📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အောင်ဇေယျစစ်ကြောင်းအား ကော်ဘရာ၊ PDF ပူးပေါင်းတပ် တနေကုန်တိုက်ခိုက်

—

by

in

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား KNLA ၊ ကော်ဘရာ နှင့် PDFပူးပေါင်းစစ်ကြောင်းတို့က ဖေဖော်ဝါရီ ၂၁ ရက်​တွင်တနေကုန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

“ဒီနေ့တိုက်ပွဲဖြစ်တယ်။ မနက်ရော နေ့လည်ရော။ ခုတော့ ပြီးသွားပြီ”ဟု ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးတစ်ဦးက ညနေ ၅နာရီကျော်တွင်ပြောသည်။

တိုက်ပွဲအတွင်း အောင်ဇေယျစစ်ကြောင်းမှ စစ်သား ထိခိုက်သေဆုံးမှုရှိ၊မရှိကိုမူမသိရသေးပေ။

ဒေါနတောင်ပေါ်ရှိ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တို့က ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာ၊PDFပူးပေါင်းတပ်တို့ နေ့စဉ် ပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့မကြာခဏဖြစ်ပွား​လေ့ရှိသော်လည်း ​​ဖေ​ဖော်ဝါရီ ၂၁ ရက်တွင် တ​နေကုန်နီးပါးတိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကော်ဘရာပူးပေါင်းတပ်များသည် ပြီးခဲ့သည့်လပိုင်းကတည်းက အောင်ဇေယျစစ်ကြောင်းအား ခံစစ်အနေအထားမှ ထိုးစစ်ဖြင့် အပိုင်းလိုက်ပိတ်ဆို့ဖြတ်တောက်ထားခြင်း ဖြစ်သည်။

စစ်​ကြောင်းစထိုးသည့်ကာလမှ ​၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းအထိ့ ၉ လခန်းအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ ကျော်‌ သေဆုံးပြီး‌ လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ ကျော် ထပ်မံအင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက ပြောထားသည်။

အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးအလင်းဝင်သူ ပိုမိုများပြားလာကြောင်းလည်း ၎င်းက ​ပြောသည်။

၂၀၂၄ ဧပြီလမှစပြီး ၂၀၂၅ ​ဖေ​ဖော်ဝါရီလဆန်းပိုင်းအထိ လက်နက်ဖြင့် အလင်းဝင်လာတာ ၁၉ဦးရှိပြီး ဖမ်းမိသူ ၇ ဦးအပါအဝင် အောင်ဇေယျစစ်ကြောင်းမှ စုစု​ပေါင်း ၆၀ ဦးခန့် အထိ ရောက်ရှိနေသည်ဟု သိရသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောထားသည်။

မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံ​တော်အဆင့် “​အောင်​​ဇေယျစစ်ဆင်​​ရေး” ဟုအမည်​ပေး၍ တပ်မ(၅၅) ဦးဆောင်သော အင်အား ၁,၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် ​မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အ​ရောက်ချီတက်မည်ဟု ​ကြွေး​ကြော်ခဲ့​သော်လည်း ၁၀ လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။​သေဆုံးဒဏ်ရာရ​သော၊ထွက်​ပြေး​သော၊အလင်းဝင်​သောစစ်သားများ​နေရာတွင် အကြိမ်ကြိမ် စစ်ကူထပ်ဖြည့်​နေပြီး ယခု​နောက်ပိုင်း စစ်သားသစ်စု​ဆောင်းထား​သောသင်တန်းဆင်းစစ်သားများကိုအများဆုံးဖြည့်​နေ​ကြောင်းဗိုလ်မှူးဒါဘောက ပြောသည်။

စစ်ကောင်စီသည် အောင်ဇေယျစစ်ကြောင်းအား အင်အားဖြည့်တင်းရန်၊ ကော့ကရိတ်မြို့နယ်အား ထိန်းချုပ်နိုင်ရန်အတွက် ကော့ကရိတ် – ကျုံဒိုးလမ်းပိုင်းအား စစ်ကြောင်းထိုး လှုပ်ရှားမှုများပြုလုပ်နေသည်။

(​အောင်​ဇေယျစစ်​ကြောင်းကို ​ကော်ဘရာစစ်သည်​တော်များတိုက်ခိုက်​နေစဥ်။
ဓါတ်ပုံ-Cobra Column)

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်