Category: News
-

မြစ်ကြီးနား ဂျပန်တံတား လူသတ်မှုကြိုးကိုင်သူကို ဖုံးကွယ်ရန် စခန်းမှူးက ငွေယူထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အထင်ကရ ဂျပန်တံတားပေါ်တွင် ဖြစ်ပွားခဲ့သော လုပ်ငန်းရှင်တစ်ဦး သတ်ဖြတ်ခံရမှု၌ ရဲတပ်ဖွဲ့သည် လာဘ်ငွေယူ၍ အမှုမှန်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေကြောင်း မြို့ခံများနှင့် ရဲအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်ည) ၁၀ နာရီဝန်းကျင်တွင် Myanmar Maker Home ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးဇော်မိုးအောင်သည် တပ်ကုန်းရပ်ကွက်နှင့် စီတာပူရပ်ကွက်အကြားရှိ ဂျပန်တံတားပေါ်၌ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထားသော်လည်း နောက်ကွယ်မှ စေခိုင်းသူကို ထိန်ချန်ထားကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။ “သူတို့က ဆက်မစစ်ချင်လည်း ရပ်လို့ရတဲ့ အနေအထားမျိုး ဖန်တီးထားတာဗျ။ တရားလိုရှိတယ်၊ တရားခံမိတယ်၊ ဝန်ခံချက်ရပြီဆိုတော့ တရားရုံးအမှုတင်လို့ရပြီပေါ့။ ဒါပေမဲ့ ဒီကောင်တွေကို ဘယ်သူခိုင်းတယ်ဆိုတာ တစ်မြို့လုံးသိနေတာပဲ။…
-

ဖက်တီးမကို ငွေကြေးခဝါချမှုဖြင့် ကျော်စိုးဦး စစ်ဆေးခိုင်းနေ
အချဉ်ပေါင်းရောင်းပြီး အောင်မြင်လာသည့် ဖက်တီးမကို ငွေကြေးခဝါချမှုဖြင့် ကျော်စိုးဦး စစ်ဆေးခိုင်းနေ မန္တလေး ဦးပိန်တံတား၌ အချဉ်ပေါင်းရောင်းချပြီးနောက် လူမှုကွန်ရက်စာမျက်နှာ၌ နံမည်ကြီးလာကာ ဆိုင်ခွဲများစွာ ပိုင်ဆိုင်လာသည့် ဖက်တီးမကို ငွေကြေးခဝါမှုဖြင့် စစ်ဆေးမှုများ ပြုလုပ်ရန် စစ်တပ်လော်ဘီ ကျော်စိုးဦးက ၎င်း၏ တယ်လီဂရမ်ချန်နယ်၌ ရေးသားထားသည်။ ကျော်စိုးဦး၏ ရေးသားချက်တွင် အချဉ်ပေါင်းရောင်းရုံဖြင့် သူဌေးတစ်ဦးကဲ့သို့ ဝယ်နိုင်စားနိုင်ခြင်းမှာ မဖြစ်နိုင်ကြောင်းနှင့် ယင်းနောက်ကွယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငွေမဲများကို အိမ်ခြံမြေ၊ ကားနှင့် ဆေးရုံများအဖြစ် အသွင်ပြောင်းခြင်းသာ ဖြစ်နိုင်ကြောင်း ပြင်းပြင်းထန်ထန် စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ ဖက်တီးမ၏ အမာခံပရိသတ်တစ်ဦးက “ဒါဟာ ကြိုးစားနေတဲ့ အရပ်သားလုပ်ငန်းရှင်တွေကို စစ်ကော်မရှင်ရဲ့ အာဏာနဲ့ အနိုင်ကျင့်ဖို့ လမ်းခင်းပေးတာပဲ။ အချဉ်ပေါင်းရောင်းလို့ ချမ်းသာတာ မဖြစ်နိုင်ဘူးလို့ ပြောတာဟာ လက်လီအရောင်းစျေးကွက်ရဲ့ အင်အားကို…
-

ရခိုင်နှင့်ပြည်မအစပ် ရိုးပေါ်နေရာသုံးခုစလုံးတွင် AA နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပိုမိုပြင်းထန်လာ
ရခိုင်နှင့်ပြည်မကိုဆက်သွယ်ထားသည့် ရိုးကျော်လမ်းသုံးခုစလုံးတွင် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပိုမိုပြင်းထန်လာနေကြောင်း သတင်းရရှိသည်။ ရခိုင်နှင့် ပြည်မကိုဆက်သွယ်ထားသည့် ရခိုင်-မကွေး၊ ရခိုင်-ပဲခူးနှင့် ရခိုင်-ဧရာဝတီအစပ် ရိုးကျော်လမ်းသုံးခုစလုံးတွင် ယခုရက်ပိုင်း တိုက်ပွဲပိုမိုပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မကွေးဖက်မှာဆို နတ်ရေကန်ဗျူဟာကိုရောက်ဖို့ စစ်ကြောင်းထိုးတဲ့စစ်ကြောင်းတွေနဲ့ AA တို့ ပဇီရွာနားမှာ တိုက်ပွဲပြင်းတယ်။ ဒီနေ့ပိုပြင်းတယ်။ ပဲခူးဖက်မှာဆို ညောင်ကျိုးဖက်ရော၊ ကပစ(၁၆) ဝန်းကျင်ရော ပြင်းတယ်။ ဧရာဝတီဖက်မှာ သာပေါင်းမြို့နယ်ဖက်မှာဖြစ်နေကြတယ်။ ဒီဖေဖော်ဝါရီလအစမှာ သိသိသာသာပိုပြင်းလာတယ်။ စစ်ကောင်စီဖက်က တကျော့ပြန်ထိုးစစ်တွေစပြီး ရိုးကိုသိမ်းဖို့ကြိုးစားနေပုံရတယ်”ဟု ပြောသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ရခိုင်-ပဲခူးအစပ် ပန်းတောင်းမြို့နယ်အပိုင် ညောင်ကျိုးဖက်သို့ ဦးတည်ထိုးစစ်ဆင်လာသည့်စစ်ကော်မရှင်၏စစ်ကြောင်းနှင့် AA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။ အလားတူ…
-

အကယ်ဒမီဆုရမည့်သူစာရင်း ဆုပေးပွဲမကျင်းပခင် ပေါက်ကြားလာ
မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၁၂ ဆု စာရင်းနဲ့ အကယ်ဒမီရမဲ့ အနုပညာရှင်တွေရဲ့ စာရင်းတချို့ အကယ်ဒမီဆုပေးပွဲ မတိုင်ခင် ပေါက်ကြားလာပါတယ်။ ပေါက်ကြားလာတဲ့အထဲမှာ မြေစာရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်တဲ့ မြင့်မြတ်က အမျိုးသားဇာတ်ဆောင်ဆုကို ရမယ်လို့ ဖော်ပြထားပြီး အမျိုးသမီးဇာတ်ဆောင်ဆုကို ဗြောသံ ရုပ်ရှင် ဇာတ်ကားနဲ့ ခင်ဝင့်ဝါ ရမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့အပြင် မြေစာရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆုကို ဆင်မ၊ ဗြောသံရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုကို မျိုးသန္တာထွန်း၊ ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဝင်းလွင်ထက်တို့ ရမယ်လို့ ဖော်ပြနေကြပါတယ်။ အကောင်းဆုံးဇာတ်ညွှန်းဆုကိုတော့ မေတ္တာအမွေပုဂံမြေ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီ ငြိမ်းမင်း၊ အကောင်းဆုံး ဇာတ်ကားဆုကို နတ်ဝင်သည် ရုပ်ရှင်ဇာတ်ကားနဲ့ ဝတ်မှုံရွှေရည်၊ အကောင်းဆုံးဓာတ်ပုံဆုကို မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ် ရုပ်ရှင်ဇာတ်ကားနဲ့…
-

မင်းအောင်လှိုင် ပါရဂူဘွဲ့ယူမှုအပေါ် ဦးသန်းရွှေနှင့် ခိုင်းနှိုင်းပြီး စစ်တပ်လော်ဘီ လှောင်ပြောင်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲ့ အပ်နှင်းလိုက်ခြင်းအပေါ် စစ်တပ်ထောက်ခံသူ လော်ဘီ Ba Kaung က တယ်လီဂရမ်ချန်နယ်တွင် စစ်အာဏာရှင် သန်းရွှေနှင့် ခိုင်းနှိုင်း လှောင်ပြောင်ထားသည်။ ၎င်းက အာဏာရှင် ဦးသန်းရွှေကို နေပြည်တော်ကို တည်ထောင်ပြီး ဒီမိုကရေစီကို အသက်သွင်းပေးခဲ့သူဖြစ်သော်လည်း ဘွဲ့တံဆိပ်ပေါင်းများစွာ မယူဘဲ ရာထူးမှ စွန့်လွှတ်ခဲ့သူဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။ “လော်ဘီတွေတောင် မင်းအောင်လှိုင် ဘွဲ့ယူတာကို မလိုလားဘူးဆိုတာ သက်သေပြလိုက်တာပဲ၊ တိုင်းပြည် စီးပွားရေးနဲ့ စစ်ရေးကဏ္ဍမှာ အဘက်ဘက်မှ ကျရှုံးနေချိန် အခုလို ဘွဲ့ယူတာက လက်တွေ့ မြေပြင် အခြေအနေနဲ့ ဖီလာဆန်နေတာကို လော်ဘီတွေ ပေါက်ကွဲနေပုံရတယ်” ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ်သည်။ ထို့ပြင် စစ်တပ်လော်ဘီများ၏ ရေးသားချက်တွင် အာဏာရှင်ဟောင်း…