Category: News

  • လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေ

    မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ဗိုလ်မှူးကြီး ကျော်စွာမြင့် အမိန့်ဖြင့် စစ်တပ်က အတင်း အဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် မထွက်သွားလျှင် ပစ်ခတ်မည်ဟု ခြိမ်းခြောက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက်နှင့် သာယာအေး ရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို ကျူးကျော်ဟုဆိုကာ ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် အမိန့်ဖြင့် အကြမ်း ဖက် စစ်တပ်က အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြီး အသာတကြည် ထွက်ခွာခြင်း မရှိလျှင် ပစ်ခတ်မည်ဟု ပြည်သူများကို ခြိမ်းခြောက်ပြောဆိုလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်ရှိ နေအိမ် ၅၀၀ ခန့်ကို စစ်တပ်က ဇန်နဝါရီလ…

  • စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

    စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

    မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ “သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့…

  • မြဝတီကျားဖြန့်စစ်ဆင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်ရောက်နေ

    မြဝတီကျားဖြန့်စစ်ဆင်ရေးအတွက် စစ်ကောင်စီနှင့်ဆွေးနွေးရန် ထိုင်းကြည်းတပ်အဆင့်မြင့်အရာရှိ နေပြည်တော်ရောက်နေ

    နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးနှင့်ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် ထိုင်းကြည်းတပ် အဆင့်မြင့်အရာရှိ နေပြည်တော်သို့ရောက်ရှိနေပြီး စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ယနေ့(ဇန်နဝါရီ ၂၁) တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ကြေညာသည်။ ထိုင်းကြည်းတပ်စစ်ဆင်ရေးဌာန၊ အိမ်နီးချင်းနိုင်ငံများနှင့်ညှိနှိုင်းရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး Direk Bongkarn သည် ဒုစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့စဉ် နယ်စပ်လူကုန်ကူးဂိုဏ်းများနှင့် ကျားဖြန့်ဂိုဏ်းများ နှိမ်နှင်းရေးအတွက် စစ်တပ်နှစ်ခုအကြားပူးပေါင်းနိုင်မည့် နည်းလမ်းများကိုဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီသတင်းကဆိုသည်။ သို့သော်စစ်ဆင်ရေးအသေးစိတ်အချက်အလက်များအပါအဝင် မည်သည်သဘောတူညီချက်များ ရရှိခဲ့သည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ ပြီးခဲ့သည့်သတင်းပတ်များအတွင်းက တရုတ်သရုပ်ဆောင်တစ်ဦး ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်မှ လူကုန်ကူးဂိုဏ်းများကို နှိမ်နှင်းရန် တရုတ်အစိုးရက စစ်ကောင်စီနှင့်ထိုင်းအစိုးရတို့ကို ဖိအားပေးခဲ့သည်။ လွန်ခဲ့သည့်သတင်းပတ်အတွင်းကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို အမြစ်ဖြတ်မည်ဟု တရုတ်အစိုးရက ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ စစ်ကောင်စီကလည်း ကရင်ပြည်နယ် မြဝတီရှိ ရွှေကုက္ကိုလ်နှင့်…

  • စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်သံ)

    ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်းတွင် စစ်တပ်က လက်နက်ခဲယမ်းများစုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ၏ ဒရုန်း ၂ စီး အပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီး တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဆိပ်ကမ်း၌ လက်နက်ခဲယမ်းများ စုပုံထားစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒရုန်း ၂ စီးအပါအဝင် လက်နက်ခဲယမ်းများ မီးလောင်ပေါက်ကွဲပျက်စီးခဲ့ကြောင်း ဗထူးတပ်မတော် -BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီက ရေဖြူမြို့နယ် ၊ နဘုလယ်ရေနက်ဆိပ်ကမ်းအနီး ပင်လယ်ပြင်ရှိ စစ်သင်္ဘောမှ နဘုယ်လယ်ရေနက်ဆိပ်ခန်းရှိ အကြမ်းဖက်အခြေစိုက် တပ်စခန်းသို့ လက်နက်ခဲယမ်းများ ဖြည့်တင်းရန် ရေလမ်းကြောင်း မှတဆင့် Multi – Drone ၂ စီး…

  • AA က ပိုင်မှ ပြောတာ၊ မပိုင်ဘဲနဲ့ ပြောလေ့မရှိဘူး ဟု CDM ဗိုလ်ကြီး ဇင်ယော် ဆို

    အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ…