Category: News

  • ဖားကန့်‌ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး

    ဖားကန့်‌ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ စပေါ့ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေစာပုံပြိုကျရာမှ မြေးတူစက်မောင်းသူ အမျိုးသား သုံးဦး မြေစာပုံပိ၍ သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် တွင် ဘဇံချောင်း ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ မြေစာပုံပြိုကျပြီး မြေတူးစက်ခြောက်စီး နစ်မြုပ်ပြီး ကားသမား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က ဟိုတစ်ခါ နွံကန်ပေါက်တဲ့ရွာမှာပဲဖြစ်တာ။ ကားသမားသုံးယောက်အလောင်းတော့ ရှာတွေ့ ထားတယ်။ ဝင်းထဲက ရေးမဆေးကျောက်သမားတွေ ပါမပါတော့ မသိရသေးဘူး” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ မြေစာပုံပြိုကျစဉ်တွင် ကိုဌေးနိုင် (၃၅) နှစ်၊ ကိုဟန်ဝင်းအောင် (၃၃) နှစ်၊ ကိုဇေယျာဟိန်း (၂၉) နှစ်တို့ သေဆုံးခဲ့ပြီး ကျန်ကားသမားသုံးဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ အလားတူ…

  • ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများ

    ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများ

    ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများအား ချင်းညီနောင်အဖွဲ့ဝင် CNDF ထုတ်ပြ ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော ချင်းညီနောင်စစ်ဆင်ရေး ဖော်ဆောင်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်အား ဖမ်းဆီးရမိပြီး၎င်းတို့အား ကောင်းမွန်စွာထားရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့(ဇန်နဝါရီ ၃၁ ရက်) ထုတ်ပြန်ပြသခဲ့သည်။ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄နိုဝင်ဘာ ကစတင်ခဲ့ရာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့သည်။ ထိုသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ချင်းညီနောင်က ဒီဇင်ဘာအတွင်း ဖမ်းမိခဲ့သည်။ ဖမ်းမိစစ်သုံ့ပန်းများ၏ ပြောပြချက်အရ စစ်ကူလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့ကို စစ်ကူလာရမည်ကို မသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်း၍ တက်လာရခြင်းဖြစ်ကာ ဖလမ်းမြို့ရှိ တောင်ကုန်းတနေရာသို့…

  • အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

    အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ ကား၊ ဆိုင် ကယ်များဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကြောင်းနှင့် ကင်းပုန်းကြိုဝပ်နေသော အကြမ်းဖက် စစ် သားနှင့် ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးကာ ၅ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။…

  • မင်းအောင်လှိုင်က  စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက်  ၆ လထပ်မံ သက်တမ်းတိုး

    မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုး

    ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ် အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။ မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော NLD အစိုးရသမ္မတ ဦးဝင်းမြင့်နှင့်…

  • ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။ “ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး…