Category: News
-

ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်
ရွေးကောက်ပွဲ မဖြစ်မချင်း စစ်ကောင်စီက ကာလုံသက်တမ်းဆက်တိုးလိမ့်မည်ဟု မြန်မာ့အရေးသုံးသပ်သူများဆို နိုင်ငံ၏ အာဏာကြီးသုံးရပ် (ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး) ကို လက်ကိုင်ထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ ရည်ညွှန်းသည့် ရွေးကောက်ပွဲမပြီးမချင်း ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) သက်တမ်း lဆက်တိုးသွားမည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ပြောသည်။ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များကို အပေါ်ယံ အသုံးချပြီး ဥပဒေအား လိုသလို ကစားကာ ကာလုံ သက်တမ်းတိုးနေခြင်းဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံသက်တမ်းသည် အများဆုံးသုံးကြိမ်သာ တိုးခွင့်ရှိကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။ “အဲ့ဒီသက်တမ်းတိုးမှုက ဘယ်လောက်အထိ ကြာမလဲဆိုတော့ သူတို့ ရွေးကောက်ပွဲ လုပ်ဖို့ ရည်မှန်းထားတဲ့ဟာ အဲ့ဒီအစီအဉ်မပြီးမချင်းကြာမယ်။…
-

မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက် မကွေးတိုင်း၊ မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့ရှိ ကပစ စက်မှု ၂ ကို အကြမ်းဖက် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် ရှော့တိုက်ဒုံး ၅ လုံးဖြင့်…
-

တလုပ်မြို့ပေါ်စစ်တပ်ကို PDF ဝင်စီး၊ စစ်သား ၂၅ ဦးခန့် သေဆုံးဟုဆို
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား၂၅ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ (ဖေဖော်ဝါရီ တစ်ရက်) နံနက် ငါးနာရီဝန်းကျင်တွင် တလုပ်မြို့တောင်ခြမ်းရှိဂိတ်နှင့် ပြည်သူနေအိမ်နှစ်လုံး၌ အထိုင်ချတပ်စွဲထားသည့် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PDF Taloke ထံက သိရသည်။ ” သူတို့နေတာကတော့ အဲ့သုံးနေရာအများဆုံးအားပြုနေတာ။ တိုက်ပွဲက ပြင်းထန်တာပေါ့။ ၁၁နာရီလောက်ထိကို ရောက်သွားတာ။ လေယာဉ်မလာခဲ့ဘူးဆိုရင် ကျတော်တို့စီစဉ်ထားတဲ့အပိုင်းနဲ့ နိုင်တဲ့အပိုင်းနဲ့ဆို အဆင်ပြေတယ်။ လေယာဉ်နဲ့ဘာနဲ့မို့ ကြန့်ကြာသွားတာပေါ့။ ကျည်အားနည်းတာရောကြောင့် ပြန်ပြီးခွာရတာပေါ့ ” ဟု PDF Taloke တာဝန်ခံ ကိုစိမ်းမောင်က ပြောသည်။ ယင်းတိုက်ပွဲကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်နှင့် Mi-35 ဖြင့် သုံးကြိမ် ပစ်ကူပေးခဲ့ရကြောင်း သိရသည်။ “မြေပြင်စစ်ကူတွေကတော့ ကျတော်တို့ဘက်ကလည်း…
-
မဲပလီဗျူဟာစခန်းကြီးကို မဟာမိတ်တပ်တွေကသိမ်းပိုက်ပြီး အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ပြည်သူ့အတွက်လက်ဆောင်ပေး
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီကနေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်ပါတယ်။ “အာဏာသိမ်းမှု(၄)နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာစခန်းကြီးကို အပြီးသတ်သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်” လို့ BPLA ကွပ်ကဲရေးမှူး ကိုဆောင်းခကဖေစ်ဘွခ်လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့ ဟောင်ဝစ်ဇာ အမြောက် နဲ့ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တွေအောင်ပွဲခံနေတဲ့ ဓါတ်ပုံ နဲ့ “ငါတို့ခေတ်မှာ အာဏာရှင်စနစ် အဆုံးသတ်ဖြစ်စေရမယ်”လို့လည်းရေးသားထားပါတယ်။ ဗျူဟာစခန်းကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၅ခြေမြန်တပ်ရင်(၄၀၅) ကနေ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူပေးနေတဲ့ကြားကနေ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ရရှိခဲ့တာလို့ စုံစမ်းသိရပါတယ်။ (မဲပလီဗျူဟာစခန်းသိမ်းပြီးနောက် စစ်တပ်ထံကသိမ်းရတဲ့ ဟောင်ဝစ်ဇာနဲ့အောင်ပွဲခံနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ။ ဓါတ်ပုံ-Maung Saung…
-

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်
စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ ဒေါ်လာ ၉ သန်းတန် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ တံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ်…