Category: News
-

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ PDFရဲမေတဦးအဓမ္မပြုကျင့်ခံရမှုဖြစ်ရပ် သံသယတရားခံကို ဖမ်းဆီးထား၊ စစ်ဆေးအရေးယူမှု ထုတ်ပြန်မယ်လို့ NUG ပြော
ကျူးလွန်သူကို ထိရောက်စွာအရေးယူဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့ ၁၆ဖွဲ့ NUG ယာယီသမ္မထံတောင်းဆို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာဖြစ်ပွားခဲ့တဲ့ရဲမေတစ်ဦးအား အဓမ္မပြုကျင့်ခံရတဲ့ဖြစ်ရပ်မှာသံသယရှိသူကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေက ပြောပါတယ်။ NUGပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက “ကာကွယ်ရေးဝန်ကြီးဌာန နဲ့ပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်နေပါတယ်။သံသယတရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အမှုဖြစ်ပွားကြောင်းသိသိချင်းစစ်ဆေးမှုတွေ လုပ်နေကြောင်း အသိပေးပါတယ်။ “သံသယ တရားခံကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။အသေးစိတ်တွေကိုတော့ စစ်ဆေးမှုတွေပြီးတဲ့အခါ ထုတ်ပြန်ပါလိမ့်မယ်ဗျ။ စစ်ဆေးပေါ်ပေါက်မှုအပေါ်မူတည်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ ယင်းမာပင်ခရိုင်တပ်ရင်း(၂ဝ)မှာ တပ်ရင်းတာဝန်ရှိသူများ ကိုယ်တိုင်အဓမ္မပြုကျင့်မှုကျူးလွန်ခြင်း၊ လူမဆန်စွာနှိပ်စက်ခြင်း၊ လူမျိုးရေး၊ဘာသာရေးခွဲခြားမှုများ ပြုလုပ်ခြင်း၊ ကျူးလွန်ခံရသူမိသားစုများအား ခြိမ်းခြောက်ခြင်းစတဲ့ ဆိုးရွားစွာလူအခွင့်အရေး ချိုးဖောက်ခြင်း ကိစ္စရပ်တွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးရေးဆိုင်ရာ အဖွဲ့အစည်း ၁၆ဖွဲ့က…
-

ဗန်းမော်တိုက်ပွဲတွင် တပ်မ-၈၈ လက်အောက်ခံ စစ်ကြောင်း တိုက်ခိုက်ခံနေရပြီး သေဆုံးသူများပြား၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယခုမတ်လ အစောပိုင်းတွင် စစ်ကော်မရှင်၏ စစ်ကြောင်းတစ်ခု အပြတ်အသတ် တိုက်ခိုက်ခံရကာ သေဆုံးမှု များပြား နေကြောင်း သိရသည်။ စစ်ကော်မရှင်၏ တပ်မ (၈၈) လက်အောက်ခံ၊ ချောက်မြို့အခြေစိုက် ခလရ-၁၃ မှ စစ်ကြောင်း တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင် ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ခြင်း ဖြစ်သည်။ “ဗန်းမော်တိုက်ပွဲက စစ်ကော်မရှင် စခန်းအချင်းချင်း အချိတ်အဆက်မပြတ်ရေး အားထုတ်နေရတာပါ။ တော်လှန်ရေးဘက်က စစ်ကူနဲ့ အထောက်အပံ့ ပိုသုံးနိုင်ရင် ရလဒ်က ချက်ချင်းပြောင်းသွားမှာပါ” ဟု ဗန်းမော်စစ်ရေးကို စောင့်ကြည့်နေသည့် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ စစ်ကော်မရှင်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် မတ် ၃…
-

နောက်ဆုံးတော့လဲ Eleven Media အယ်ဘကို စ,ကန်ပြီ
၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်ဖြင့် ယာဉ်အသွားအလာကန့်သတ်၍ ဆီချွေတာသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိနေ မြန်မာနိုင်ငံကဲ့သို့ Public Transport အားမကောင်းသည့် နိုင်ငံတွင် စုံ/မ စနစ်ကို Nationwide ကျင့်သုံးခြင်းက စီမံခန့်ခွဲမှု အလွဲအမှားသာဖြစ် ၂၀၂၆ စွမ်းအင်ချွေတာရေးတွင် စုံ/ မ စနစ်သုံးပြီး ဆီချွေတာသည့်နိုင်ငံမှာ အချက်အလက်များအရ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာ ရှိနေသည်။ အီရန်စစ်ပွဲဂယက်ကြောင့် အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ မှ နိုင်ငံ ၅၀ ခန့်သည် စက်သုံးဆီအခက်အခဲကြုံတွေ့နေရ ရနိုင်သော်လည်း မည်သည့်နိုင်ငံမှ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံတစ်ဝန်းလုံး စုံ/မ ရက် ခွဲပြီး အလားတူ ယာဉ်အသွားအလာ ကန့်သတ်သည့်စနစ်ကျင့်သုံးခြင်း မရှိသည်ကိုတွေ့ရသည်။ ထိုသို့သောအခြေအနေများတွင် မြန်မာနိုင်ငံကဲ့သို့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်…
-

အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း
အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။ လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။ ရေနံများရောနှောနေသည့် မိုးမည်းရွာသွန်းမှုအကြောင်း သတင်းထောက်၏ ဖော်ပြချက် “မိုးရေတွေက တကယ်ကို မည်းနက်နေတာကို တွေ့နိုင်ပါတယ်။ ရေနံတွေလည်း ပျော်ဝင်နေပုံရတယ်” ဟု ပြောကြားခဲ့သည်။ “ဒါက ဒီမနက်ခင်းမှာ ရွာသွန်းနေတဲ့ အခြေအနေပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အီရန်မြို့တော် မှာ အခုလို ရေနံတွေပါတဲ့ မိုးမျိုး ရွာသွန်းနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ စက်သုံးဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်…
-

အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ
အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။ အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။ ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို…