Category: News

  • တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မှာ စောင်နဲ့ထုပ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီး ရုပ်အလောင်းအမှုက ဆက်စပ်တရားခံ ၁ ဦးကို ဖမ်းဆီးရမိ

    တာချီလိတ်မြို့ မြို့ပတ်လမ်းမှာ စောင်နဲ့ထုတ်ကာ စွန့်ပစ်ခံရတဲ့ အမျိုးသမီးရုပ်အလောင်းအမှုနဲ့ ပတ်သက်ပြီး အလောင်းကို စွန်ပစ်ခဲ့သူတွေနဲ့ ဆက်စပ်တဲ့ တရားခံတစ်ဦးကို ဖမ်းမိတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တာချီလိတ်မြို့ပတ်လမ်းမှာ အသက် ၂၅ အရွယ် အမျိုးသမီးရုပ်အလောင်းကို စောင်နဲ့ထုတ်လျက်အနေအထားနဲ့ ဒေသခံတွေက တွေ့ရှိခဲ့ကြပြီးနောက် တရားခံတွေကို လိုက်လံစုံစမ်းခဲ့ရာက အမှုပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သေဆုံးသူအမျိုးသမီး မဖြူဖြူအေးနဲ့ အလောင်းဖျောက်ခဲ့သူ ဉာဏ်လင်းထက် (ခ)အားစန်းကော တို့ဟာ KTV မှာတွေ့ဆုံခဲ့ကာ မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြပြီးနောက် မဖြူဖြူအေး ဆေးလွန်သွားခဲ့တာကြောင့် တည်းခိုခန်းတစ်ခုမှာ ထားခဲ့တယ်လို့ သိရပါတယ်။ တည်းခိုခန်းမှာထားပြီးနောက် နေအိမ်ကိုခေါ်ကာ အရပ်ဆေးနည်းတွေနဲ့ကုခဲ့ပြီး အခြေအနေမကောင်းတော့တာကြောင့် ဉာဏ်လင်းထက်(ခ)အားစန်းကောနဲ့ မိခင်ဖြစ်သူ ဒေါ်နန်းဆိုင်သန်း တို့ဟာ မဖြူဖြူအေးရဲ့ ရုပ်အလောင်းကို…

  • စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    စာမေးပွဲဖြေခွင့် ထုတ်ပေး၍ ခရိုင်ပညာ‌ရေးမှူးကို အရေးယူမည်

    ကျောင်းအပ်နှံစာရင်းတွင်မပါ၍ မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိသည့် “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ ၁၀၀ ကျော်အား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခဲ့သည့် ခရိုင်ပညာရေးမှူးကို နိုင်ငံဝန်ထမ်းဥပဒေဖြင့် စိစစ်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၂၃ ရက်ကစတင်ကျင်းပသည့် အတန်းဆုံးစာမေးပွဲတွင် စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ကွက်ရှိ “ထက်”ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-5 ကျောင်းသား/သူ ၇၂ ဦးနှင့် Grade-9 ကျောင်းသား/သူ ၈၉ ဦး စုစုပေါင်း ၁၆၁ တို့သည် ဖြေဆိုခွင့်ကတ်များအား ဖေဖော်ဝါရီ ၂၂ ရက်၌ စစ်ကိုင်းခရိုင် ပညာရေးမှူးထံမှရရှိခဲ့သော်လည်း ပါဝင်ဖြေဆိုခွင့် မရခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းသား/သူ ၁၆၁ ဦးသည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ တာဝန်ရှိသူများမှ ကျောင်းသို့ သွားရောက်စစ်ဆေးစဉ် အမှန်တကယ် ကျောင်းတက်ရောက်မှု မရှိခြင်းနှင့် အတန်းဆုံးနှင့်…

  • ဗိုလ်နဂါးကို နမခ ရှိ အဆင့်မြင့် ဆက်သွယ်ရေးတပ်တွင် စစ်ကြောရေးဝင်နေ

    ဗိုလ်နဂါးကို နမခ ရှိ အဆင့်မြင့် ဆက်သွယ်ရေးတပ်တွင် စစ်ကြောရေးဝင်နေ

    စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်း ဆောင် ဗိုလ်နဂါး(ခေါ်)နိုင်လင်း ကို မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်း၌ စစ်ကြောမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပုလဲမြို့နယ်၊ သေတ္တရာရွာမှတစ်ဆင့် စစ်ကော်မရှင်၏ ရဟတ်ယာဉ်နှစ်စင်းဖြင့် လိုက်ပါပူးပေါင်းသွားသည့် ဗိုလ်နဂါးကို စစ်ကော်မရှင်က နမခအတွင်းရှိ အမှတ် (၁၂) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၌ ထိန်းသိမ်းကာ စစ်ကြောရေးဝင်နေခြင်းဖြစ်ကြောင်း တပ်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ဗိုလ်နဂါးနှင့်အတူ လိုက်ပါသွားသည့် ၎င်း၏ နောက်လိုက်လူရင်းများကိုလည်း နေရာသီးခြားစီခွဲ၍ ထိန်းသိမ်းထားကြောင်း သိရသည်။ ဗိုလ်နဂါးကို ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ခန့်အပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း မြေပြင်အခြေအနေတွင်မူ တော်လှန်ရေးအင်အားစုများအပေါ် မမှန်သတင်းများဖြန့်ဝေကာ စိတ်ဓာတ် စစ်ဆင်ရေး လုပ်ဆောင်ရန်အတွက်သာ အသုံးချဖွယ်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က…

  • ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။ AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး…

  • ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ စစ်ရေးနီးစပ်သူက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် မနက်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က အသင့်စောင့်တိုက်လိုက်တဲ့အတွက် တိုက်ပွဲအတွင်း အခုလိုသေဆုံးခဲ့ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “မနက်ပိုင်း သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင် ဝင်လာတာပါ။ အဲဒါကို AA က အသင့်စောင့်တိုက်ခိုက်တာ ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရတယ်။” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ လက်နက်ခဲယမ်းကို AA က သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ…