Category: News
-

တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF တွေတိုက်ခိုက်
တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးက ပြောပါတယ်။ ဇန်နဝါရီလ (၁၃)ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တောင်သာမြို့၊ အထက ၁ ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ “အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ ဒဏ်ရာရတွေလည်းရှိတယ်။ သူတို့အလစ် အငိုက်တိုက်ခံရတာ”လို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှူးကပြောပါတယ်။ သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။ အထက(၁)မှာ စစ်သား ၄၀ ကျော်လောက် တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊ မြို့ဝင်ဂိတ်တွေနဲ့ ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။ တော်လှန်ရေးတပ်တွေဝင်တိုက်စဥ် တခြားနေရာတွေကို စစ်သားတွေက လုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁ ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်ပြောပါတယ်။ စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃)…
-

စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုံးနှင့် အင်္ဂါစဉ်များကို သတ်မှတ်၍ ယန္တရားနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း စစ်တွေမြို့တွင်ပင် ရုံးထိုင်၍ နပခ လုပ်ငန်းစဉ်များကို…
-

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များကို အသိမပေး
မရမ်းကုန်း သမိုင်းမြို့သစ် ၁ ရပ်ကွက်မှ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များကို အသိမပေး ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုစောင်းခံရသော အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲအတွင်း သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များ အသိမပေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဧပြီလပိုင်းတွင် မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အသက်…
-

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း
၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြသဖို့ရှိနေတဲ့ Fight Delta Fight ရုပ်ရှင်ကို ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ ၅နိုင်ငံမှာ ပြသခဲ့ပြီး သိန်း ၄၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ ရရှိငွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန (ဧရာဝတီ) တာဝန်ခံ ရဲဘော်ကောင်းကျော်ထံ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ မင်းလက်ရာ ရိုက်ကူးထားပြီး မျက်နှာသစ် တော်လှန်လူငယ် အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို ဧရာဝတီတိုင်းက တော်လှန်ရဲဘော်တွေကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။…
-

တောင်ခမ်းကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၆၀ ခန့်သေဆုံး
တောင်ခမ်းကိုစစ်ကူပေးရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၆၀ ခန့်သေဆုံး ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်သို့ လာရောက် စစ်ကူပေးသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း သိရသည်။ တောင်ခမ်း အမြောက်တပ် အမတ ၃၄၉ ဘက်သို့ တော်လှန်ရေးတပ်ဖွဲ့များ မကပ်ရောက်နိုင်စေရေးအတွက် ကျောက်ဂူဘက်မှ ကာပစ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မှ ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့်သေဆုံးသွားကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။ “ပို့လိုက်တဲ့ စစ်ကူစစ်ကြောင်း ကြားဖြတ်တိုက်ခံရတာ ၆၀ လောက်သေတယ်။ တိုက်ပွဲက ရှမ်းတောင် ဘက်ပါ ရောက်လာတဲ့ အနေအထားဖြစ်နေတယ်”ဟု တပ်သတင်းရင်းမြစ်က…