Category: News

  • TNLA နှင့် MNDAA  ပဋိပက္ခ လက်ရှိ အခြေအနေ

    TNLA နှင့် MNDAA ပဋိပက္ခ လက်ရှိ အခြေအနေ

    ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်နေ၊ နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းသို့ MNDAA တပ်များ က ဆက်လက် ထိုးစစ်ဆင်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များက က ဆုတ်ခွာသွားပြီး MNDAA က နယ်မြေရှင်းလင်း ရေးလုပ်ဆောင်နေကြောင်း MNDAA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့်ပတ်ဝန်းကျင်တစ်ခုလုံးမှ TNLA တပ်များအားလုံးက ဆုတ်ခွာသွားကြောင်း၊ ယင်းနေရာများကို MNDAA က ဝင်ရောက်နေရာယူထားပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “ကွတ်ခိုင်တစ်ကြောကတော့ ရှင်းသွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ပုံစံမျိုးပဲရှိတယ်။ အခုက MNDAA တပ်တွေက နမ့်ဖတ်ကာကနေ နမ့်ခမ်းသွားတဲ့လမ်းမှာတော့ ထိတွေ့ဆက်ဖြစ်နေတယ်။ နမ့်ခမ်းဘက်ကိုတော့ ထိုးစစ်ဆင်နေတယ်။ နမ့်ခမ်းမြို့အထိ သွားမလား၊…

  • ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    ဧပြီ ၁ မှစ၍ EV ယာဉ်များ အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်

    လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်သုံးယာဉ်များ (EV) အပေါ် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ ဥပဒေကို မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်မည်ဖြစ်သည်။ ဥပဒေအရ ဘက်ထရီလျှပ်စစ်သုံး လူစီးယာဉ်များအတွက် အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ပြီး လောင်စာဆီသုံး ယာဉ်များအတွက်လည်း အင်ဂျင်စွမ်းအားအလိုက် အခွန်နှုန်းထားများ သတ်မှတ်ထားသည်။ အင်ဂျင်စွမ်းအား ၁၅၀၁ စီစီမှ ၂၀၀၀ စီစီအထိရှိသော ဗင်ကားများ၊ ဆလွန်းဆီဒင်ကားများနှင့် ဝက်ဂွန်ကားများကို အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ပြီး ၂၀၀၁…

  • “ဆင်လေး ဖားလိုင်းနား ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း”

    “ဆင်လေး ဖားလိုင်းနား ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း”

    ကရင်ပြည်နယ်ရဲ့ တောတောင်တွေကြားကနေ ကျောက်ဆည်မြို့လေးဆီ သူ ရောက်လာခဲ့တာ တစ်လပဲ ရှိပါသေးတယ်။ အသက် ၃၅ နှစ်၊ အရပ် ၉ ပေ ၅ လက်မနဲ့ ခန့်ညားလှတဲ့ “ဖားလိူင်းနား”။ သူ့ရဲ့ မျက်လုံးတစ်ဖက်က မကောင်းဘူးဆိုပေမဲ့၊ ရွှေဇမ္ဗူအောင် ဆင်အဖွဲ့ထဲမှာတော့ သူက အချောဆုံး၊ အလှဆုံးနဲ့ အလိမ္မာဆုံးပါပဲ။ သိန်း ၁၇၀၀ ကျော် အကုန်အကျခံပြီး ပိုင်ဆိုင်ထားရတဲ့ ဒီရတနာလေးဟာ ဆင်ဦးစီးအတွက်တော့ ငွေကြေးထက်မကတဲ့ မိသားစုဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ “ကျွန်တော်တို့အတွက်ကတော့ အဖေ၊ အမေပြီးရင် ဆင်ပဲ။ ချစ်သူရည်းစားဆိုတာတောင် သူ့လောက် မနီးစပ်နိုင်ဘူး” လို့ ဆင်ဦးစီးကပြောပြပါတယ်။ ဖားလိူင်းနားက တခြားဆင်တွေနဲ့ မတူပါဘူး။ သူက သူ့ဦးစီးကိုပဲ အသက်ထက်မက ချစ်တာ။ လွှတ်ပေးထားရင်တောင် အဝေးမသွားဘူး၊ ဦးစီးသွားတဲ့နောက်ကို…

  • လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်မှာ မတ်လ၁၂ရက်နေ့က PDF တပ်ရင်းမှု ၁ ဦးကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဆိုပါPDFတပ်ရင်းမှုးကိုစစ်တပ်ကအုတ်ဖိုစစ်ကြောရေးမှာဖမ်းဆီးထားပြီးနောက် မျက်လုံး၂လုံးလုံးကိုဖောက်ထုတ်လိုက်တယ်လို့ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။ ဖြစ်စဉ်မှာ အဆိုပါPDFတပ်ရင်းမှုးဟာ လက်ပံတန်းမြို့ပေါ်က ‘စပိုင်စီ’ စားသောက်ဆိုင်မှာ အမျိုးသမီး၂ဦးကိုသွားရောက်တွေ့ဆုံစဉ်မှာ စစ်တပ်ဖက်ကသိရှိပြီးဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီး၂ဦးမှာလဲ စစ်တပ်ဖက်ကလွှတ်ထားတဲ့သူတွေဖြစ်ပြီး PDFတပ်ရင်းမှုးကိုဖမ်းဆီးဖို့ “ငါးစာချထာ” ဟု သတင်းအရင်အမြစ်ကဆက်ပြောပြပါတယ်။ ဖမ်းဆီခံရတဲ့ ‘စပိုင်စီ’ စားသောက်ဆိုင်ဟာလဲ စစ်တပ်ဖက်ကဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီး ဒေသခံတွေတောင် အဆိုပါဆိုင်မှာထိုင်ရင်း အဓမ္မစစ်မှုထမ်းနဲ့ဖမ်းဆီးခံရတာတွေရှိတာကြောင့် မသွားကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ တပ်ရင်းမှုနဲ့အတူ ပစ္စတို ၁ လက်၊ ဗုံးသီး ၃ လုံး၊ ကျည် ၇ တောင့်လည်းပါသွားတယ်လို့သိရပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကတော့ အဆိုပါကိစ္စနဲ့ပါတ်စက်ပြီး AAMIJရဲ့မေးမြန်းမှုကိုဖြေးကြားဖို့မရှိသေးကြောင်း အကြောင်းပြန်လာပါတယ်။ (ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်နေစဉ်။…

  • တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။ ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ (မတ်လ ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောသည်။ တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို…