📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ညောင်ရွှေတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

—

by

in

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး ၅၉၁ တပ်ရင်းထဲကို တည့်တည့်ကျတာ။ ၆၀ မမ လက်နက်ကြီးနဲ့က ၈ လုံး၊ ၉ လုံးလောက်ပြန်တာရှိတယ်၊ လက်နက်ငယ် တွေနဲ့လည်းပြန်ပစ်တယ်။ ကျနော်တို့ တပ်ဖွဲ့အနေနဲ့က လက်နက်ကြီးရော၊ ဒရုန်းရော ၊ မြေပြင်တိုက် ခိုက်ရေးရာ ဘက်စုံကနေ အာဏာရှင်ကို တိုက်ထုတ်နေခဲ့တာကြာပြီဖြစ်လို့ များများပံ့ပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နှင့် ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ ၁ တို့အတူ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ရေပူ(ထီခိုး)ရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့‌ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၄ ဦးသေကာ ၈ ဦး ဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် အင်းလေးလူထုလှုပ်ရှားမှုက ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၆ နာရီ ၂၁ မိနစ်အချိန်တွင် ညောင်ရွှေမြို့နယ်၊‌ ရေပူအုပ်စု ၊ ရေပူ(ထီခိုး)ရွာ ၏ အရှေ့ဘက်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNAတို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကပ်လာတာ။ သူတို့လက်နက်ကြီးတွေနဲ့ ထုတာ။ ရဲဘော်တွေရော ပြည်သူတွေရော ဘေးကင်းပါတယ်” ဟု အင်းလေးလူထုလှုပ်ရှားမှုက ဆိုသည်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် ‌ပစ်ခတ်၍ ရေပူရွာ ဘုန်းကြီးကျောင်းဝန်းရှိ စေတီများသို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း အင်းလေးလူထုလှုပ်ရှားမှုထံမှ သိရှိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်