးနိုင်မည်မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ပြန်လာပါကလည်း လေဆိပ်၏ အမည်ပျက်စာရင်းတွင် ပါဝင်နေသဖြင့် အဖမ်းခံရနိုင်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းရန် ပျက်ကွက်တဲ့ အမည်ပျက်စာရင်းနဲ့ ဖမ်း၀ရမ်းထုတ်ခံရတဲ့ စာရင်းကို သေချာပြုစုဖို့ရှိနေတယ်” ဟု မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်နေသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်