Category: News
-

မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ
မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။…
-

အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး
AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင်အား ၁၁၈ ဦးပါ စစ်ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံး စစ်မှုထမ်းတပ်သားများကို WY မူးယစ်ဆေးဝါးနှင့်အရက်များကို စစ်တပ်က ပြန်ရောင်းပေး AA နှင့်တိုက်ပွဲများတွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ရှေ့တန်းတွင် အဓိကအသုံး ပြုပြီး အင် အား ၁၁၈ ဦးပါ စစ် ကြောင်းတွင် စစ်မှုထမ်းတပ်သား ၆၀ ကျော်သေဆုံးသွားခဲ့ကြောင်း AA ထံတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်း စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ပြောဆိုသည်။ စစ်မှုထမ်းတပ်သား ချစ်ကိုဇင်သည် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခံရမှုကြောင့် စစ်ထဲသို့ ရောက်ရှိလာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅…
-

ကာကွယ်ဆေး မရှိ၊ သေဆုံးနှုန်း မြင့်မားသည့် နီပါဗိုင်းရပ်စ်အန္တရာယ်
နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှတဆင့် လူသို့ ကူးစက်တတ်သည့် အလွန်အန္တရာယ်ရှိသော ရောဂါပိုးဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ထပ်တလဲလဲ ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၌ အဆိုပါရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ နီပါဗိုင်းရပ်စ်သည် Henipavirus မျိုးနွယ်အုပ်စုတွင်ပါဝင်ပြီး အသီးစားလင်းနို့များထံမှ အဓိက ကူးစက်ခြင်းဖြစ်သည်။ ၎င်းလင်းနို့များ စွန့်ပစ်ထားသော မသန့်ရှင်းသည့် အစားအစာများ သို့မဟုတ် တိုက်ရိုက်ထိတွေ့မှုများမှတဆင့် လူသားများထံ ကူးစက်ပျံ့နှံ့တတ်သည်။ လူများတွင် နီပါဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် အပျော့စားလက္ခဏာများမှသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသက်သေဆုံးနိုင်သည့် ဦးနှောက်ရောင်ရောဂါများအထိ ဖြစ်ပွားနိုင်သည်။ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သတ်မှတ်ထားသော ကုသဆေး မရှိသေးသည့်အပြင် ယခင်ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ…
-

မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်
မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် အရာရှိတချို့ကို ဖမ်းဆီးထားတယ်လို့ဆို မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်တပ်စခန်းတွေ အနီးရှိ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး အချိန်အတော်ကြာ မီးငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ ခန့်က မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ဘယ်က စလောင်တာတော့ မသိဘူး။ မနက်ကတည်းက ဆူညံနေတာ။ မြို့နဲ့တော့ လှမ်းပေမယ့် မကွေးသွားတဲ့ လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်ထားရတယ်။ ကားလမ်းပေါ် မီး သတ်ကားတွေကော တပ်က ရေသယ်ကားတွေ ရှုပ်ယှက်ခက်နေတာ။ မီးကို မင်းလှလမ်းဆုံ ကနေ လှမ်းမြင်နေရတယ်” လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှု…
-

ထိုင်းတွင် စီမံချက်ဖြင့် တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးနေ
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ အခုလို ဖမ်းဆီးမှု အရှိန်တိုးလာတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ္စည်းပို့သမားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ရန်ပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြန်မာနိုင်ငံသားတွေ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ MHAC အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းနိုင်ငံက…