Category: News
-

အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ
ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန် ယနေ့ နံနက်ပိုင်းတွင် ဘူဒိုဇာမြေကော်စက်များနှင့်…
-

အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊ PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ဖေဖော်ဝါရီ ၂၁ ရက်တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။ “ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ညနေ ၅နာရီကျော်တွင်ပြောသည်။ တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။ ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။ အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDFပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွားလေ့ရှိသော်လည်း ဖေဖော်ဝါရီ ၂၁ ရက်တွင် တနေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့်…
-

မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မင်းတုန်းမြို့နယ်၊ ကန်မနိုင်ကျေးရွာမှ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ ၊ ကပစ ၁၂ နှင့် ပျူစောထီးများ ပူးပေါင်းထားသော အင်အား ၇၀ ပါ စစ်ကြောင်းက မြောက်ပြင်ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ဝင်ရောက်တပ်စွဲခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော…
-

မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်
ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။ အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။ ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ…
-
ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ
ပုသိမ် ခလရ ၁၁ မှ ထွက်ပြေးသောတပ်ရင်းမှူးကို ထပ်မံထွက်ပြေးမည်စိုး၍ တိုက်ပွဲနှင့်ဝေးရာတွင် နေရာချထားရ ဂွ-ငါးသိုင်းချောင်းတိုက်ပွဲတွင် ထွက်ပြေးသည့် ခလရ ၁၁ ၏ တပ်ရင်းမှူးဖြစ်သူကို သာပေါင်းမြို့နယ် အထက်ခြမ်း ခွေးကုပ်ရွာအုပ်စု အနန်းကုန်းသို့ ပို့လွှတ်တာဝန်ပေးထားကြောင်း သိရသည်။ ခလရ ၁၁ တပ်ရင်းမှူးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ခန့်ပါဝင်သည့် စစ်သုံးဖောကားတစ်စီး နှင့် အတူ ဆိုင်ကယ် သုံးစီး၊ စစ်ကောင်စီတပ်သား ခြောက်ဦးတို့ဖြင့် အနန်းကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ညနေပိုင်းတွင် နောက်ထပ် အင်အား ၅၀ ခန့် ထပ်မံရောက်ရှိလာ၍ ဦးစီးကွပ်ကဲနေကြောင်း သိရသည်။ “ခွေးကုပ်အုပ်စုက ကြံ့ဖွံသိန်းထွန်းအပိုင်၊ အနန်းကုန်းကျေးရွာထဲကို အင်အား…