Category: News
-

စစ်တွေနှင့် တမိုင်ဝန်းကျင် တိုက်ပွဲရောက်လာ
ရခိုင်ပြည်နယ် မြို့တော်စစ်တွေကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်နေရာ ယခုအခါ မြို့နှင့် တမိုင်ကျော် အကွာ ကျေးတောရွာအနီး တိုက်ပွဲများဖြစ်နေပြီး အပြန်အလှန်ပစ်ခတ်မှုများက တပတ်ခန့်ဆက်တိုက်ဖြစ်နေကြောင်း သိရသည်။ တိုက်ပွဲများက စစ်တွေမြို့ပေါ်နှင့် ဆတ်ရိုးကျချောင်းခြားသည့် ကျေးတောရွာအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ)၊ ရွှေမင်းဂံ (ချောင်းနွယ်) ရေတပ်စခန်းတို့နှင့် နှစ်မိုင်ခန့် ဝေးသည့် တောကန်၊ ကံ့ကော်ကျွန်း၊ ဇော်မတတ်ရွာ ဝန်းကျင်တို့၌ ဖြစ်ပွားနေခြင်း ဖြစ်သည်။ “အရင်က တောကန်နဲ့ ရွှေမင်းဂံဘက်မှာပဲ တိုက်ပွဲဖြစ်တာ။ အခု ကျေးတောဘက်ကပါ ကြားလာရတယ်။ နှစ်ရက်သုံးရက် ရှိပြီ၊ လက်နက်ငယ်သံတွေရော ကြားတယ်။ အာရက္ခတပ်တော်က ရေထဲကနေ လာပြီး စစ်တပ်စခန်းကို လာတိုက်တာလို့ ပြောကြတယ်” ဟု စစ်တွေမြို့ထဲ နေထိုင်သော စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။…
-

မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ ကပစ ၂ ကို တိုက်ခိုက်ခဲ့တယ်လို့ NUG အထူးတပ်ဖွဲ့ပြော
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ထဲက မန်းသံပုရာကန်ရေနံချက်စက်ရုံနဲ့ အမှတ် ၂ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)တို့ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်က အကြမ်းဖက်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (SOS) ကနေ သတင်းထုတ်လာပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် မန်းသံပုရာကန် ရေနံချက်စက်ရုံထဲ ၁၀၇ မမ ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရေနံချက်စက်ရုံထဲက ဝန်ထမ်းလိုင်းခန်းနဲ့ စက်ရုံပတ်ဝန်းကျင်မှာ ထိမှန်မှုတွေရှိခဲ့တယ်လို့ SOS က ပြောပါတယ်။ အလားတူ ကပစ ၂ ဝင်းထဲကိုလည်း ၁၀၇ မမ ၁ လုံးကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုတွေရှိခဲ့တယ်လို့ တယ်လို့ SOS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရေနံချက်စက်ရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ရေနံချက်စက်ရုံဝင်းတဝိုက်ကနေ ပေါက်ကွဲသံတချို့ကြားခဲ့ရပေမယ့် ရေနံချက်ကန်တွေကတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။ “တစ်ကန်ထိရင် မီးကကူးမှာပဲ၊ အခုကတော့ မီးလောင်တာ…
-

စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ဆက်ကြေးကောက်နေသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့ ကံတလူတိုးဂိတ်တွင် ပြည်သူများထံမှ အတင်း အဓမ္မ ဆက်ကြေး ကောက်ခံနေသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ၄၀ မမ ဗုံးများ၊ ဒရုန်း ဗုံးသီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုတိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးများက စစ်တပ် ဘန်ကာအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး ဒရုန်းဗုံးများသည်လည်း ရွှေတောင်ရုံးဝင်းအတွင်း…
-

အစ္စရေးက အီရန်နိုင်ငံကို စတင်တိုက်ခိုက်လိုက်ပြီး အစ္စရေးတစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာ
အစ္စရေးနိုင်ငံက အီရန်နိုင်ငံကို ဒီနေ့မှာပဲ စတင်တိုက်ခိုက်လိုက်ပြီး တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးစစ်တပ်ဟာ အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အီရန်ဘက်က ရန်စလာမယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ အစ္စရေးဘက်က ဆိုပါတယ်။ အစ္စရေးက တစ်နိုင်ငံလုံးအရေးပေါ်အခြေအနေ ကြေညာတာကတော့ အီရန်ဘက်ကနေ ဒရုန်းတွေ၊ ဘလက်စတစ်ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်လာနိုင်ခြေရှိတာကြောင့် အစ္စရေးအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ (State of Emergency) ကို ချက်ချင်းကြေညာလိုက်တာပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အခုတိုက်ခိုက်မှုဟာ အစ္စ ရေး နိုင်ငံရဲ့ လုံခြုံရေးအတွက် မဖြစ်မနေလုပ်ဆောင်ရတဲ့ ခြေလှမ်းဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးပိုမိုကျယ်ပြန့်လာမှာကို…
-

“ငရဲခန်းစစ်သင်တန်းဆင်း အမျိုးသမီးကွန်မန်ဒို ရေချယ်”
စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲဝင်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက အမျိုးသမီးကွန်မန်ဒို ရေချယ်ရဲ့ တော်လှန်ရေးဘဝနဲ့ ခံယူချက်တွေကို ကြားရမှာဖြစ်ပါတယ်။ သူဟာ အမျိုးသားတွေတောင် နုတ်ထွက်သွားရတဲ့ ငရဲခန်းစစ်သင်တန်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးရဲမေဖြစ်ပါတယ်။