Category: News

  • ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို  ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲ

    မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ (ရုပ်/သံ) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပု ပျူစောထီးရွာမှ ညောင်ဖြူပင် ရဲစခန်းသို့ ရိက္ခာပို့ လာသည့် စစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ပျုစောထီး ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Immortal Guerrilla Force – Monywa မှ တာဝန်ရှိသူက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် အင်အား ၂၅ ဦးပါ စစ်သားနှင့်ပျူစောထီးများပါဝင်သော စစ်ကြောင်းကို…

  • သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင်ကျော်သူ ပါဝင်သည့် “ခြေဆယ့်တစ်လှမ်း” ရုပ်ရှင် ရုံတင်ပြသခါနီးမှ ဖြုတ်ချခံရ

    သရုပ်ဆောင် အကယ်ဒမီကျော်သူ ပါဝင်သရုပ်ဆောင်ထားသည့်အတွက်ကြောင့်ဟုဆိုကာ “ခြေဆယ့်တစ်လှမ်း”ရုပ်ရှင် ရုံတင်ပြသခါနီးမှ ယနေ့ (ဇန်နဝါရီ ၂၂ရက်)တွင် ဖြုတ်ချခံလိုက်ရကြောင်း သိရသည်။ ယခုကဲ့သို့ ပြန်လည်ဖြုတ်ချခံရခြင်းမှာ သရုပ်ဆောင် အကယ်ဒမီ ကျော်သူပါဝင်နေသည့်အတွက်ဖြစ်ကာ တတိယနိုင်ငံရောက်ရှိနေကြသည့် အနုပညာရှင်များနှင့်ပတ်သက်၍ ရုပ်ရှင်ကားများ ပြသခွင့်မရှိကြောင်း ယခင်ကတည်းကပင် စစ်ကောင်စီမှ သတ်မှတ်ထားခဲ့သည်ဟု လက်ရှိ ရုပ်ရှင်လုပ်ငန်း လုပ်ကိုင်နေသူတဦးမှ ပြောသည်။ “သူတို့နဲ့ မသက်ဆိုင်တဲ့သူတွေ ပါခွင့်မရှိဘူး။ ခွင့်ပြုချက်မရှိတဲ့ ထွက်သွားတဲ့သူတွေရဲ့ ရုပ်ရှင်ကားတွေဆိုရင် တင်ခွင့်မရှိဘူး။ အဲ့ဒါပါပဲ” ဟု ၎င်းက ပြောသည်။ “အဓိက ကတော့ ဦးကျော်သူပါလို့ပါ၊ ရုပ်ရှင်အစည်းအရုံးက ခွင့်ပြုထားပေမယ့် အထက်က ခွင့်မပြုလို့ ပြသခါနီးမှ ဖြုတ်ချလိုက်ရတာပေါ့။ တတိယနိုင်ငံကို ရောက်နေတဲ့သူတွေနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေမှာ ခွင့်မပြုဘူးဆိုတာကတော့ သူတို့အရင်ကတည်းက သတ်မှတ်ထားတာပဲ။ ဒီကားကတော့ ဘယ်လိုနားလည်မှုလွဲပြီး တင်ခွင့်ရသွားတာလဲ…

  • စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ်

    နေပြည်တော်တွင် စစ်မှုထမ်းစာရင်းသို့ ထည့်သွင်းခံရသည့်အပေါ် မကျေနပ်၍ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးကို ဓားဖြင့်ခုတ် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ် (၅) ရပ်ကွက်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ရမည့်စာရင်းတွင် ပါဝင်နေသည့် အမျိုးသားတစ်ဦးမှ မကျေနပ်၍ အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ခုတ်ရာ ရာအိမ်မှူးမှဟန့်တားသဖြင့် ရာအိမ်မှူးခေါင်းကို ခုတ်မိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (-) တွင် တက်ရောက်ရန်အတွက် စာရင်းထည့်ခံထားရသူ ကိုသန့်ဇင်ဖြိုးဆိုသူမှ အုပ်ချုပ်ရေးမှူးနေအိမ်သို့ သွားရောက်၍ စာရင်းထဲပါဝင်သည်ကို မကျေနပ်ကြောင်းပြောဆိုရာ အုပ်ချုပ်ရေးမှူးနှင့် စကားများပြီး ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အုပ်ချုပ်ရေးမှူးက ရှောင်လိုက်ချိန် မှောက်လျက်လဲကျပြီး မခုတ်မိဘူး။ လဲကျတဲ့ဒဏ်ရာကြောင့် ဒူးပွန်းသွားတာ။ ဝင်လုံးတဲ့ ရာအိမ်မှူးက ခေါင်းကို အခုတ်ခံလိုက်ရတယ်။ အတွင်းလူနာနဲ့…

  • မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကို စစ်တပ်ကအင်အားဆက်တိုက်တိုးပြီးထိုးစစ်ဆင်ဖို့ပြင်

    မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်​ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်ဖို့အင်အားအများအပြားပို့ဆောင်​နေပါတယ်။ မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်နဲ့အတရုတ်ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံဘက်တွေကို အင်အားပို့ဆောင်​နေတယ်လို့ စုံစမ်းသိရပါတယ်။ ဒါ့အပြင် ကွန်ပျူတာတက္ကသိုလ်၊ကျောက်တံတား၊မတ္တရာမြို့တွင်းကို ဒီဇင်ဘာလနဲ့ဇန်နဝါရီလဆန်းတွေမှာ ရိက္ခာနဲ့အင်အားဖြည့်တင်းတာတွေဆက်တိုက်လုပ် ဆောင်ထားတယ်လို့​ဒေသခံ တချို့ဆီကသိရပါတယ်။ အထက်မြန်မာနိုင်ငံရဲ့မြို့​တော်ဖြစ်သလို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တည်ရှိရာမန္တ​လေးမြို့နဲ့ မတ္တရာမြို့ဟာ မိုင် ၂၀ ​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ်။ မန္တ​လေး PDF က ၁၀၂၇ ဒုတိယပိုင်း နဲ့ ရှမ်းမန်းစစ်ဆင်​ရေးအတွင်းမှာ စဥ့်ကူးတစ်မြို့နယ်လုံးကိုသိမ်းယူသလို ၊ မတ္တရာမြို့နယ်ထဲက ​လေ​ကြောင်းရန်ကာကွယ်​ရေးတပ် ၊ Alpha ဘိလပ်​မြေက စစ်တပ်စခန်း ၊ဆည်​တော်ကြီးရဲစခန်း ၊​ဖ​ယောင်​တောင် စစ်တပ်စခန်း ​တွေအပါအဝင် စစ်တပ်စခန်း​ပေါင်း ၄၀ ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားပါတယ် ။ မန္တ​လေး PDF သိမ်းပိုက်ထားတဲ့စခန်းအများစုဟာ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းက ဖြစ်ပါတယ် ။ “အဓိကက…

  • မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    မုံရွာမြို့ ၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်

    စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ထွက်လာသော စစ်ကားများကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ ကိုမိုးကြိုးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့ နမခ ဌာနချုပ်မှ ထွက်လာသော မိုးကာအုပ် ကား ၃ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်တွင် နမခ ဌာနချုပ်မှ…