ယာယီသမ္မတ မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေးကာလ ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ပြီး စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာကုန်လွှဲအပ်
အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ်ပြည့်ပြီးနောက် ၆ လထပ်မံ သက်တမ်းတိုးလိုက်ကြောင်း သိရှိရသည်။
မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ်နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းပြီး စစ်အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ယနေ့နံနက်ပိုင်း ကြေညာခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော NLD အစိုးရသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားရယူ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
Leave a Reply