Category: News
-

တပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး
ရွှေသောင်ယံမှတပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး ဂွ- ငသိုင်းချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဒဏ်ရာရရှိကာ အင်အား ၂၀ ခန့် ဖြင့် ခုခံနေရ ရွှေသောင်ယံမှ တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိနေသည့် ဂွ- ငါးသိုင်းချောင်းဘက်ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထွက်ပြေးသွားကြောင်း သိရသည်။ စစ်ကောင်စီသည် ရွှေသောင်ယံရှိ ခလရ ၁၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများနေခြင်း ကြောင့် ပြန်လည်ခေါ်ယူ၍ ဂွ- ငသိုင်းချောင်းလမ်းဘက်သို့ပို့ဆောင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ထိခိုက် သေဆုံးမှုများရှိနေပြီး အင်အား ၂၀ ခန့်ဖြင့် ခုခံနေရသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ပါ ထွက်ပြေးကြောင်း သိရသည်။ စစ်ကောင်စီသည်…
-

မဲ့ပရိဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ်မှအရာရှိအပါအဝင် စစ်သုံ့ပန်း ၃၀ ခန့် ဖမ်းမိ
ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ ” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မဲပလီဗျူဟာစခန်းအား KNLA ဦးဆောင်မှုဖြင့် PDF၊…
-

ရှမ်းတောင် တပ်ရင်းနှစ်ခု MoD လက်အောက်မှ နုတ်ထွက်
ရှမ်း၊ ကယား (ကရင်နီ) နယ်စပ်တွင် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်နှစ်ဖွဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်မှ နုတ်ထွက်မည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာသည်။ MoD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (CoC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ နှုတ်ထွက်ကြမည်ဖြစ်ပြီး အခြားစုဖွဲ့မှုပုံစံနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MoD အား ကျေးဇူးတင်ကြောင်းလည်း ထိုတပ်ရင်းများက ဆိုသည်။ MoD လက်အောက်တွင် မရှိဘဲ ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) အဖွဲ့နှင့် နုတ်ထွက်သည့်အဖွဲ့များ ပူးပေါင်းကြမည်ဖြစ်သည်။…
-

ပုသိမ်၊ မင်းလှ နှင့် ရေကြည်တို့ရှိ ခလရ ၁၁၊ အမတ ၃၄၄ နှင့် လေ့ကျင့်ရေး ၆ အပါအဝင် တပ်စခန်းများမှ အရာရှိ နှင့်စစ်သည် ၃၄ ဦး ထွက်ပြေး
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များကပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ အပါအဝင် တပ်သား ၁၄ ဦးနှင့် ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်ကြပ် အပါအဝင် တပ်သား ၁၂ ဦးသည် လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ရွှေသောင်ယံမြို့ ဝက်သေဘက် နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း၊…
-

ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး
မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍…