Category: News
-

ညဉ့်နက်မှ အိပ်ရာဝင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုမို မြင့်မားခြင်းနှင့် ဆက်စပ်
ညဉ့်နက်မှ အိပ်လေ့ရှိသူများ (Night owls) သည် အထူးသဖြင့် အသက်ကြီးလာချိန်တွင် နှလုံးကျန်းမာရေးဆိုင်ရာ အန္တရာယ်များကို ပိုမိုရင်ဆိုင်ရနိုင်ပြီး၊ အမျိုးသမီးများတွင် ပိုမိုသိသာစွာ သက်ရောက်မှုရှိကြောင်း သုတေသန တွေ့ရှိသည်။ အမေရိကန် နှလုံးအဖွဲ့ချုပ်၏ Life’s Essential 8 တိုင်းတာချက်အရ ညပိုင်းတွင် ပိုမို တက်ကြွလေ့ရှိသော အလယ်အလတ်အရွယ်နှင့် သက်ကြီးပိုင်းအရွယ် လူကြီးများ အထူးသဖြင့် အမျိုးသမီးများသည် မနက်ပိုင်း သို့မဟုတ် ညနေပိုင်းကို အထူးတလည် နှစ်သက်မှု မရှိသူများနှင့် နှိုင်းယှဉ်ပါက ယေဘုယျ နှလုံးကျန်းမာရေး ပိုမို ညံ့တတ်ကြောင်း ပြသနေသည်။ UK Biobank ၏ အချက်အလက်များကို ယခု သုတေသန၌ ခွဲခြမ်းစိတ်ဖြာချက်အရ ညဉ့်နက်မှအိပ်သူများတွင် တွေ့ရလေ့ရှိသော အာဟာရ မပြည့်ဝသည့် စားသောက်မှုပုံစံ၊ အိပ်စက်မှု နည်းပါးခြင်းနှင့်…
-

မိုက်ခရိုပလတ်စတစ် အများဆုံးပါဝင်သော အစားအစာများ
သတင်းများကို အနည်းငယ်မျှ သတိထားကြည့်မိရုံဖြင့် မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို ဖော်ပြ နေသည့် သတင်းခေါင်းစဉ်များကို တွေ့မြင်ရမည်ဖြစ်သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ပလတ်စတစ်ပစ္စည်းတခု ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာသော ပလတ်စတစ်အမှုန်အမွှားအပိုင်းအစကလေးများဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က “မိုက်ခရိုပလတ်စတစ်” ဆိုသည့်စကားလုံးမှာ စိမ်းနေခဲ့သော်လည်း ယနေ့ခေတ်တွင် ကျန်းမာရေးဆိုးကျိုးကို အထူးတလည် စိုးရိမ်နေသူမဟုတ်စေကာမူ လူတိုင်းနီးပါး ပြောဆိုနေကြသည့် အကြောင်းအရာတခု ဖြစ်လာခဲ့သည်။ မိုက်ခရိုပလတ်စတစ်ဆိုသည်မှာ ယင်း၏အမည်အတိုင်းပင် အလျား ငါးမီလီမီတာအောက်ရှိသော အလွန် သေးငယ်သည့် ပလတ်စတစ်အမှုန်အမွှားများဖြစ်သည်။ ယင်းတို့သည် ပလတ်စတစ်များ သဘာဝ အတိုင်းဆွေးမြည့်ပျက်စီးနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကြွင်းအကျန်များ ဖြစ်ကြသည်။ ပလတ်စတစ်များသည် သဘာဝအတိုင်း ဆွေးမြည့်မသွားဘဲ အလွန်သေးငယ်သော အမှုန်များအဖြစ်သာ အဆင့်ဆင့် ပြိုကွဲသွားကြသည်။ ထိုအမှုန်များသည် လေနှင့်ရေတို့မှတဆင့် ပတ်ဝန်းကျင်အတွင်းသို့ အမြောက်အမြား ပျံ့နှံ့ရောက်ရှိကာ ထိတွေ့သမျှအရာအားလုံးကို…
-

မိုးမိတ်ရှိ စစ်ကော်မရှင်၏ လက်နက်ဂိုဒေါင် ဒရုန်းဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူများပြား
ရှမ်းမြောက်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကော််မရှင်၏ လက်နက်ခဲယမ်းများ သိုလှောင်ထားသည့်ဂိုဒေါင်ကို တော် လှန်ရေးတပ်ဖွဲ့များက ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်များ ဝင်ရောက်နေရာယူထားသည့် ရွှေဇာလီကျေးရွာရှိ လက်နက်ခဲယမ်းသိုလှောင်ရုံ တစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်က ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသည့်အတွက် ဂိုဒေါင်ပေါက်ကွဲပြီး စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးသူများကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ “ထိခိုက်မှုများတယ်လို့တော့ သိတယ်။ သူတို့အုပ်စိုးထားတဲ့နေရာဆိုတော့ အတိအကျတော့မသိရဘူး။ ပေါက်ကွဲအသံတွေပြီးနောက်မှာ အလောင်းတွေသယ်ထုတ်တာတွေတော့ ရှိတယ်”ဟု မိုးမိတ်မြို့ခံ တစ်ဦးက ပြောသည်။ စစ်ကော်မရှင်က ရွှေလီမြစ်ဆုံတံတားတွင် ခြေကုပ်ယူနိုင်ရန် ပြင်ဆင်နေပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်းမရှိသေးချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုများ ရှိလာခြင်းဖြစ်ကာ အဆိုပါ လက်နက် ခဲယမ်းဂိုဒေါင်သည် နမိတ်ချောင်း တစ်ဖက်ကမ်းတွင်ရှိပြီး စစ်ကော်မရှင်တပ်များ အများအပြားနေရာယူထားကြောင်း သိရသည်။ မိုးမိတ်မြို့တွင် ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က…
-

ရန်ကုန်၊ မန္တလေး၊ ပျဥ်းမနား မီးအကြီးအကျယ်လောင်
ရန်ကုန်နှင့် မန္တလေးတွင် ၂ ရက်အတွင်း တောမီးအပါအဝင် ၇ ကြိမ်လောင် ရန်ကုန်မှာ ၂ ရက်အတွင်း တောမီးအပါအဝင် မီး ၅ ကြိမ်လောင်ပြီး မန္တလေးမှာလည်း ဖေဖော်ဝါရီ ၇ ရက် ဒီနေ့မှာ မီး ၂ ကြိမ်လောင်တယ်လို့ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက် ဒီမနက်အစောပိုင်း ၃ နာရီခွဲက ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ စက်မှုဇုန်-၂၊ ဆိပ်ကမ်းသာလမ်းမှာ ကိုင်းတောမီးလောင်လို့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၄ နာရီမှာ မီးငြိမ်းသွားပါတယ်။ မွန်းတည့် ၁၂ နာရီမှာလည်း တိုက်ကြီးမြို့နယ်၊ မေတ္တာအေးရွာမှာ တောမီးလောင်လို့ တိုက်ကြီးမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်…
-

AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာ
AA ထိုးစစ် ကပစ-၁၆ အနီး ၅ ကီလိုမီတာအထိ ရောက်ရှိလာပြီး နောက်ထပ် ပွိုင့်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင်နေ ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ်နှင့် ရခိုင်ရိုးမတောင်ကြားလမ်းတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အရှိန် မြင့်တက်လာနေပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-(၁၆) တည်ရှိရာ မသုန်ကျေးရွာနှင့် ၅ ကီလိုမီတာဝန်းကျင်အကွာအထိ ချဉ်းကပ်နေရာယူထားပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကပစ-၁၆ နှင့် ကပ်လျက်ရှိသည့် ပွိုင့် -၅၀၆ စခန်းကုန်းအနီးအထိ AA ၏ ထိုးစစ် ရောက်ရှိလာခြင်းဖြစ်ပြီး စက်ရုံအတွင်းသို့ ရောက်ရှိရန် စခန်းကုန်း နှစ်ခုခန့်သာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ “ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်”…