Category: News

  • အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

    အရပ်သားများကို ဗုံးကြဲရန် ၃ လအတွင်း လေယာဥ်ဆီ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး စစ်ကော်မရှင် သုံးစွဲဟု BMC ပြော

    အရပ်သားများကို လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်ရန် စစ်ကော်မရှင်က သုံးလအတွင်း အမေရိကန်ဒေါ်လာ ၄,၀၀၀,၀၀၀ ကျော်တန်ဖိုးရှိ လေယာဥ်ဆီများ သုံးစွဲခဲ့ကြောင်း သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (Blood Money Campaign)က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။ သွေးစွန်းငွေ လှုပ်ရှားမှု အဖွဲ့၏ ၂၀၂၅ ဇွန် ၁၆ မှ စက်တင်ဘာ ၁၆ ထိ လေ့လာတွေ့ရှိချက်အရ သုံးလအတွင်း တိုက်လေယာဉ်အုပ်စုတစုတည်းအတွက် လေယာဉ်ဆီ အင်ပီယီရယ်ဂါလံ (IG) ၁ ဒသမ ၉၄ သန်းကျော် သုံးစွဲခဲ့ပြီး ကုန်ကျငွေပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၆ သန်းကျော်ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ လေယာဥ်ဆီ ၁ အင်ပီယီရယ်ဂါလံ (1 IG) တွင် လီတာအားဖြင့်…

  • ကသာ လေယာဥ်ဗုံးကြဲမှာ ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့အဖြစ်

    ကသာ လေယာဥ်ဗုံးကြဲမှာ ဆုံးပါးခဲ့ရတဲ့ သူငယ်ချင်း ၃ ယောက်ရဲ့အဖြစ်

    တကယ်စိတ်မကောင်းဘူး သူငယ်ချင်းတို့ရေ နောင်ဘဝတွေရှိရင် ဒီလိုအဖြစ်ဆိုးနဲ့မကြုံတွေ့ပါစေနဲ့ 😔 သတင်းကြားကြားချင်းရင်ထဲစို့နစ်နေအောင်ခံစားရပါတယ်😔 အမှတ်တရတွေ​ ခေါင်းထဲပေါ်လာပီး ငိုချမိတယ် လိမ်မာပီးဘုရားတရားသိတတ်တဲ့သူတွေမို့ ကောင်းရာ မွန်ရာဘဲရောက်မာပါ ဆုတောင်းပေးနေပါတယ်🙏 Khin Thiri May ကသာမြို့ လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သံဃာနှင့် စစ်ဘေးရှောင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် လေးထပ်ဘုန်းကြီးကျောင်းနှင့် ပန်းပဲကုန်းရပ်ကွက်တို့ကို ယနေ့ မတ်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော်များအပါအဝင် ပြည်သူအများအပြား ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။ ယနေ့နံနက်ပိုင်းတွင် ကသာမြို့၊ ခြေလျင်တပ်ရင်း ခလရ – ၃၀၉ နှင့် တော်လှန်ရေးအင်အားစု (PDF) များ…

  • မြောက်ဒဂုံ Terminal ဆီဆိုင်မီးလောင်

    မြောက်ဒဂုံ Terminal ဆီဆိုင်မီးလောင်

    ဆီတန်းစီ​နေတဲ့ကားအချို့ပါမီးထဲပါသွားပြီး ဒဏ်ရာရသူအချို့ရှိ ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၇/၈ လမ်းဆုံအနီးက Terminal ဆီဆိုင် မီးလောင်ခဲ့ပြီး ဆီတန်းစီနေတဲ့ ကားအချို့ပါ မီးထဲ ပါသွားပြီး ထိခိုက်ဒဏ်ရာရသူတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆီဆိုင်ပေါက်ကွဲတာ ဘယ်လောက်ပြင်းလဲ ဆိုရင် လမ်းဆုံ မီးပွိုင့်ကပါ ထိပြီး ပျက်စီးသွားတယ်”လို့ ဖြစ်စဥ်ကို တွေ့ရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးလောင်ရတဲ့ ဖြစ်စဥ် အသေးစိတ်ကို မသိရသေးပေမယ့် ဖြစ်စဥ်အနီးနားရှိနေသူတွေကတော့ ဆီဆိုင်အနီးရပ်ထားတဲ့ကားကနေ မီးလောင်မှုစခဲ့တာလို့ ဆိုပါတယ်။ “ရပ်ထားတဲ့ ကားကနေစလောင်တာတဲ့။ဆိုင်က ကားလား ဆီတန်းစီတဲ့ကားလားမသိဘူး။ဆီဆိုင်ဘေးနားက g & g စတိုးဆိုင်လဲအကုန် ကုန်တယ်။လူနာ တင်ကားတွေ နှစ်စီး၊သုံးစီးပဲ”လို့ မီးလောင်မှုဖြစ်စဥ်အနီးရောက်နေသူက ပြောပါတယ်။ ဆီဆိုင်တစ်ခုလုံးမီးလောင်မှုထဲ ပါသွားပြီး ဆီတန်စီထားတဲ့ အိမ်စီးကားနှစ်စီး နဲ့ တက္ကစီ တစ်စီးလည်း…

  • အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ဒရုန်းတွေက မြန်မာ ကုမ္ပဏီ တစ်ခုနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိနေ

    အီရန်ရဲ့ စစ်သုံးဒရုန်းတွေ တည်ဆောက်မှုဟာ မြန်မာနိုင်ငံက ကုမ္ပဏီ တစ်ခုနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း Conflict Armament Research (CAR)ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တစ်ခုက ညွှန်ပြနေပါတယ်။ အီရတ်-ဆီးရီးယား နယ်စပ်မှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှု တစ်ခုအပြီး သိမ်းဆည်းရမိတဲ့ ဒရုန်းအပျက်အစီးတွေထဲက မော်တာတစ်လုံးဟာ မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီ တစ်ခုနဲ့ ပတ်သက်နေတယ်လို့ CARက ဆိုပါတယ်။ ဒါဟာ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ၊ ပို့ကုန် ကန့်သတ်မှုတွေ အပြင်းအထန် ခံထားရတဲ့ နိုင်ငံနှစ်ခုကြားမှာ အပြန်အလှန် ကုန်သွယ် ဖလှယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို အတည်ပြုပေးခဲ့ကြောင်း CA Rက သုံးသပ်ခဲ့ပါတယ်။ အဲဒီ မော်တာကို ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ…

  • ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု အဆောက်အဦများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဆောက်အဦးများ မီးလောင်ပြာကျပြီး သံဃာတော်များ ထိခိုက်မှုရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆူးလေကုန်းရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း စာသင်ကျောင်းသည် ၅ ရက်ကျောင်းပိတ်ထားသည့် အတွက် ထိခိုက်မှုမရှိသော်လည်း ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော်များ ထိခိုက်မှုရှိကြောင်း သိရသည်။ “ဆူးလေကုန်းရွာက စာသင်ကျောင်းနဲ့…