Category: News

  • ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်

    ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်

    ငွေကြေးခဝါချမှု ကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်တဲ့ ၂ဝ၂၆ ခုနှစ် ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၁၁ ရက်မှာ ပြဋ္ဌာန်းလိုက်ပါ တယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေပုဒ်မ ၅၈ မှာ ဘယ်သူမဆို ငွေကြေးခဝါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခံ ရရင် တစ်နှစ်ကနေ ငါးနှစ်အထိ ထောင်ဒဏ်၊ ကျပ်သန်းငါးဆယ်ကနေ ကျပ်သန်းတစ်ရာအထိ ငွေဒဏ်နဲ့ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအပြင် ပြစ်မှုကျူးလွန်သူဟာ ကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်းဖြစ်ပါက ကျပ် သန်းနှစ်ရာကနေ ကျပ် သန်း ငါးရာအထိ ငွေဒဏ် ချမှတ်ရမှာဖြစ်သလို အကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို အနည်းဆုံး…

  • မနက်ဖြန်ကစပြီး QRကုဒ်မပါရင် ဓာတ်ဆီဝယ်မရတော့ဘူး QR ကုဒ်လုပ်နည်း

    မနက်ဖြန်ကစပြီး QRကုဒ်မပါရင် ဓာတ်ဆီဝယ်မရတော့ဘူး QR ကုဒ်လုပ်နည်း

    မတ်လ ၁၂ ရက်နေ့ (မနက်ဖြန်) မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့ကြီးများတွင် စက်သုံးဆီကို QR Code စနစ်ဖြင့် စမ်းသပ်ရောင်းချပေးတော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (မတ် ၁၁ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤစနစ်သစ်နှင့် ပတ်သက်၍ သိထားသင့်သည့် အဓိကအချက်များကို အောက်တွင် အနှစ်ချုပ် ဖော်ပြပေးလိုက်ပါသည်။ ၁။ စနစ်သစ်၏ ရည်ရွယ်ချက် * စက်သုံးဆီ အမှန်တကယ် လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရန်။ * တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများကို ထိန်းချုပ်ရန်။ * စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲရန်။ ၂။ ဝယ်ယူရမည့် နည်းလမ်းများ | ယာဉ်အမျိုးအစား | အသုံးပြုရမည့်…

  • သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကြောင့် ချွန်ဘူရီ ကွေ့သယိုဆိုင်မှ ပအိုဝ်းတိုင်းရင်းသူ အလုပ်သမတစ်ဦး ထွက်ပြေးရ၊ တစ်ဦးကျန်နေသေး

    သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကြောင့် ချွန်ဘူရီ ကွေ့သယိုဆိုင်မှ ပအိုဝ်းတိုင်းရင်းသူ အလုပ်သမတစ်ဦး ထွက်ပြေးရ၊ တစ်ဦးကျန်နေသေး

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်ရှိ စဖန်မိုင်ဒေသတွင် ကွေ့သယိုဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ကိုင်နေသည့် ပအိုဝ်းတိုင်းရင်းသူ အလုပ်သမားအမျိုးသမီး ၂ ဦးသည် သူဌေး၏ ရိုက်နှက်အကြမ်းဖက်မှုကို ခံခဲ့ရပြီး ယင်းအနက် တစ်ဦးသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကာ တစ်ဦးမှာ မထွက်ပြေးနိုင်သေးကြောင်း သိရသည်။ ထွက်ပြေးလွတ်မြောက်လာသူ၏ ပြောကြားချက်အရ အလုပ်လုပ်နေစဉ်တွင် ဆိုင်သူဌေးက ကြွေပန်းကန်ဖြင့် ခေါင်းကိုရိုက်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း၊ လက်သီးဖြင့် ထိုးနှက်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် တံမြက်စည်းဖြင့်လည်း ရိုက်နှက်ခဲ့ကြောင်း ပအိုဝ်းအရေးလှုပ်ရှားသူများထံမှ သိရသည်။ ယင်းသို့ ရိုက်နှက်နှိပ်စက်မှုကြောင့် မျက်စိ၊ မျက်နှာနှင့် ပေါင်များတွင် ညိုမဲစွဲသည့်အထိ ဒဏ်ရာများရရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်သူ၏ ပြောကြားချက်အရ သိရသည်။ “သူဌေးက နေ့တိုင်းရိုက်တယ်။ အလုပ်က ထွက်မယ်ဆိုလည်း သတ်ပစ်မယ်၊ ရဲလက်အပ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။ အလုပ်မထွက်တော့ဘူးပြောလည်း နောက်နေ့တွေလည်း ဆက်တိုက် ရိုက်နှက်တယ်၊ ထိုးတယ်၊…

  • နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစ၍ QR Code ဖြင့် စက်သုံးဆီရောင်းချပေးမည်

    စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။ စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။ ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင်…

  • ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ  ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေ ၁ ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ် ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့ကို ဖမ်းဆီးစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေတစ် ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ် သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲမေ ၁ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ် သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။ အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လို…