Category: News
-

ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ
တော်လှန်ရေးကာလတလျှောက် တိုက်ပွဲငြိမ်သက်နေခဲ့သည့် ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်စမှာ တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်လာ နွေဦးတော်လှန်ရေးရဲ့ အစောပိုင်းကာလက တိုက်ပွဲဖြစ်ပွားခြင်း လုံး၀မရှိခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ BNI-Myanmar Peace Monitor ရဲ့ အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။ အထူးသဖြင့် အာရက္ခတပ်တော် AA ဟာ ဂွမြို့သိမ်းတိုက်ပွဲအပြီး ဧရာ၀တီတိုင်းနယ်စပ်အထိ ရောက်ရှိလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ နွေဦးတော်လှန်ရေးကာလတွေမှာ နိုင်ငံတစ်ဝန်း အငြိမ်သက်ဆုံးဖြစ်ခဲ့တဲ့ ဧရာ၀တီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ ၆ကြိမ်အထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲတွေဟာ သာပေါင်းမြို့နယ်၊ ရခိုင်ရိုးမအစပ်က ငါးသိုင်းချောင်းအနီးနဲ့ ကမ်းရိုးတမ်းဒေသ ငွေသောင်ယံနဲ့…
-

သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်
သပိတ်ကျင်းမြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်၊ ရွှေလုပ်ကွက်နေရာတွေ စစ်တပ်ကလေကြောင်းတိုက်ခိုက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေသလို ရွှေလုပ်ကွက်နေရာတွေကိုလည်း စစ်တပ်ကလေကြောင်းတိုက်တာတွေ ပြုလုပ်နေတယ်လို့ဒေသခံတွေဆီက ပြောပါတယ်။ ဇန်နဝါရီ ၂၂ ရက်က ချောင်းကြီးကျေးရွာအနီးက ရွှေလုပ်ကွက်ထဲကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူတစ်ဦးသေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်းကလည်း သပိတ်ကျင်းမြို့နယ်ထဲကနေရာကို စစ်တပ်ကထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ ဒီနေ့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်မှုတော့ မသိရသေးပါဘူး။ သပိတ်ကျင်းမြို့နယ်အတွင်း အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကို စစ်တပ်က မကြာခဏပြုလုပ်လေ့ရှိပြီး လူသေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။ လက်ရှိမှာ သပိတ်ကျင်းမြို့နယ်က တွင်းငယ်ကျေးရွာအနီးနဲ့ (၇)မိုင်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေရှိနေဆဲဖြစ်တာမို့ တော်လှန်ရေးတပ်တွေကို သက်ဆိုင်ရာက အင်တာဗျူးဖြေဆိုခွင့် ပိတ်ထားတယ်လို့လည်းသိရပါတယ်။ ၂၀၂၄ ဒီဇင်ဘာ၂ ရက် ညပိုင်းကလည်း သပိတ်ကျင်းမြို့နယ်က ချောင်းကြီးကျေးရွာကို…
-

ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် ကျောက်ဖြူရှိတပ်ရင်းများအားလုံးကို AA ဝိုင်းပိတ်ဆို့ထား
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ဓညဝတီရေတပ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်းများအားလုံးကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ်၊ မြို့အနီးရှိ အမှတ်(၃၂) ရဲတပ်ရင်း၊ တောင်မော်ကြီးရေတပ်ဌာနခွဲ၊ ကျောက်တလုံးဘုရားအနီးရှိ ခမရ (၅၄၂)၊ ဂုံးချွိန်ရွာအနီးရှိ ခမရ (၅၄၃)၊ ခလရ (၃၄) တို့ကို ပိတ်ဆို့ထားနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ “အာရက္ခတပ်တော်(AA)က စစ်ကောင်စီရဲ့တပ်တွေ ဓညဝတီရေတပ်ဌာနချုပ်ကိုရော၊ကျန်တဲ့တပ်ရင်း နှစ်ရင်းကိုရော ဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးပြီ။မနေ့ကတုန်းဆိုသစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းဌာနချုပ်ကနေလက်နက်ကြီးနဲ့ပစ်တယ်။လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ အာရက္ခတပ်တော်(AA)ဘက်က ကောင်တာပြန်ပစ်လို့ သူတို့လက်နက်ကြီးနေရာရွှေ့ရတယ်ဆိုတဲ့တပ်တွင်းသတင်းအရင်းအမြစ်တွေဆီကနေကျွန်တော်တို့ ချက်ချင်းရတယ်”ဟု ၎င်းက ပြောသည်။ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA) က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီး ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့)တွင် အာရက္ခတပ်တော်(AA) က သစ်ပုတ်တောင်လမ်းခွဲတွင်…
-

တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်
မင်းကင်းမြို့နယ်၊ သင်တောရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေး နေသော စစ်တပ်စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦး ထပ်မံ သေဆုံး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ သင်တော်ရွာအနီး တိုက်ပွဲတွင် တပ်ပျက်၍ ထွက်ပြေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ပျူစောထီးရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး စစ်ကြောင်းသည်…
-

မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံး
လက်ပံတန်းတွင် စစ်မှုထမ်းရမည့် လူငယ်များ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားပို့သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်မှုထမ်းရမည့် လူငယ်များ၏ စာရင်းကို ထွေ/အုပ်ရုံးသို့ သွားရောက်ပို့ဆောင်သည့် မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သန်းဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် သန်းဦးသည် ၄င်း၏ အပေါင်းအပါ ပျူစောထီး ၁ ဦး ၊ ရာအိမ်မှူး ၁…