Category: News
-

ခြံအမှတ် (၅၄) တတိယအကြိမ်လေလံပွဲ ဝယ်ယူသူမရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပါဝင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်) နံနက်ပိုင်းက တတိယအကြိမ် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများက ပြောသည်။ လေလံပွဲကို ခြံအမှတ် (၅၄) ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးနှုန်းကို ကမာရွတ်ခရိုင်တရားရုံးက သတ်မှတ်ပေးထားသည့် ကြမ်းခင်းဈေး ကျပ် ၂၉၇ ဘီလီယံဖြင့် လေလံပစ်ခဲ့ခြင်းဖြစ်သည်။ လေလံပွဲမအောင်မြင်သည့်ကိစ္စ မနက်ဖြန် (ဖေဖော်ဝါရီ ၆) တွင် လေလံအရာရှိက တရားရုံးတွင် အစီရင်ခံစာတင်သွင်းရန်ရှိကြောင်းလည်း တရားရုံးနှင့်နီးစပ်သူ တဦးက ပြောသည်။ အဆိုပါခြံကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လအတွင်းက လေလံကြမ်းခင်းဈေး ကျပ် ၃၁၅ ဘီလီယံ၊ ဩဂုတ်လအတွင်းက ကျပ် ၃၀၀ ဘီလီယံတို့ဖြင့်…
-
ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက်
မြောင်းမြတွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို လူတစ်စုက ၀ိုင်းရိုက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်တွင် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်ခံသည့် ကျွန်းထိပ်ရွာ အုပ်ချုပ်ရေးမှူး ဝင်းဦး၊ စာရေး သန်းနိုင်နှင့် နယ်ထိန်း ရဲကို တို့ကို အမည်မသိ လူတစ်စုက ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျွန်းထိပ်ကျေးရွာအတွင်း စစ်မှုထမ်းကြေး ကောက်ရာ၌ ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံတတ်သော အုပ်ချုပ်ရေးမှူး ဝင်းဦးသည် ဆိုင်ကယ်ဖြင့် ထောင့်ကြီး-မြောင်းမြ လမ်းအတိုင်း သွားလာနေစဉ် အမည်မသိ လူတစ်စုက ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အုပ်ချုပ်ရေးမှူး…
-

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး
စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းကြရန်နှင့် ပြဿနာ မဖြစ်ရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ သတိပေး စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကူညီရိုင်းပင်းရန်နှင့် ပြဿနာများ မဖြစ်ပွား စေရေး သတိပြုကြရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သတိပေးပြောဆိုလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၄ နှစ်မြောက်ကချင်တော်လှန်ရေးနေ့တွင် ၎င်းက လိုင်ဇာTV မှတစ်ဆင့် အထက်ပါအတိုင်း ပြောဆိုသတိပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်နိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်အဖွဲ့များအကြား ပြဿနာမဖြစ်ပွားစေရေးနှင့် အချင်းချင်း ကူညီရိုင်းပင်းရေး သတိပြုကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။ “လက်နက်ကိုင် တော်လှန်နေကြသူများ ခင်ဗျာ။ စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းနိုင်ဖို့က အဓိကဖြစ်ပါတယ်။…
-

သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက်
ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို AA နှင့်ပူးပေါင်းတပ်များ ထပ်မံသိမ်းပိုက် ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ထပ်မံသိမ်း ပိုကိနိုင်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိနှင့်တပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာရှိ စစ်ကောင်စီစခန်းတစ်ခုကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့တွင် AA နှင့်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ “ကျားခေါင်းက ဒေသအခေါ်ချောင်းဖျားလို့လည်းခေါ် ကြတယ်။ အဲဒီကနေ ငါးသိုင်းချောင်း ရေကြည် ဘက်ကို တက်လို့ရတယ်။ ဘောမိကနေ အဲဒီမှာဆက်ပြီးတိုက်ပွဲဖြစ်နေတာ။ ခုအဲဒီစခန်းကျ သွားပြီ”ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်သည်အများအပြား ထိခိုက် သေဆုံးမှု များပြီး ဒဏ်ရာရရှိသူများကို ပုသိမ်…
-
စစ်သားသစ်စုဆောင်းမှုနောက်ကွယ်မှ ပြန်ပေးဂိုဏ်းများ
မြို့ပေါ်မှလူမိုက်ဂိုဏ်းများသည် လူငယ်တို့ကိုပြန်ပေးဆွဲပြီးနောက် မိသားစုဝင်များထံ ငွေညှစ်ကြသည်။ ငွေပေးနိုင်သူများပြန်လွတ်သော်လည်း မပေးနိုင်သူများကို စစ်တပ်ထံတပ်သားသစ်အဖြစ်အပ်နှံခဲ့သည်။ ဇန်နဝါရီလလယ် နံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့စွန် ရွှေပေါက်ကံမြို့သစ်အဝင်လမ်းပေါ်ရှိ မော်ကျွန်းကျောင်းမှ သံဃာတော်များ တန်းဆွမ်းခံထွက်လာရာ ဘုန်းကြီးကျောင်းသားနှစ်ယောက် ‘ဘွန္တော’ အော်၊ ကြေးစည်ထုရင်း ရှေ့မှ ကြိုထွက်သွားကြသည်။ တန်းဆွမ်းခံထွက်လာသည့်သံဃာများ မိနစ်ပိုင်းအတွင်း ရောက်လာတော့မည့်ဖြစ်ကြောင်း ထိုသို့ အချက်ပြရသည့် အသက် ၁၇ နှစ်ဝန်းကျင် လူငယ်နှစ်ဦးမှာ ရွှေပေါက်ကံ စက်မှုဇုန်ထဲ အရောက်တွင် ပျောက်ချင်းမလှ ပျောက်သွားခဲ့သည်။ ထိုသို့ ပျောက်ဆုံးကြောင်း သံဃာများ သတိထားမိပြီး မိနစ်ပိုင်းအကြာတွင် သူတို့ကိုင်ဆောင်ခဲ့သည့် ကြေးစည်နှင့် ကြေးစည်ရိုက်တံကို ရွှေပေါက်ကံစက်မှုဇုန်နှင့်ကပ်လျက် ဇေကမ္ဘာစက်မှုဇုန်ဟု ခေါ်ကြသည့်နေရာအနီး ကင်းတဲတစ်ခုတွင် တွေ့လိုက်ရသည်။ အမျိုးသားတချို့က လူငယ်နှစ်ဦးကို ကားပေါ်တင်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံတချို့က မြင်လိုက်ရသည်ဟု အဆိုပါအခြေအနေကိုသိသည့် ရွှေပေါက်ကံမြို့ခံတစ်ဦးက…